ဝက်ခြံဘာကြောင့်ဖြစ်

ဝက်ခြံဘာကြောင့်ဖြစ် google

ဝက်ခြံဟာ အရေပြားပြဿနာ Acne Vulgaris ရောဂါဖြစ်တယ်။ ကြီးကောင်ဝင်စအရွယ်နဲ့ ငယ်ရွယ်သူများလူ ငယ်တွေမှာပိုပြီး တွေ့ရတတ်တယ်။

 

အချို့မီးဖိုချောင်သုံးအသီးအနှံ၊ အဆီ၊ အခွံတွေနဲ့ ဝက်ခြံမထွက်အောင် ကြိုတင်ကာကွယ်ထားကြတယ်။

 

ဥပမာသခွားသီးလှီးပြီး ယင်းအစေးနဲ့ပေါင်းတင်ခြင်း၊ ဟင်းသီးဟင်းရွက်များများစားခြင်း၊

 

ဝမ်းချုပ်မခံခြင်း၊ အချဉ်စားပေးခြင်းတို့က ဝက် ခြံမှုကာကွယ်နိုင်ပါတယ်။

 

ဝက်ခြံဟာအရေပြားမှာတွေ့မြင်နေကျဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။

 

ဆယ်ကျော်သက်တွေမှာ ဟော်မုန်းပြောင်းလဲမှုနှင့်အတူ ဝက်ခြံဖြစ်လာတယ်။

 

အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မပျော်ရွှင်တဲ့ဘဝ၊ အသားစားများခြင်း၊ ဟင်းသီးဟင်းရွက်အစားနည်းခြင်းတို့က ဝက်ခြံဖြစ်စေတယ်။

 

ဒါတွေရှိနေရင် မျက်နှာ၊ ရင် ဘတ်စတဲ့အရေပြားတွေမှာ ဝက်ခြံပေါက်လိမ့်မယ်။ဝက်ခြံပုန်းဟာ မျက်နှာမှာဖြစ်ရင်အခံရခက်ဆုံးဖြစ်တယ်။

 

ဝက်ခြံပုန်းဟာပျော့အိပြီး အရည်အချို့နဲ့ပြည့်နေကာအကျိတ်ငယ်လေးအဖြစ် အရေပြားပေါ်မှာရှိနေတယ်။

 

ဝက်ခြံပုန်းပေါက်သွားရင် နာကျင်မှု၊ အရေပြားပျက်စီးမှု၊ အရေပြားအမာရွတ်ထင်ကျန်မှုတို့ ကြုံရနိုင်ပါတယ်။ ဝက်ခြံတိုင်း ဂရုစိုက်ဖို့လိုပါတယ်။

 

ဦးရေပြားဝက်ခြံဟာ မျက်နှာ၊ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းက ဝက်ခြံများလို ဖြစ်ပေါ်တတ်ပါတယ်။

 

ယင်းဝက် ခြံကြောင့်လူငယ်ရော၊ လူကြီးတွေပါစိတ်အနှောင့်အယှက်တွေ့ရပါတယ်။

 

ဆံပင်ပေါက်တဲ့ ဦးရေပြားကနေ အဆီ ထွက်တဲ့နေရာမှာ ဝက်ခြံမဖြစ်ဘဲ၊ ပိတ်နေတဲ့နေရာမှာဝက်ခြံဖြစ်တယ်။

 

လက်မသန့်ရှင်းတဲ့ ပစ္စည်းနဲ့ညှစ်ယူ၊ ဖိယူ မယ်ဆိုရင် ယင်းလက်များမှ ဘက်တီးရီးယားကဝင်ရောက်ကာ နာကျင်မှုဖြစ်စေတယ်။

 

Source: ဒေါက်တာလွင်သန့် (ondoctor)

 

Zawgyi ျဖင့္ဖတ္ရန္...

 

ဝက္ၿခံဟာ အေရျပားျပႆနာ Acne Vulgaris ေရာဂါျဖစ္တယ္။ ႀကီးေကာင္ဝင္စအရြယ္နဲ႔ ငယ္ရြယ္သူမ်ားလူ ငယ္ေတြမွာပိုၿပီး ေတြ႕ရတတ္တယ္။

ခ်ိဳ႕မီးဖိုေခ်ာင္သုံးအသီးအႏွံ၊ အဆီ၊ အခြံေတြနဲ႔ ဝက္ၿခံမထြက္ေအာင္ ႀကိဳတင္ကာကြယ္ထားၾကတယ္။

ဥပမာသခြားသီးလွီးၿပီး ယင္းအေစးနဲ႔ေပါင္းတင္ျခင္း၊ ဟင္းသီးဟင္းရြက္မ်ားမ်ားစားျခင္း၊

ဝမ္းခ်ဳပ္မခံျခင္း၊ အခ်ဥ္စားေပးျခင္းတို႔က ဝက္ ၿခံမႈကာကြယ္နိုင္ပါတယ္။

ဝက္ၿခံဟာအေရျပားမွာေတြ႕ျမင္ေနက်ျဖစ္ၿပီး အသက္အရြယ္မေရြးျဖစ္နိုင္ပါတယ္။

ဆယ္ေက်ာ္သက္ေတြမွာ ေဟာ္မုန္းေျပာင္းလဲမႈႏွင့္အတူ ဝက္ၿခံျဖစ္လာတယ္။

အိပ္ေရးပ်က္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ မေပ်ာ္ရႊင္တဲ့ဘဝ၊ အသားစားမ်ားျခင္း၊ ဟင္းသီးဟင္းရြက္အစားနည္းျခင္းတို႔က ဝက္ၿခံျဖစ္ေစတယ္။

ဒါေတြရွိေနရင္ မ်က္ႏွာ၊ ရင္ ဘတ္စတဲ့အေရျပားေတြမွာ ဝက္ၿခံေပါက္လိမ့္မယ္။ဝက္ၿခံပုန္းဟာ မ်က္ႏွာမွာျဖစ္ရင္အခံရခက္ဆုံးျဖစ္တယ္။

ဝက္ၿခံပုန္းဟာေပ်ာ့အိၿပီး အရည္အခ်ိဳ႕နဲ႔ျပည့္ေနကာအက်ိတ္ငယ္ေလးအျဖစ္ အေရျပားေပၚမွာရွိေနတယ္။

ဝက္ၿခံပုန္းေပါက္သြားရင္ နာက်င္မႈ၊ အေရျပားပ်က္စီးမႈ၊ အေရျပားအမာရြတ္ထင္က်န္မႈတို႔ ၾကဳံရနိုင္ပါတယ္။ ဝက္ၿခံတိုင္း ဂ႐ုစိုက္ဖို႔လိုပါတယ္။

ဦးေရျပားဝက္ၿခံဟာ မ်က္ႏွာ၊ ခႏၶာကိုယ္အျခားအစိတ္အပိုင္းက ဝက္ၿခံမ်ားလို ျဖစ္ေပၚတတ္ပါတယ္။

ယင္းဝက္ ၿခံေၾကာင့္လူငယ္ေရာ၊ လူႀကီးေတြပါစိတ္အေႏွာင့္အယွက္ေတြ႕ရပါတယ္။

ဆံပင္ေပါက္တဲ့ ဦးေရျပားကေန အဆီ ထြက္တဲ့ေနရာမွာ ဝက္ၿခံမျဖစ္ဘဲ၊ ပိတ္ေနတဲ့ေနရာမွာဝက္ၿခံျဖစ္တယ္။

လက္မသန႔္ရွင္းတဲ့ ပစၥည္းနဲ႔ညႇစ္ယူ၊ ဖိယူ မယ္ဆိုရင္ ယင္းလက္မ်ားမွ ဘက္တီးရီးယားကဝင္ေရာက္ကာ နာက်င္မႈျဖစ္ေစတယ္။

Source: ေဒါက္တာလြင္သန္႔ (ondoctor)

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 03 March 2020 16:48
Rate this item
(0 votes)
Tagged under