မင်္ဂလာပွဲနေ့မှာ Glow make up lookလေးရဖို့ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ

မင်္ဂလာပွဲနေ့မှာ Glow make up lookလေးရဖို့ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ google

အခု ခေတ်က Glow ခေတ်လို့ပြောရမလိုပါပဲ မိတ်ကပ်ပါးပါးကြည်ကြည်နဲ့ ပြောင်ပြောင်လေးတွေခေတ်စားနေတာဆိုတော့

 

 

သတို့သမီးလေးတွေကလည်း မင်္ဂလာပွဲနေ့မှာ glow make up look လေးရချင်ကြတာတွေ့ရပါတယ်။ တကယ်တော့ glow မိတ်ကပ်လေးဖြစ်ဖို့ဆိုတာ

 

 

မိတ်ကပ်ဆရာကောင်းဖို့လိုတယ်ဆိုပေမယ့် အဓိကအရေးကြီးဆုံးကတော့ သတို့သမီးလောင်းလေးရဲ့

 

 

အသားအရေပါ။အသားဖြူတာညိုတာနဲ့မဆိုင်ပါဘူး။ဖြူတဲ့သူဖြစ်ဖြစ်ညိုတဲ့သူဖြစ်ဖြစ်သတို့သမီးလေးရဲ့ပင်ကိုယ်အသားအရေလေးကောင်းနေဖို့က

 

 

အရေးကြီးဆုံးမို့ ပွဲနေ့မှာ Glow make up လေးရဖို့ဆိုရင် 70% က သတို့သမီးလေးမှာတာဝန်ရှိပြီ း 30% ကတော့မိတ်ကပ်ဆရာမှာတာဝန်ရှိပါတယ်။

 

 

အဲ့တော့ မင်္ဂလာပွဲနေ့မှာ ပါးပါးကြည်ကြည်မိတ်ကပ်လေးရဖို့ ပြင်ဆင်ထားရမယ့်အချက်လေးတွေကိုပြောပြချင်ပါတယ်ရှင့်။

 

 

*မိတ်ကပ်ဆရာကိုပဲအားမကိုးပါနဲ့။

 

 

တချို့မိတ်ကပ်နဲ့အလှမ်းဝေးတဲ့သတို့သမီးလေးတွေက မိတ်ကပ်သည်အရာရာကိုဖုံးပေးနိုင်တယ် ကိုယ်ဘာ skin problemပဲရှိရှိ

 

 

မိတ်ကပ်ဆရာ တော်ရင် အရမ်းလှသွားမယ်လို့ထင်ပြီး အသားအရေကို ပစ်ထားတတ်ပါတယ်။

 

 

စာရေးသူကိုယ်တိုင်လည်း skin careအကြောင်းမလေ့လာခင်ကအထိမိတ်ကပ်ဆရာကိုပဲအားကိုးခဲ့ပြီး ကိုယ်လိုချင်တဲ့lookမရရင်စိတ်တိုခဲ့ဖူးပါတယ်။

 

 

အခုနောက်ပိုင်းမှသိလာတာ ဘယ်လောက်တော်တဲ့ မိတ်ကပ်ဆရာဖြစ်ပါစေ ဝက်ခြံ ၊ အဆီဖု ၊ ဆားဝက်ခြံ ၊အရေးအကြောင်း အပါအဝင်

 

 

အခြား skin problem ရှိတဲ့ သတို့သမီးလေးတွေကိုပြင်တဲ့အခါ မှာ ပါးပါးကြည်ကြည်လေးပြင်ပေးဖို့မလွယ်ပါဘူး။

 

 

မျက်နှာမှာရှိတဲ့အနာအဆာတွေမပေါ်အောင်အုပ်ရင် မိတ်ကပ်ထူပါမယ်။

 

 

ပင်ကိုအသားအရေမကောင်းတဲ့အခါမိတ်ကပ်ညက်ရင်တောင် ကြည်တဲ့ look တော့မရနိုင်ပါဘူး။

 

 

ကဲ ဒါဆို ကိုယ့်ဘက်ကဘယ်လိုပြင်ဆင်ထားကြမလဲ ?

 

 

*မင်္ဂလာပွဲမတိုင်ခင် ၆ လလောက်ထဲက Skin Care နေ့တိုင်းလုပ်မယ်။

 

 

Skin care ကောင်းတာလေးတွေဝယ်ဖို့မနှမြောပါနဲ့ ငွေကုန်ကြေးကျခံပြီး wedding ပွဲကျင်းပကြမယ့်သူတွေအနေနဲ့ skin careကျမှနှမြောပြီး

 

 

မဝယ်တာမျိုးမလုပ်စေချင်ပါဘူး။အပြင်ကနေ အိမ်ပြန်ရောက်တာနဲ့ make up ကို remover နဲ့သေချာဖျက်သင့်ပါတယ်။ cleanser

 

 

နဲ့သေချာမျက်နှာသစ်double cleansing သေချာလုပ်ပြီး Toner လေးသေချာပြန်သုံးပေးရပါမယ်။

 

 

အသားကြည်ဖို့ ဝက်ခြံတွေမထွက်ဖို့ဆိုတာ cleansing ကအရေးကြီးဆုံးပါ ။ cleansing step ပြီးမှ essence , moisturizer စတဲ့

 

 

ရေဓာတ်ဖြည့်ပေးမယ့်အရာတွေသုံးပေးပါ။ မျက်နှာလေးရေဓာတ်ပြည့်နေမှသာ ကြည်လင်ပြီး glow စေမှာပါ။

 

 

တပတ် ၂ ခါ scrub လုပ်ပေးခြင်းကလည်း မျက်နှာမှာရှိတဲ့ dead cell တွေကိုရှင်းလင်းစေပါတယ်။

 

 

မိတ်ကပ်လိမ်းတဲ့အခါမှာမျက်လုံးအောက်ကအရေးအကြောင်းတွေပေါ်တတ်တာမို့ ပွဲမတိုင်ခင် ၆ လလောက်အလိုထဲက

 

 

eye cream ပုံမှန်လိမ်းဖို့ကိုလည်း မမေ့သင့်ပါဘူး။

 

 

တကယ်လို့ ဝက်ခြံ၊ တင်းတိတ် ၊ အဆီဖု စတဲ့ skin problem တွေရှိနေတဲ့သတို့သမီးတွေအနေနဲ့ကတော့

 

 

Aesthetic clinic တွေကဆရာဝန်တွေနဲ့တိုင်ပင်ပြီး treatment တွေယူသင့်ပါတယ်။

 

 

*အရေပြားကိုဂရုစိုက်သလို ကိုယ်ခန္ဓာအတွင်းပိုင်းကိုလည်းဂရုစိုက်ကြမယ်။

 

 

Skin ကောင်းဖို့ဆိုတာ အရေပြားပေါ် skin careလိမ်းတာအပြင် ကိုယ်အတွင်းပိုင်းကိုပါဂရုစိုက်ဖို့လိုတာမို့

 

 

(1)ရေများများသောက်တာ (2)အိပ်ရေးဝဝအိပ်တာ (3)အပူအစပ်၊အငန်နဲ့အဆီတွေလျော့စားတာ မျိုးကိုလည်းဂရုတစိုက်လုပ်ပေးဖို့လိုပါတယ်။

 

 

*stress တွေလျော့ချပြီးအရာရာကိုအကောင်းမြင်ဖို့ကြိုးစားမယ်။

 

 

မင်္ဂလာပွဲနီးလေ stressများလေ ဒေါသကြီးလေဖြစ်တာသတို့သမီးလေးတွေထုံးစံပါ။ ဒါပေမယ့် stressများရင်အသားအရေကိုထိခိုက်တာမို့

 

 

စိတ်ကိုအတတ်နိုင်ဆုံးလျော့ချပြီး အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ဖြည့်တွေးကြဖို့လိုပါတယ်။ ဒီအပိုင်းကတော့သတို့သားတွေနဲ့လည်းဆိုင်သွားပါပြီ။

 

 

ကိုယ့်ကောင်မလေး မင်္ဂလာပွဲမှာ စိတ်ချမ်းချမ်းသာသာနဲ့လှပဖို့ သတို့သားတွေက စိတ်ချမ်းသာအောင်ထားပြီး

 

 

သတို့သမီးရဲ့ stressတွေကိုလျော့ချပေးဖို့လိုပါတယ်နော်။

 

 

သတို့သမီးလောင်းလေးတွေ ကိုယ့်အသားအရေကိုဂရုစိုက်ပြီး Skinလေးကောင်းသွားပြီဆိုရင်တော့

 

 

ပါးပါးကြည်ကြည်လေးလိမ်းပေးတတ်တဲ့ မိတ်ကပ်ဆရာကိုရွေးချယ်လို့ရပါပြီ။

 

 

* မိတ်ကပ် trend တွေကိုသိပြီး ခေတ်နဲ့အညီလေ့လာတဲ့မိတ်ကပ်ဆရာကိုရှာပါ။

 

 

*မိတ်ကပ်ပစ္စည်းbrandကောင်းကောင်းသုံးသူကိုရှာပါ။

 

 

*ပွဲချိန်နောက်မကျသူကိုရှာပါ။

 

 

*ကိုယ်လိုချင်တဲ့ lookရအောင် ပွဲမတိုင်ခင်ကြိုညှိပါ။

 

 

သတို့သမီးလေးက 70% အရေးကြီးတာမိူ့ကိုယ်ဂရုစိုက်တဲ့အခါမှာ ကိုယ့်အသားအရေလေးက အရမ်းကောင်းတာမဟုတ်ရင်တောင်

 

 

အဖုလေးတွေနည်းသွားမယ် ကြည်လင်လာမယ်ဆိုရင် ကျန်တဲ့ 30% တာဝန်ရှိတဲ့မိတ်ကပ်ဆရာ ကို ကောင်းကောင်းရွေးချယ်ပြီး

 

 

Glow make up lookလေးရဖို့ သေချာပြောပြတိုင်ပင်ကြလို့ရပါပြီ။

 

 

သတို့သမီးလောင်းလေးများအားလုံး မင်္ဂလာပွဲနေ့မှာ Glow နိုင်ကြပါစေရှင်။

 

 

 

 

 

အခု ေခတ္က Glow ေခတ္လို႔ေျပာရမလိုပါပဲ မိတ္ကပ္ပါးပါးၾကည္ၾကည္နဲ႔ ေျပာင္ေျပာင္ေလးေတြေခတ္စားေနတာဆိုေတာ့

 

သတို႔သမီးေလးေတြကလည္း မဂၤလာပြဲေန႔မွာ glow make up look ေလးရခ်င္ၾကတာေတြ႕ရပါတယ္။ တကယ္ေတာ့ glow မိတ္ကပ္ေလးျဖစ္ဖို႔ဆိုတာ

 

 မိတ္ကပ္ဆရာေကာင္းဖို႔လိုတယ္ဆိုေပမယ့္ အဓိကအေရးႀကီးဆုံးကေတာ့ သတို႔သမီးေလာင္းေလးရဲ႕

 

အသားအေရပါ။အသားျဖဴတာညိဳတာနဲ႔မဆိုင္ပါဘူး။ျဖဴတဲ့သူျဖစ္ျဖစ္ညိဳတဲ့သူျဖစ္ျဖစ္သတို႔သမီးေလးရဲ႕ပင္ကိုယ္အသားအေရေလးေကာင္းေနဖို႔က

 

အေရးႀကီးဆုံးမို႔ ပြဲေန႔မွာ Glow make up ေလးရဖို႔ဆိုရင္ 70% က သတို႔သမီးေလးမွာတာဝန္ရွိၿပီ း 30% ကေတာ့မိတ္ကပ္ဆရာမွာတာဝန္ရွိပါတယ္။

 

အဲ့ေတာ့ မဂၤလာပြဲေန႔မွာ ပါးပါးၾကည္ၾကည္မိတ္ကပ္ေလးရဖို႔ ျပင္ဆင္ထားရမယ့္အခ်က္ေလးေတြကိုေျပာျပခ်င္ပါတယ္ရွင့္။

 

*မိတ္ကပ္ဆရာကိုပဲအားမကိုးပါနဲ႔။

 

တခ်ိဳ႕မိတ္ကပ္နဲ႔အလွမ္းေဝးတဲ့သတို႔သမီးေလးေတြက မိတ္ကပ္သည္အရာရာကိုဖုံးေပးႏိုင္တယ္ ကိုယ္ဘာ skin problemပဲရွိရွိ

 

မိတ္ကပ္ဆရာ ေတာ္ရင္ အရမ္းလွသြားမယ္လို႔ထင္ၿပီး အသားအေရကို ပစ္ထားတတ္ပါတယ္။

 

စာေရးသူကိုယ္တိုင္လည္း skin careအေၾကာင္းမေလ့လာခင္ကအထိမိတ္ကပ္ဆရာကိုပဲအားကိုးခဲ့ၿပီး ကိုယ္လိုခ်င္တဲ့lookမရရင္စိတ္တိုခဲ့ဖူးပါတယ္။

 

အခုေနာက္ပိုင္းမွသိလာတာ ဘယ္ေလာက္ေတာ္တဲ့ မိတ္ကပ္ဆရာျဖစ္ပါေစ ဝက္ၿခံ ၊ အဆီဖု ၊ ဆားဝက္ၿခံ ၊အေရးအေၾကာင္း အပါအဝင္

 

 အျခား skin problem ရွိတဲ့ သတို႔သမီးေလးေတြကိုျပင္တဲ့အခါ မွာ ပါးပါးၾကည္ၾကည္ေလးျပင္ေပးဖို႔မလြယ္ပါဘူး။

 

မ်က္ႏွာမွာရွိတဲ့အနာအဆာေတြမေပၚေအာင္အုပ္ရင္ မိတ္ကပ္ထူပါမယ္။

 

ပင္ကိုအသားအေရမေကာင္းတဲ့အခါမိတ္ကပ္ညက္ရင္ေတာင္ ၾကည္တဲ့ look ေတာ့မရႏိုင္ပါဘူး။

 

ကဲ ဒါဆို ကိုယ့္ဘက္ကဘယ္လိုျပင္ဆင္ထားၾကမလဲ ?

 

*မဂၤလာပြဲမတိုင္ခင္ ၆ လေလာက္ထဲက Skin Care ေန႔တိုင္းလုပ္မယ္။

 

Skin care ေကာင္းတာေလးေတြဝယ္ဖို႔မႏွေျမာပါနဲ႔ ေငြကုန္ေၾကးက်ခံၿပီး wedding ပြဲက်င္းပၾကမယ့္သူေတြအေနနဲ႔ skin careက်မွႏွေျမာၿပီး

 

မဝယ္တာမ်ိဳးမလုပ္ေစခ်င္ပါဘူး။အျပင္ကေန အိမ္ျပန္ေရာက္တာနဲ႔ make up ကို remover နဲ႔ေသခ်ာဖ်က္သင့္ပါတယ္။ cleanser

 

နဲ႔ေသခ်ာမ်က္ႏွာသစ္double cleansing ေသခ်ာလုပ္ၿပီး Toner ေလးေသခ်ာျပန္သုံးေပးရပါမယ္။

 

အသားၾကည္ဖို႔ ဝက္ၿခံေတြမထြက္ဖို႔ဆိုတာ cleansing ကအေရးႀကီးဆုံးပါ ။ cleansing step ၿပီးမွ essence , moisturizer စတဲ့

 

 ေရဓာတ္ျဖည့္ေပးမယ့္အရာေတြသုံးေပးပါ။ မ်က္ႏွာေလးေရဓာတ္ျပည့္ေနမွသာ ၾကည္လင္ၿပီး glow ေစမွာပါ။

 

တပတ္ ၂ ခါ scrub လုပ္ေပးျခင္းကလည္း မ်က္ႏွာမွာရွိတဲ့ dead cell ေတြကိုရွင္းလင္းေစပါတယ္။

 

မိတ္ကပ္လိမ္းတဲ့အခါမွာမ်က္လုံးေအာက္ကအေရးအေၾကာင္းေတြေပၚတတ္တာမို႔ ပြဲမတိုင္ခင္ ၆ လေလာက္အလိုထဲက

 

eye cream ပုံမွန္လိမ္းဖို႔ကိုလည္း မေမ့သင့္ပါဘူး။

 

တကယ္လို႔ ဝက္ၿခံ၊ တင္းတိတ္ ၊ အဆီဖု စတဲ့ skin problem ေတြရွိေနတဲ့သတို႔သမီးေတြအေနနဲ႔ကေတာ့

 

Aesthetic clinic ေတြကဆရာဝန္ေတြနဲ႔တိုင္ပင္ၿပီး treatment ေတြယူသင့္ပါတယ္။

 

*အေရျပားကိုဂ႐ုစိုက္သလို ကိုယ္ခႏၶာအတြင္းပိုင္းကိုလည္းဂ႐ုစိုက္ၾကမယ္။

 

Skin ေကာင္းဖို႔ဆိုတာ အေရျပားေပၚ skin careလိမ္းတာအျပင္ ကိုယ္အတြင္းပိုင္းကိုပါဂ႐ုစိုက္ဖို႔လိုတာမို႔

 

(1)ေရမ်ားမ်ားေသာက္တာ (2)အိပ္ေရးဝဝအိပ္တာ (3)အပူအစပ္၊အငန္နဲ႔အဆီေတြေလ်ာ့စားတာ မ်ိဳးကိုလည္းဂ႐ုတစိုက္လုပ္ေပးဖို႔လိုပါတယ္။

 

*stress ေတြေလ်ာ့ခ်ၿပီးအရာရာကိုအေကာင္းျမင္ဖို႔ႀကိဳးစားမယ္။

 

မဂၤလာပြဲနီးေလ stressမ်ားေလ ေဒါသႀကီးေလျဖစ္တာသတို႔သမီးေလးေတြထုံးစံပါ။ ဒါေပမယ့္ stressမ်ားရင္အသားအေရကိုထိခိုက္တာမို႔

 

စိတ္ကိုအတတ္ႏိုင္ဆုံးေလ်ာ့ခ်ၿပီး အရာရာကို အေကာင္းျမင္စိတ္ေလးနဲ႔ ျဖည့္ေတြးၾကဖို႔လိုပါတယ္။ ဒီအပိုင္းကေတာ့သတို႔သားေတြနဲ႔လည္းဆိုင္သြားပါၿပီ။

 

 ကိုယ့္ေကာင္မေလး မဂၤလာပြဲမွာ စိတ္ခ်မ္းခ်မ္းသာသာနဲ႔လွပဖို႔ သတို႔သားေတြက စိတ္ခ်မ္းသာေအာင္ထားၿပီး

 

သတို႔သမီးရဲ႕ stressေတြကိုေလ်ာ့ခ်ေပးဖို႔လိုပါတယ္ေနာ္။

 

သတို႔သမီးေလာင္းေလးေတြ ကိုယ့္အသားအေရကိုဂ႐ုစိုက္ၿပီး Skinေလးေကာင္းသြားၿပီဆိုရင္ေတာ့

 

ပါးပါးၾကည္ၾကည္ေလးလိမ္းေပးတတ္တဲ့ မိတ္ကပ္ဆရာကိုေ႐ြးခ်ယ္လို႔ရပါၿပီ။

 

* မိတ္ကပ္ trend ေတြကိုသိၿပီး ေခတ္နဲ႔အညီေလ့လာတဲ့မိတ္ကပ္ဆရာကိုရွာပါ။

 

*မိတ္ကပ္ပစၥည္းbrandေကာင္းေကာင္းသုံးသူကိုရွာပါ။

 

*ပြဲခ်ိန္ေနာက္မက်သူကိုရွာပါ။

 

*ကိုယ္လိုခ်င္တဲ့ lookရေအာင္ ပြဲမတိုင္ခင္ႀကိဳညႇိပါ။

 

သတို႔သမီးေလးက 70% အေရးႀကီးတာမိူ႔ကိုယ္ဂ႐ုစိုက္တဲ့အခါမွာ ကိုယ့္အသားအေရေလးက အရမ္းေကာင္းတာမဟုတ္ရင္ေတာင္

 

အဖုေလးေတြနည္းသြားမယ္ ၾကည္လင္လာမယ္ဆိုရင္ က်န္တဲ့ 30% တာဝန္ရွိတဲ့မိတ္ကပ္ဆရာ ကို ေကာင္းေကာင္းေ႐ြးခ်ယ္ၿပီး

 

Glow make up lookေလးရဖို႔ ေသခ်ာေျပာျပတိုင္ပင္ၾကလို႔ရပါၿပီ။

 

သတို႔သမီးေလာင္းေလးမ်ားအားလုံး မဂၤလာပြဲေန႔မွာ Glow ႏိုင္ၾကပါေစရွင္။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 03 March 2020 17:16
Rate this item
(0 votes)
Tagged under