အဆီပြန်အသားအရေပိုင်ရှင် အမျိုးသမီးတွေဟာ တခြားသူတွေထက် အိုမင်းရင့်ရော်မှု နောက်ကျနိုင်ပေမယ့် အများနည်းတူတော့ ထိန်းသိမ်းကာကွယ်မှုတွေကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
အမြှုပ်ထတဲ့မျက်နှာသစ်ဆေးတွေကို ရှောင်ကျဉ်ပါ
Cream cleanser တွေနဲ့ မတည့်တဲ့သူတွေအနေနဲ့ Gel cleanser ကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ Cream cleanser တွေဟာ အဆီပြန်တဲ့အသားအရေကိုတောင်မှ
ခြောက်သွေ့စေတာကြောင့် အသားအရေအတွက် ပိုမိုထိရောက်မှုရှိစေမယ့် မတူညီတဲ့အမျိုးအစားတစ်ခုကို ပြောင်းလဲသုံးစွဲသင့်ပါတယ်။
Sun Cream လိမ်းပါ
နေရောင်ခြည်နဲ့ ထိခိုက်မိခြင်းဟာ အပြင်ဘက်အရေပြားလွှာကနေ အတွင်းပိုင်းထိ ဖောက်ထွင်းဝင်ရောက်စေတာကြောင့် နေရောင်ကာခရင်မ်ကိုတော့ မဖြစ်မနေလိမ်းပေးရပါမယ်။
ဒါကြောင့် နေရောင်ကာခရင်မ် စတင်လိမ်းပြီး နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမခံပဲ ငယ်ရွယ်နုပျိုလှပစွာ ရှင်သန်နိုင်ပါတယ်။
မျက်နှာခဏခဏမသစ်ပါနဲ့
အဆီပြန်အသားအရေပိုင်ရှင်တွေဟာ စေးကပ်ကပ်နိုင်တဲ့ ခံစားမှုကြောင့် မကြာခဏ မျက်နှာသစ်ချင်ကြပါတယ်။ ဒါပေမယ့် ဆေးကြောချိန်တိုင်းမှာ cleanser မသုံးစွဲသင့်ပါဘူး။
အလွန်အကျွံမျက်နှာသစ်ခြင်းဟာ အသားအရေကို ခြောက်သွေ့စေတဲ့အတွက် အိုမင်းရင့်ရော်စေတဲ့ လက္ခဏာတွေကို ပိုမိုသိသာလာစေပါတယ်။
အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝအောင်အိပ်ခြင်းကတော့ အသားအရေအမျိုးအစားအားလုံးကို သက်ရောက်မှုဖြစ်စေမယ့် နည်းလမ်းပဲဖြစ်ပါတယ်။
အိပ်စက်ရာမှာလည်း ပက်လက်အနေအထားဖြင့် အိပ်စက်ခြင်းဟာ အကောင်းဆုံး ကိုယ်ဟန်အနေအထား ဖြစ်ပါတယ်။
မှောက်လျက်အိပ်မယ်ဆိုရင် မျက်နှာပေါ်ကအသားအရေတွေကို လျင်လျင်မြန်မြန် အိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေလည်း ပေါ်လာစေနိုင်ပါတယ်။
Reference-yesstyle.com
Zawgyi ျဖင့္ဖတ္ရန္...
အဆီျပန္အသားအေရပိုင္ရွင္ အမ်ိဳးသမီးေတြဟာ တျခားသူေတြထက္ အိုမင္းရင့္ေရာ္မႈ ေနာက္က်ႏိုင္ေပမယ့္ အမ်ားနည္းတူေတာ့ ထိန္းသိမ္းကာကြယ္မႈေတြကို ျပဳလုပ္ရမွာပဲ ျဖစ္ပါတယ္။
အျမႇဳပ္ထတဲ့မ်က္ႏွာသစ္ေဆးေတြကို ေရွာင္က်ဥ္ပါ
Cream cleanser ေတြနဲ႔ မတည့္တဲ့သူေတြအေနနဲ႔ Gel cleanser ကို ေ႐ြးခ်ယ္သုံးစြဲသင့္ပါတယ္။ Cream cleanser ေတြဟာ အဆီျပန္တဲ့အသားအေရကိုေတာင္မွ
ေျခာက္ေသြ႕ေစတာေၾကာင့္ အသားအေရအတြက္ ပိုမိုထိေရာက္မႈရွိေစမယ့္ မတူညီတဲ့အမ်ိဳးအစားတစ္ခုကို ေျပာင္းလဲသုံးစြဲသင့္ပါတယ္။
Sun Cream လိမ္းပါ
ေနေရာင္ျခည္နဲ႔ ထိခိုက္မိျခင္းဟာ အျပင္ဘက္အေရျပားလႊာကေန အတြင္းပိုင္းထိ ေဖာက္ထြင္းဝင္ေရာက္ေစတာေၾကာင့္ ေနေရာင္ကာခရင္မ္ကိုေတာ့ မျဖစ္မေနလိမ္းေပးရပါမယ္။
ဒါေၾကာင့္ ေနေရာင္ကာခရင္မ္ စတင္လိမ္းၿပီး ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးမခံပဲ ငယ္႐ြယ္ႏုပ်ိဳလွပစြာ ရွင္သန္ႏိုင္ပါတယ္။
မ်က္ႏွာခဏခဏမသစ္ပါနဲ႔
 
အဆီျပန္အသားအေရပိုင္ရွင္ေတြဟာ ေစးကပ္ကပ္ႏိုင္တဲ့ ခံစားမႈေၾကာင့္ မၾကာခဏ မ်က္ႏွာသစ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ ေဆးေၾကာခ်ိန္တိုင္းမွာ cleanser မသုံးစြဲသင့္ပါဘူး။
အလြန္အကြၽံမ်က္ႏွာသစ္ျခင္းဟာ အသားအေရကို ေျခာက္ေသြ႕ေစတဲ့အတြက္ အိုမင္းရင့္ေရာ္ေစတဲ့ လကၡဏာေတြကို ပိုမိုသိသာလာေစပါတယ္။
အိပ္ေရးဝဝအိပ္ပါ
 
အိပ္ေရးဝေအာင္အိပ္ျခင္းကေတာ့ အသားအေရအမ်ိဳးအစားအားလုံးကို သက္ေရာက္မႈျဖစ္ေစမယ့္ နည္းလမ္းပဲျဖစ္ပါတယ္။
အိပ္စက္ရာမွာလည္း ပက္လက္အေနအထားျဖင့္ အိပ္စက္ျခင္းဟာ အေကာင္းဆုံး ကိုယ္ဟန္အေနအထား ျဖစ္ပါတယ္။
ေမွာက္လ်က္အိပ္မယ္ဆိုရင္ မ်က္ႏွာေပၚကအသားအေရေတြကို လ်င္လ်င္ျမန္ျမန္ အိုမင္းရင့္ေရာ္ေစၿပီး အေရးအေၾကာင္းေတြလည္း ေပၚလာေစႏိုင္ပါတယ္။
Reference-yesstyle.com
Myanmar Wedding Guide
 
			
							
						

 
		  	
		  



 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 