ဒူးဆစ်တံတောင်ဆစ်တွေ ညိုမည်းရခြင်းအကြောင်း...

ဒူးဆစ်တံတောင်ဆစ်တွေ ညိုမည်းရခြင်းအကြောင်း... google

ကိုယ့်နဂိုအသားအရေလေးဟာ လှပပေမယ့် တံတောင်ဆစ်တွေ ဒူးခေါင်းတွေ ညိုညစ်ပြီးမဲနေလို့ စကပ်တိုလေးတွေ၊ဘောင်းဘီတိုလေးတွေဝတ်ဆင်ရာမှာ ယုံကြည်မှုမရှိလို့

 

 

စိတ်ညစ်နေကြရတဲ့မိန်းကလေးတွေအတွက် ဒီနေ့လေးမှာ Myanmar Wedding Guideကနေ ဘာကြောင့် ဒူးဆစ်၊တံတောင်ဆစ်တွေ ညိုမည်းရသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

 

 

အကြောင်းရင်းတွေကတော့

 

 

၁. ဆဲလ်အသေများ စုပုံလာခြင်း

 

 

၂. ပွတ်တိုက်မှုများခြင်း

 

 

၃. နေလောင်ခြင်း

 

 

၄. အသားအရေ ပြောင်းလဲခြင်း

 

 

၅. ရောင်ခြယ်ဓာတ်တိုးပွားလာခြင်း တို့ပဲ ဖြစ်ပါတယ်

 

 

ရေချိုးတဲ့အခါမှာ များသောအားဖြင့် လက်ဖြင့်တိုက်ချွတ်ရန်ခက်ခဲသော နေရာတွေကို ကျော်သွားတတ်ကြပါတယ်။ဒီလိုနဲ့ အညစ်အကြေးတွေဟာ ဆဲလ်အလွှာအတွင်းပိုင်းသို့ ဝင်ရောက်သွားပြီး

 

 

ရလဒ်အနေနဲ့ တံတောင် ဒူးခေါင်းစတဲ့နေရာတွေမှာ စုပုံပြီး မဲသွားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒူးဆစ်၊တံတောင်ဆစ်တွေ ညိုမည်းခြင်းကိုလျှော့ချပေးတဲ့အိမ်တွင်းကုထုံးလေးတွေကိုလည်းဝေမျှပေးချင်ပါတယ်။

 

 

Lemon နဲ့ Baking Soda ဟာ မဲနေတဲ့ တံတောင်ဆစ်၊ဒူးဆစ်နဲ့ ချိုင်းတွေကို ကုသဖို့ အကောင်းဆုံး Scrub ဖြစ်ပါတယ်။Lemon ကို နှစ်ခြမ်းခွဲပြီး Baking Soda အနည်းငယ်ကို ဖြူးပေးပါ။

 

 

ထို့နောက်မိမိပွတ်တိုက်လိုသောနေရာကို ၂မိနစ်ကနေ ၃မိနစ်ခန့် တိုက်ပေးပြီး ရေဆေးချပေးပါ။ပိုမိုသိသာထင်ရှားတဲ့ ရလဒ်လိုချင်တယ်ဆိုရင်တော့ တစ်ပတ်ကို ၂ကြိမ်ခန့် ပြုလုပ်ပေးပါနော်။

 

 

အုတ်ဂျုံ နှင့်ဒိန်ချဉ်နှစ်မျိုးလုံးသည်ခြောက်သွေ့နေသောအသားအရေကို အစိုဓာတ်ဖြည့်တင်းပေးနိုင်သည်။ နှစ်မျိုးလုံးကိုဆတူရောစပ်ပြီး ညိုမဲနေသော တံတောင်နှင့်ဒူးတို့တွင်လိမ်းပါ။

 

 

မိနစ် ၂၀ ကြာထားပြီးရေနွေးနွေးလေးနဲ့ဆေးချပေးလိုက်ရုံပါပဲ။

 

 

ဆနွှင်း

 

 

အိန္ဒိယဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်တဲ့ဆနွှင်းဟာဆိုရင် အသားအရည်ကိုများစွာအထောက်ကူပေးနိုင်တဲ့အရာလည်းဖြစ်ပါတယ်။

 

 

ဆနွှင်းကိုရေနဲ့ခပ်ပျစ်ပျစ်လေးဖော်ပြီး ညိုမဲနေတဲ့ တံတောင်နဲ့ဒူးမှာလိမ်းပေးမယ်ဆိုရင်လည်း ညိုမဲမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။

 

 

Reference: healthline.com

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 



 


 


 


 

၃. နေလောင်ခြင်း

 

၎. အသားအရေ ပြောင်းလဲခြင်း

 


 


 


 

li

 


 


 

li1

 


 


 

li2

 

ဆနွှင်း

 


 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 10 February 2020 15:06
Rate this item
(0 votes)
Tagged under