Dry Skin များအတွက် အိမ်တွင်း Scrub လုပ်နည်း

Dry Skin များအတွက် အိမ်တွင်း Scrub လုပ်နည်း google

ဒီတစ်ခေါက်တော့ အသားအရေ ခြောက်သူများအတွက် အိမ်မှာဘဲ scrab လုပ်နိုင်မဲ့ နည်းလမ်းလေးကိုပြောပြပေးမယ်နော်။

 


Instant Fairness

 

almond powder

 


သူ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ Almond Powder ၁ ဇွန်း နဲ့ Milk Cream တို့ဘဲဖြစ်ပါတယ်။


နှစ်ခုကိုရောပြီး မျက်နှာအနှံ့ ၃ မိနစ်လောက် scrub လုပ်ပေးပြီး ၅ မိနစ် မှ ၁၀ မိနစ်ထိထားပြီးပါက ရိုးရိုးရေ နဲ့ဘဲ မျက်နှာသစ်လိုက်ပါ။


အသားအရေ အရမ်းခြောက်တဲ့သူဆိုရင်တော့ တစ်ပါတ်ကို ၃ ကြိမ်လောက်ပြု လုပ်ပေးနိုင်ပါတယ်။


အသားအရေ သိပ်မခြောက်ရင်တော့တစ်ပါတ်ကို တစ်ကြိမ်လောက်ပြုလုပ်ပေးနိုင်ပါတယ်။

 

 



Smooth & Baby Soft Skin

 

rice flour

 


လိုအပ်တဲ့ ပစ္စည်းတွေကတော့ Rice Flour ၁ ဇွန်း နဲ့ Milk ၂ ဇွန်း တို့ဘဲဖြစ်ပါတယ်။


နှစ်မျိုးလုံးကိုရောပြီး မျက်နှာ အနှံ့ ၃ မိနစ်လောက် scrub လုပ်ပြီး ၃ မိနစ် မှ ၅ မိနစ် အထိထားပြီး ရိုးရိုးရေဖြင့် မျက်နှာသစ်ပေးပါ။


တစ်ပါတ်ကို ၂ကြိမ်လောက်ပြုလုပ်ပေး နိုင်ပါတယ်။

 

 

 

Glowing and Clear Skin

 

oats

 


ဒီ scrub အတွက်လိုအပ်တာတွေကတော့ Oats ၁ ဇွန်း ၊ Milk ၁ ဇွန်း ၊ ပျားရည် ၁ ဇွန်း တို့ဖြစ်ပါတယ်။


ပါဝင်ပစ္စည်း သုံးမျိုးလုံးကိုရောပြီး ၅ မိနစ်လောက် scrub လုပ်ပြီး ၁၀ မိနစ်လောက်ထားပြီး ရိုးရိုးရေဖြင့်မျက်နှာသစ်ပါ။


တစ်ပါတ်ကို ၂ ကြိမ် မှ ၃ ကြိမ် အထိပြုလုပ်ပေးနိုင်ပါတယ်။

 

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(1 Vote)
Tagged under