Suzy ရဲ့ မိတ်ကပ်မပါလည်း လှပနေတဲ့မျက်နှာ

Suzy ရဲ့ မိတ်ကပ်မပါလည်း လှပနေတဲ့မျက်နှာ Soop Management

မကြာသေးမီက မင်းသမီး / အဆိုတော် Suzy က သူမရဲ့ မျက်နှာကို မိတ်ကပ်မပါဘဲ ထုတ်ဖော်ပြသခဲ့ပါတယ်။

 

Suzy ရဲ့ အေဂျင်စီဖြစ်သော Soop Management က စက်တင်ဘာ ၂၄ ရက်က သူတို့၏ Instagram စာမျက်နှာတွင် ဗီဒီယိုအတိုကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

 

ဗီဒီယိုတွင် Suzy ကင်မရာကို သာမန် သဘာဝကျကျ အကြည့်နဲ့ ကြည့်နေတယ်။ မျက်နှာမှာ မိတ်ကပ် လိမ်းမထားပေမဲ့လည်း Suzy ရဲ့ ပင်ကိုသဘာဝအလှအပက ခါတိုင်းထက်ဆောင် လှပတင်းလက်နေတာ တွေ့ကြရတယ်။ မျက်လုံးတွေက ကိုရီးယားအမျိုးသမီး အတော်များများလို ကျဉ်းမနေဘူး။ ဝိုင်းဝိုင်းကျယ်ကျယ် လှပနေတယ်။ မျက်နှာ အရေပြားမှာလည်း အပြစ်အနာကင်းပြီး ချောမွတ်ဝင်းလက်နေတာ တွေ့ကြရတယ်။

 

ဗီဒီယိုက အချိန်တိုတိုလေးဖြစ်ပေမဲ့ သူမရဲ့ fan တွေရဲ့ အသည်းနှလုံးကို လှုပ်ခါသွားစေဖို့အတွက်တော့ လုံလောက်ပါတယ်။

 

"Suzy က မိတ်ကပ် မလမ်းလည်း လှပနေမယ်ဆိုတာ ကျမ အမြဲ ယုံထားပြီးသားပါ။ ဒါပေမဲ့ အခုလိုမျိုးအထိ လှနေလိမ့်မယ်ဆိုတာကိုတော့ ကျမ မသိခဲ့ဘူး" လို့ fan တစ်ယောက်က မန့်ပါတယ်။
Suzy ဟာ အောက်တိုဘာလ ၁၇ ရက်မှာ စတင်ထုတ်လွှင့်မယ့် tvN drama ဖြစ်တဲ့ 'Start-Up' မှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

 

Source: Soop Management

Read times Last modified on Monday, 28 September 2020 11:01
Rate this item
(0 votes)