ဆောင်းရာသီမှာ ဗောက်တွေ ပိုထနေလား

ဆောင်းရာသီမှာ ဗောက်တွေ ပိုထနေလား Goolge

ဆောင်းရာသီရောက်ရင် ဗောက်တွေ ပိုပြီးထလာတတ်တာကို သတိထားမိကြလား။

 

အဲ့လိုမျိုးဗောက်တွေထလာပြီဆိုရင် အလှအပထက် အရင်ဦးဆုံးခေါင်းယားတဲ့ ဒဏ်က ပိုပြီးခံရခက်ပါတယ်။ အဲ့တော့ ဆောင်းရာသီမှာ ပိုပြီးထလာတတ်တဲ့ ဗောက်တွေကို ဘယ်လိုမျိုး ဖြေရှင်းကြမလဲ။

သဘာဝနည်းနဲ့ ပြုလုပ်လို့ရနိုင်တဲ့ ဗောက်ပျောက်နည်းလေးတွေကို Wedding Guide ရဲ့ ပရိသတ်ကြီးကို ပြောပြပေးသွားပါမယ်။


Coconut Oil ကို အသုံးပြုပါ
Coconut Oil က ဗောက်ပျောက်ဖို့အတွက် အရမ်းကောင်းတဲ့ ဆေးတစ်ခုလိုပါပဲ။ Coconut Oil က အသားအရေကို စိုပြေစေပြီးတော့ ရေဓါတ်အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။

အဲ့ဒါကြောင့်လည်း ခေါင်းမှာ ဖြစ်တတ်တဲ့ ဗောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

Aloe Vera ကို အသုံးပြုပါ
Aloe Vera ဆိုတာကလည်း အသားအရေအတွက် တကယ့်ကို ကောင်းတဲ့ သဘာဝပစ္စည်းတစ်မျိုးပါပဲ။

Aloe Vera ကို နေလောင်ထားတဲ့အသားအရေတို့ကိုလည်း သက်သာစေတဲ့အပြင် ဦးရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ ဗောက်ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။


ဒါလေးတွေက ဗောက်ထတဲ့အခါ သက်သာပျောက်ကင်းနိုင်အောင် ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေပါ။ အဲ့ဒါကြောင့် ဆောင်းရာသီမှာ ဗောက်မထအောင်လို့ ဒီနည်းလမ်းလေးတွေ သုံးပြီး ဖြေရှင်းကြည့်ကြရအောင်နော်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 30 December 2020 18:02
Rate this item
(0 votes)