မိတ်ကပ် Foundation ကိုဘယ်လိုရွေးချယ်ရမလဲ

မိတ်ကပ် Foundation ကိုဘယ်လိုရွေးချယ်ရမလဲ Google

ဒီနေ့ ပြောပြပေးမှာကတော့ မိတ်ကပ် foundation ကိုဘယ်လိုရွေးချယ်လို့ ရမလဲဆိုတာပြောပြပေးပါမယ်။

မိတ်ကပ် foundation ရွေးချယ်တဲ့အခါမှာ အချို့ကတော့ တည့်ကြတယ်။ အဆီမပြန်ဘူး၊ အချို့မိတ်ကပ် ပစ္စည်းလေးတွေကတော့ ပြာလာတယ်။ အချို့ပစ္စည်းတွေက တာရှည်မခံကြဘူးဆိုပြီး review အကောင်းအဆိုးတွေဖတ်နေရပါတယ်။ ဆိုတော့ ဒီတစ်ခေါက်မျှဝေပေးချင်တာက foundation တွေက အရင်ကတော့ တစ်မျိုးသာရှိပေမဲ့ အခု အသားအရေအလိုက်၊ အခြေအနေအချိန်အခါအလိုက် အမျိုးအမျိုး ခွဲထုတ်ထားတာလေးကို မျှဝေပေးပါမယ်နော် ။ ကိုယ်နဲ့ တည့်ပြီး  ကောင်းပေမဲ့ အခြားသူတွေနဲ့ တည့်ချင်မှ တည့်တာမျိုးဖြစ်တတ်လို့ပါ။ ပြီးတော့ ကိုယ်စိတ်တိုင်းကျ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်နဲ့ ၀ယ်တဲ့သူတွေ ပိုများစေချင်တဲ့သဘောပါ။

 

 

 

Related image

 

 

အဆီပြန်တဲ့အသားအရေဆိုရင် oil-free, oil control, mattifying စတဲ့စာသားပါတဲ့ အမျိုးအစားကိုရွေးနိုင်ပါတယ်။အသားခြောက်တတ်သူတွေကတော့ Hydrating, moisture-rich စတာအပြင် ပါဝင်ပစ္စည်းအနေနဲ့ glycerin glide ကိုရှာကြည့်ဖို့လိုပါတယ်။ ပေါင်းစပ်အသားအရေကတော့ cream to powder ကြားမှာရွေးချယ်နိုင်ပါတယ်။ အဆီထွက်နှုန်းမြင့်ရင်တော့ cream ကိုရှောင်ရပါမယ်။ Mineral foundation ကတော့ အားလုံးနဲ့ သူတည့်ပါတယ်။သက်လတ်ပိုင်းနဲ့ အရေးကြောင်းရှိသူတွေကတော့ သီးသန့်ထုတ်ထားတဲ့ အမျိုးအစားတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပန်းရောင်ဖောက်နဲ့ အ၀ါဖောက်တွေမှာတော့ အသားအရမ်းဖြူတဲ့အခါ ပန်းရောင်က အဆင်ပြေပြီး အ၀ါဖောက်ကတော့ အားလုံးနဲ့ အဆင်ပြေကြပါတယ်။ spf ပါတဲ့ foundation တွေရှိပေမဲ့ 40 လောက်မှ အကျိုးရှိတာဖြစ်လို့ နည်းနေရင်လည်းဝယ်လိုက်ပါ။ sun cream သီးသန့်သုံးပါလို့ အကြံပြုချင်ပါတယ်။

 

 

Author : NLP

 

 

Myanmar Wedding Guide 

Read times Last modified on Wednesday, 26 June 2019 14:10
Rate this item
(0 votes)