မျက်နှာပေါ်က အဆီဖု၊ အဆီကြိတ်တွေကို အရှင်းပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးများ

မျက်နှာပေါ်က အဆီဖု၊ အဆီကြိတ်တွေကို အရှင်းပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးများ google

အဆီကြိတ်ဆိုတာဟာ ဝက်ခြံလိုမျိုး အဖုသေးသေးလေးတွေဖြစ်ပြီး ညှစ်လိုက်ရင် ဘာမှမထွက်လာပဲ မာမာလေးဖြစ်နေတာမျိုးပါ။

 

အဆီကြိတ်တွေဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ဟော်မုန်းမညီမျှခြင်းနဲ့ စိတ်ဖိစီးမှုများနေခြင်းတို့ကြောင့် အဖြစ်များပါတယ်။

 

နောက်ပြီးတော့ ဆံပင်ကြောင့်လည်းဖြစ်နေနိုင်တဲ့အပြင် သင်သုံးနေတဲ့မိတ်ကပ်ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

 

ဒါကြောင့် မိတ်ကပ်လိမ်းပြီးတိုင်း သေသေချာချာ သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။

 

နှဖူးပြင်ပေါ်မှာ ဝက်ခြံလိုမျိုးအဖုသေးသေးလေးတွေ အများကြီးဖြစ်နေတတ်တဲ့ချစ်တို့အတွက် ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းအသုံးဝင်မှာပါ။

 

(၁) ကြက်ဥအကာ

 

ကြက်ဥတစ်လုံးကို အကာချည်းပဲ ယူလိုက်ပြီး ပျားရည်အနည်းငယ်နဲ့ ရောကာ သေသေချာချာ ခလောက်ပေးလိုက်ပါ။

 

ရလာတဲ့အနှစ်ကို အသုံးမပြုခင် မျက်နှာနဲ့လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးပေးဖို့လိုပါတယ်။

 

ပြီးရင်တော့ ရလာတဲ့အနှစ်ကို သန့်စင်ခြောက်သွေ့တဲ့ မျက်နှာပေါ်မှာလိမ်းပြီး (၁၅) မိနစ်အကြာမှာ ရေနွေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

 

မျက်နှာသစ်ပြီးတဲ့အခါ moisturizer လိမ်ပေးဖို့ မမေ့ပါနဲ့။

 

(၂) ပန်းသီးရှာလကာ

 

ပန်းသီးရှာလကာဟာ ဝက်ခြံတွေကို အမြန်ဆုံး ပျောက်ကင်းစေပြီး အသားအရေကို အထူးလှပစေတဲ့ သဘာဝကပေးတဲ့ တိုနာတစ်ခုဖြစ်ပါတယ်။

 

ပန်းသီးရှာလကာတစ်ဇွန်းကို ရေ ၂ ခွက်နဲ့ရောပြီး ရလာတဲ့ အရည်လေးကို ဂွမ်းလေးနဲ့တို့ပြီး

 

သန့်စင်ပြီးသားမျက်နှာပေါ်မှာ တိုနာလိုမျိုး တစ်နေ့ကို ၂ ကြိမ်(မနက်တစ်ကြိမ်၊ ညတစ်ကြိမ်)အသုံးပြုပေးရုံပါပဲ။

 

(၃) ရေနွေးငွေ့

 

ရေနွေးငွေ့ပေါင်းတင်နည်းလေးဟာ အိမ်မှာတင် ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ အထိရောက်ဆုံး နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။

 

သံဇလုံထဲမှာ ဆူပွက်နေတဲ့ ရေကိုထည့်ပြီး ထွက်လာတဲ့အငွေ့ကို မျက်နှာနဲ့ ခံပေးလိုက်ရုံပါပဲ။

 

ဒီနည်းလမ်းလေးဟာ ပိတ်နေတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး အညစ်အကြေးနဲ့

 

ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တာကြောင့် အဆီဖုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

 

(၄) ကြက်သွန်ဖြူ

 

ကြက်သွန်ဖြူ (၄) တက်ခန့်ကို ကြိတ်ပြီး အဆီဖုလေးတွေရှိတဲ့နေရာမှာ အုံပေးလိုက်ပြီး (၁၅) မိနစ်အကြာမှာ ရေနွေးနဲ့ ဆေးကြောပေးလိုက်ပါ။

 

ကြက်သွန်ဖြူဟာ အနံ့စွဲနိုင်တဲ့အတွက် ညအိပ်ခါနီး ဒါမှမဟုတ် အပြင်ထွက်စရာမရှိတဲ့နေ့တွေမှာ ပြုလုပ်ပေးရင်ပိုကောင်းပါတယ်။

 

မျက်နှာသစ်ပေးပြီးတိုင်း moisturizer လိမ်းပေးဖို့မမေ့ပါနဲ့။

 

(၅) အစားအသောက်ဆင်ခြင်ပါ

 

တစ်ခါတလေ အဆီဖုလေးတွေဟာ အစားသောက်ကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

 

အချိုတွေ၊ သကြားတွေကိုလျှော့စားပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

အဆီၾကိတ္ဆိုတာဟာ ဝက္ျခံလိုမ်ိဳး အဖုေသးေသးေလးေတြျဖစ္ျပီး ညွစ္လိုက္ရင္ ဘာမွမထြက္လာပဲ မာမာေလးျဖစ္ေနတာမ်ိဳးပါ။

 

အဆီၾကိတ္ေတြျဖစ္ေပၚလာရတဲ့ အေၾကာင္းရင္းကေတာ့ ေဟာ္မုန္းမညီမွ်ျခငး္နဲ႔ စိတ္ဖိစီးမႈမ်ားေနျခင္းတို႔ေၾကာင့္ အျဖစ္မ်ားပါတယ္။

 

ေနာက္ျပီးေတာ့ ဆံပင္ေၾကာင့္လည္းျဖစ္ေနႏိုင္တဲ့အျပင္ သင္သံုးေနတဲ့မိတ္ကပ္ေၾကာင့္လည္း ျဖစ္ေနႏိုင္ပါတယ္။

ဒါေၾကာင့္ မိတ္ကပ္လိမ္းျပီးတိုင္း ေသေသခ်ာခ်ာ သန္႔စင္ေပးဖို႔ မေမ့ပါနဲ႔ေနာ္။

ႏွဖူးျပင္ေပၚမွာ ဝက္ျခံလိုမ်ိဳးအဖုေသးေသးေလးေတြ အမ်ားၾကီးျဖစ္ေနတတ္တဲ့ခ်စ္တို႔အတြက္ ခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြက အရမး္အသံုးဝင္မွာပါ။

cute


(၁) ၾကက္ဥအကာ

ၾကက္ဥတစ္လံုးကုိ အကာခ်ည္းပဲ ယူလိုက္ျပီး ပ်ားရည္အနည္းငယ္နဲ႔ ေရာကာ ေသေသခ်ာခ်ာ ခေလာက္ေပးလိုက္ပါ။

 

ရလာတဲ့အႏွစ္ကုိ အသံုးမျပဳခင္ မ်က္ႏွာနဲ႔လက္ကို ဆပ္ျပာနဲ႔ ေသေသခ်ာခ်ာ ေဆးေပးဖို႔လိုပါတယ္။

 

ျပီးရင္ေတာ့ ရလာတဲ့အႏွစ္ကို သန္႔စင္ေျခာက္ေသြ႕တဲ့ မ်က္ႏွာေပၚမွာလိမ္းျပီး (၁၅) မိနစ္အၾကာမွာ ေရေႏြးနဲ႔ မ်က္ႏွာသစ္ေပးလိုက္ပါ။

မ်က္ႏွာသစ္ျပီးတဲ့အခါ moisturizer လိမ္ေပးဖို႔ မေမ့ပါနဲ႔။

apple

(၂) ပန္းသီးရွာလကာ

ပနး္သီးရွာလကာဟာ ဝက္ျခံေတြကို အျမန္ဆံုး ေပ်ာက္ကင္းေစျပီး အသားအေရကို အထူးလွပေစတဲ့ သဘာဝကေပးတဲ့ တိုနာတစ္ခုျဖစ္ပါတယ္။

ပနး္သီးရွာလကာတစ္ဇြန္းကို ေရ ၂ ခြက္နဲ႔ေရာျပီး ရလာတဲ့ အရည္ေလးကို ဂြမး္ေလးနဲ႔တို႔ျပီး

သန္႔စင္ျပီးသားမ်က္ႏွာေပၚမွာ တိုနာလိုမ်ိဳး တစ္ေန႔ကို ၂ ၾကိမ္(မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္)အသံုးျပဳေပးရံုပါပဲ။

apple1

(၃) ေရေႏြးေငြ႕

ေရေႏြးေငြ႔ေပါငး္တင္နည္းေလးဟာ အိမ္မွာတင္ ကိုယ္တုိင္ျပဳလုပ္လို႔ရတဲ့ အထိေရာက္ဆံုး နညး္လမ္းေလးတစ္ခုျဖစ္ပါတယ္။

သံဇလံုထဲမွာ ဆူပြက္ေနတဲ့ ေရကိုထည့္ျပီး ထြက္လာတဲ့အေငြ႕ကို မ်က္ႏွာနဲ႔ ခံေပးလိုက္ရံုပါပဲ။

ဒီနည္းလမ္းေလးဟာ ပိတ္ေနတဲ့ ေခၽြးေပါက္ေတြကို ပြင့္ေစျပီး အညစ္အေၾကးနဲ႔

ဘက္တီးရီးယားေတြကို သန္႔စင္ေပးႏိုင္တာေၾကာင့္ အဆီဖုေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

apple5

(၄) ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴ (၄) တက္ခန္႔ကို ၾကိတ္ျပီး အဆီဖုေလးေတြရွိတဲ့ေနရာမွာ အံုေပးလိုက္ျပီး (၁၅) မိနစ္အၾကာမွာ ေရေႏြးနဲ႔ ေဆးေၾကာေပးလိုက္ပါ။

ၾကက္သြန္ျဖဴဟာ အနံ႔စြဲႏိုင္တဲ့အတြက္ ညအိပ္ခါနီး ဒါမွမဟုတ္ အျပင္ထြက္စရာမရွိတဲ့ေန႔ေတြမွာ ျပဳလုပ္ေပးရင္ပိုေကာင္းပါတယ္။

မ်က္ႏွာသစ္ေပးျပီးတုိင္း moisturizer လိမ္းေပးဖုိ႔မေမ့ပါနဲ႔။

apple3

(၅) အစားအေသာက္ဆင္ျခင္ပါ

တစ္ခါတေလ အဆီဖုေလးေတြဟာ အစားေသာက္ေၾကာင့္လည္း ျဖစ္ေနတတ္ပါတယ္။

အခ်ိဳေတြ၊ သၾကားေတြကိုေလွ်ာ့စားေပးလိုက္ရင္ အဆင္ေျပသြားမွာပါ။

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 25 February 2020 16:37
Rate this item
(0 votes)