အလှအပအတွက် သံလွင်ဆီရဲ့အသုံးဝင်ပုံ

အလှအပအတွက် သံလွင်ဆီရဲ့အသုံးဝင်ပုံ google

သံလွင်ဆီကို ဟိုးအရင်ခေတ်တွေကတည်းက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ သုံးခဲ့ကြတာဖြစ်ပါတယ်။

 

 

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီး နဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး

 

သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ များစွာအထောက်အကူပြုပါတယ်။

 

ဒါ့ကြောင့် ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် သံလွင်ဆီကို အသုံးပြုပြီး လှပစေနိုင်မယ့်နည်းလမ်းလေးတွေကို

 

ဖော်ပြပေးလိုက်ပါတယ်နော်။

 

o1

 

(၁) အသားအရေ

 

သံလွင်ဆီမှာ အစိုဓာတ်ပေးနိုင်တဲ့ အာနိသင်ပါရှိတာကြောင့် ရေချိုးပြီးစအချိန်မှာ ခန္ဓာကိုယ်အနှံ့ ညင်ညင်သာသာ လိမ်းပေးပါက

 

ချစ်တို့ရဲ့အသားအရေလေးကို စိုပြေတင်းရင်းစေမှာပါနော်။ ဒါ့အပြင် သံလွင်ဆီကို မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ဖို့လည်း

 

မိတ်ကပ်ဖျက်ဆေးအနေနဲ့ သုံးလို့ရပါသေးတယ်နော်။သံလွင်ဆီနဲ့ကြက်ဥအကာကို ရောစပ်ပြီး မျက်နှာပြင်ပေါ်ကို မိနစ်၂၀လောက် လိမ်းထားပြီး

 

ရေနွေးနွေးလေးနဲ့ဆေးချပေးမယ်ဆိုရင်လည်း glow skin လေးကို ရရှိနိုင်ပါတယ်နော်။

 

o2

 

(၂) ဆံပင်သား

 

ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ပျက်စီးနေတဲ့ဆံသားတွေကို

 

သန်စွမ်းကျန်းမာတဲ့ ဆံသားတွေအဖြစ်ပြောင်းလဲမြင်တွေ့ရမှာဖြစ်ပါတယ်။ သံလွင်ဆီဟာ ဆံပင်သားပေါ်ကို လိမ်းပေးမယ်ဆိုရင် ဆံပင်ပျော့ဆေးလို

 

အာနိသင် ပေးနိုင်ရုံသာမက ဦးရေပြားပေါ်လိမ်းပေးမယ်ဆိုလည်းဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါသေးတယ်နော်။

 

သံလွင်ဆီကို ငှက်ပျောသီးအမှည့်တစ်လုံးနဲ့ရောစပ်ကာ လိမ်းပေးပြီး ခေါင်းလျှော်ချပေးခြင်းကလည်း ချစ်တို့ရဲ့ဆံကေသာကို ပိုမိုအရှည်မြန်စေပါတယ်နော်။

 

o5

 

(၃)ခြေသည်းလက်သည်း

 

ချစ်တို့ရဲ့ခြေသည်းလက်သည်းလှပမှုအတွက်ဆိုရင်တော့ ခြေသည်း၊လက်သည်းလေးတွေကို သံပုရာသီးနဲ့ပွတ်တိုက်ပေးပြီး သံလွင်ဆီလိမ်းပေးပါ။

 

ဒါဆိုရင်တော့ ပန်းနုရောင်သန်းတဲ့ခြေသန်းလက်သန်းလေးတွေကို ရရှိပိုင်ဆိုင်နိုင်မှာပါနော်။

 

o

 

(၄)နှုတ်ခမ်း

 

သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေကို လိမ်းပေးမယ်ဆိုလည်း အစိုဓာတ်ဖြည့်ပေးကာ

 

နှုတ်ခမ်းလေးကိုဖူးဖူးလေးနဲ့လှနေစေမှာပါနော်။


ဒီအချက်တွေကတော့ သံလွင်ဆီကို သုံးပြီး လှပစေနိုင်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်နော်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under