ကောင်းခြင်းပြည့်ဝတဲ့ဆံကေသာအလှတရားအတွက် အိမ်တွင်းကုထုံးများ

ကောင်းခြင်းပြည့်ဝတဲ့ဆံကေသာအလှတရားအတွက် အိမ်တွင်းကုထုံးများ google

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ပျက်စီးနေတဲ့ဆံကေသာတွေကိုကုသဖို့အိမ်တွင်းကုထုံးလေးတွေကို ဝေမျှပေးချင်ပါတယ်နော်။

 

ကြက်သွန်နီ+သံလွင်ဆီ

 

ဆံပင်ကျွတ်တတ်တဲ့ချစ်တို့အတွက်လိုအပ်တာကတော့ အိမ်တိုင်းမှာအမြဲရှိတဲ့ကြက်သွန်နီပါပဲနော်။ကြက်သွန်နီတစ်လုံးကို အခွံခွာပြီးကျိတ်ချေပါ။

 

ရရှိလာတဲ့ ကြက်သွန်နီအရည်ကိုသံလွင်ဆီနှင့်ဆတူရောကာ ဆံသားနဲ့ဦးရေပြားအနှံ့လိမ်းပေးပါ။

 

တစ်နာရီလောက် ပေါင်းထားပေးပြီးပြီဆိုရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့လျှော်ချပေးလိုက်ရုံပါပဲနော်။

 

တစ်ပတ်တစ်ခါလောက်ပုံမှန်ပြုလုပ်ပေမယ်ဆို ဆံပင်ကျွတ်ခြင်းသက်သာလာတာကိုတွေ့ရမှာပါနော်။

 

ကြက်ဥ+အုန်းဆီ

 

ဆံသားနီပြီးခြောက်သွေ့ပျက်စီးနေတဲ့ချစ်တို့အဓိကအသုံးပြုရမှာကတော့ အုန်းဆီပဲဖြစ်ပါတယ်နော်။အရင်ဆုံးသဘာဝအုန်းဆီစစ်စစ်ကို၃မိနစ်လောက်အပူပေးပါ။

 

ခဏလောက်အအေးခံပြီးပြီဆိုရင်တော့ ကြက်ဥတစ်လုံးကိုထည့်ကာ ခေါက်ပေးပါ။ဆံကေသာနဲ့ဦးရေပြားကိုနှံ့အောင်လိမ်းပေးပြီး တစ်နာရီလောက်ပေါင်းထားပါ။

 

ပြီးပြီဆိုရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့လျှော်ချပေးလိုက်ရုံပါပဲနော်။

 

တစ်ပတ်တစ်ခါလောက်ပုံမှန်ပြုလုပ်ပေးမယ်ဆို နီနေတဲ့ဆံသားတွေတဖြည်းဖြည်းကျန်းမာသန်းစွမ်းလာတာကိုတွေ့မြင်ရမှာနော်။

 

သံပုရာသီး+သံလွင်ဆီ

 

ဗောက်ထပြီးဦးရေပြားအဆီပြန်တတ်တဲ့ ချစ်တို့အနေနဲ့သံပုရာသီးကိုအဓိကသုံးပေးရပါမယ်နော်။သံလွသင်ဆီကို၃မိနစ်လောက်အပူပေးပြီးပြီးဆိုရင်

 

သံပုရာရည်နဲ့ဆတူရောကာ ဦးရေပြားအနှံ့လိမ်းပေးပြီးနှိပ်နယ်ပေးပါနော်။၁၅မိနစ်ကနေ၃၀မိနစ်လောက်ထိထားပြီးပြီဆိုရင်တော့ ခေါင်းလျှော်ချပေးလိုက်ရုံပါပဲနော်။

 

အဓိကတစ်ချက်အနေနဲ့ချစ်တို့လုံးဝမေ့လို့မဖြစ်တာက ခေါင်းလျှော်ပြီးတိုင်း Conditioner (ပျော့ဆေး)သုံးပေးဖို့မမေ့ပါနဲံနော်။

 

ကဲ အားလုံးပဲအတူတူလှကြရအောင်ပါနော်။

 

 

 

 


 

ကြက်သွန်နီ+သံလွင်ဆီ

 


 


 


 


 

ooo

 

ကြက်ဥ+အုန်းဆီ

 


 


 


 


 


 

conut

 

သံပုရာသီး+သံလွင်ဆီ

 


 


 


 


 


 

conut1

 

Myanmar Wedding Guide

jjjj

Read times Last modified on Wednesday, 04 March 2020 16:49
Rate this item
(0 votes)
Tagged under