Collagen ဆိုတာဘာလဲ...။

Collagen ဆိုတာဘာလဲ...။ google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Collagen ဆိုတာဘာလဲ။Collagenရဲ့ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ ဆိုတာတွေကိုပြောပြပေးချင်ပါတယ်။

 

 

Collagen ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။Collagen ဟာကျန်းမာလှပတဲ့အသားအရေကိုရရှိစေခြင်း၊အရိုးအဆစ်နာကျင်ယောင်ရမ်းတာတွေကို လျော့ပါးသက်သာစေခြင်း၊

 

 

အရိုးပွခြင်းကိုကာကွယ်ပေးနိုင်ခြင်း၊ကြွက်သားထုထည်တိုးစေခြင်း၊နှလုံးကျန်းမာရေးကိုလှုံ့ဆော်ပေးခြင်း၊ဆံသားနဲ့ခြေသည်းလက်သည်းတွေကိုအားဖြည့်ပေးခြင်း စတာတွေကိုလုပ်ဆောင်ပေးပါတယ်။

 

 

ခန္ဓာကိုယ်မှာရှိတဲ့ သဘာဝ Collagen ဓာတ်တွေကအသက် ၂၀ ကျော်တာနဲ့ တဖြည်းဖြည်းကျဆင်းလာတတ်ပါတယ်။

 

 

ဒါကြောင့်အသက် ၂၅ လောက်ကစလို့အရေးအကြောင်းတွေ၊ အသားအရေလျော့တွဲတာတွေဟာမသိမသာလေးစတင်လာပါတယ်။

 

 

သကြားဓာတ်လွန်ကဲတဲ့အစားအစာတွေကို စားသုံးမှုက Collagen ကို ခြောက်သွေ့ အားနည်းစေတာကြောင့်အိုမင်းလွယ်စေပါတယ်။

 

 

တိုက်ရိုက်နေရောင်ခြည်နဲ့ထိတွေ့မှုကလည်း ခန္ဓာကိုယ်ထဲက collagen တွေကို ဆုံးရှုံးစေတဲ့အချက်တစ်ချက်ပါပဲ။

 

 

ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားတဲ့ Collagen တွေကို အချိန်မီပြန်လည်ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။

 

 

Collagen Drink တွေကိုသောက်သုံးခြင်းအပြင် သဘာဝအသီးအနှံတွေဖြည့်စွက်စားသုံးပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ Collagen တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

 

 

Reference: healthline.com

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 


 


 


 

co3

 


 


 


 

co4

 


 


 


 

co2

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 03 February 2020 16:03
Rate this item
(0 votes)
Tagged under