တင်းတိပ်နဲ့အမဲစက်တွေအတွက် အိမ်တွင်းကုထုံး

တင်းတိပ်နဲ့အမဲစက်တွေအတွက် အိမ်တွင်းကုထုံး google

တင်းတိပ်ဆိုတာ နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာများရင်ပဲဖြစ်ဖြစ်၊ သွေးသားအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်

 

ချစ်တို့ရဲ့မျက်နှာပေါ်မှာနေရာယူလာတတ်ကြတဲ့ အမဲစက် အစက်အပြောက်လေးတွေပါနော်။ အသက်ငယ်တုန်းမှာသိပ်မသိသာတတ်ပေမယ့်

 

အသက် သုံးဆယ်ကိုကျော်သွားရင်တော့ မျက်နှာပေါ်မှာ အစက်အပြောက်တွေ၊ တင်းတိပ်တွေ တဖြည်းဖြည်းချင်းပေါ်လာလို့

 

စိတ်ပျက်လက်ပျက်ဖြစ်ရတတ်ပါတယ်။

 

ဒါကြောင့် ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် တင်းတိပ်နဲ့အမဲစက်

 

အစက်အပြောက်တွေကိုလျော့ပါးသက်သာစေတဲ့ အိမ်တွင်းကုထုံးလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဂျင်း၊ ရှာလကာရည်အဖြူ နှင့် ပျားရည်တို့ပဲဖြစ်ပါတယ်နော်။

အရင်ဦးဆုံး ဂျင်းကိုရေစင်စင်ဆေးပြီး အပြားကလေးတွေလှီးပေးထားပါ။ပြီးရင်တော့ ဂျင်းကိုပုလင်းလေးးထဲထည့်ပြီး

 

ရှာလကာရည်လောင်းထည့်ပေးလိုက်ပါ။ ရှာလကာရည်က ဂျင်းကိုမကျော်စေရပါဘူးနော်။အဲ့ဒီပုလင်းကို လေလုံအောင်ဖုံးထားပြီး ေ

 

ရခဲသေတ္တာထဲတွင် တစ်ရက်သိမ်းထားပါ။နောက်နေ့တစ်ရက်မှာတော့ ဂျင်းစိမ်ထားတဲ့ ဂျင်းနှင့်ရှာလကာရည်ကိုလိုသလောက်

 

ပန်းကန်လုံးလေးထဲထည့်ပါ။ ပျားရည်သင့်တင့်ရုံလေးထည့်၊သေချာမွှေထားပြီး နာရီဝက်ခန့် ထားလိုက်ပါ။

ပြီးရင်တော့ အဲ့ဒီအရည်ကို မျက်နှာအနှံ့သုတ်လိမ်းပေးပြီး စက်ဝိုင်းပုံအတိုင်း မျက်နှာအတွင်းစိမ့်ဝင်သွားသည်အထိ ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။

 

မျက်နှာအတွင်း စိမ့်ဝင်သွားပြီဆိုပါက ရေနွေးနွေးလေးသုံးပြီး မျက်နှာသစ်ပေးလိုက်ရုံပါပဲ။

 

တစ်ပတ်တစ်ကြိမ်ခန့်ပုံမှန်လုပ်ပေးခြင်းဖြင့် ချစ်တို့ရဲ့မျက်နှာပေါ်က အစက်အပြောက်နှင့် တင်းတိပ်တွေပါးသွားပြီး

 

အသားအရေကြည်လင် ဝင်းပလာတာကိုတွေ့ရမှာဖြစ်ပါတယ်နော်။

 

Sensitive ဖြစ်တတ်တဲ့ ချစ်တို့အနေနဲ့ကတော့ နှစ်ပတ်ကိုတစ်ကြိမ်လောက်ပဲလုပ်ပေးပါနော်။

 

 


 


 


 


 

gg6

 


 


 


 

gg4

 


 


 


 


 

gg2

 

 


 


 


 


 


 

Myanmar Wedding Guide

 

jjjj



Read times Last modified on Tuesday, 17 March 2020 17:06
Rate this item
(0 votes)
Tagged under