မင်္ဂလာပွဲမတိုင်ခင် မျက်တောင်လေးတွေလှစေဖို့

မင်္ဂလာပွဲမတိုင်ခင် မျက်တောင်လေးတွေလှစေဖို့ google

မင်္ဂလာပွဲနေ့ မတိုင်ခင် မျက်တောင်လေးတွေကို အထူးဂရုစိုက်သင့်ပါတယ်။ မျက်တောင်လေးတွေ ကော့ညွတ်ပြီးထူထဲနေရင်

မိန်းကလေးတစ်ယောက်ဟာတကယ်ကို ဆွဲဆောင်မှုရှိပါတယ်။  သဘာဝအတိုင်း မျက်တောင်ကိုထူထဲစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေကိုမင်္ဂလာပွဲ မတိုင်ခင် နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်တောင်လေးတွေကို ကော့ပြီးလှနေမှာပါ။ မျက်တောင်းပါးတဲ့ သူတွေလဲ လုပ်လို့ ရပါတယ်။

 

ဗီတာမင် E

 

ကြက်ဆူဆီ၊ ရှားစောင်းလက်ပပ်အနှစ်၊ ဗီတာမင် E အဆီ ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး ညအိပ်ရာဝင်ခါနီးတိုင်း Mascara အတံ(သန့်စင်ပြီး) လေးနဲ့ မျက်တောင်ပေါ်မှာလိမ်းပြီး ကော့ပေးပြီး အိပ်လိုက်ရုံပါပဲ။ မနက်ကျမှ ဆေးပေးရမှာပါ။

 

လက်ဖက်စိမ်း

 

လက်ဖက်စိမ်းဟာ မျက်တောင်တွေကို ရှည်လျားကော့ညွတ်စေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။ ဂွမ်းစလေးနဲ့ တို့တို့ပြီး မျက်တောင်ပေါ်လိမ်းပေးခင်းဖြင့် ရှည်လျားကော့ညွတ်တဲ့ မျက်တောင်တွေကို ပိုင်ဆိုင်ရမှာပါ။ လက်ဖက်စိမ်း လက်ဖက်ခြောက်ထုပ်လေးတွေကိုလည်း အသုံးပြုပေးနိုင်ပါတယ်။

 

သံလွင်ဆီနဲ့ သံပုယိုရည်

 

သံလွင်ဆီ ၄ဆ၊ သံပုယိုရည် ၁ဆတို့ကိုရောစပ်လိုက်ပါ။ ရလာတဲ့အရည်ကို မျက်တောင်ပေါ်မှာလိမ်းပေးခြင်းဖြင့် ရှည်လျားကော့ညွတ်တဲ့ မျက်တောင်ကို ရရှိမှာပါ။

 

 

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:13
Rate this item
(1 Vote)