ဆားဝက်ခြံတွေကိုလျော့ပါးသက်သာစေတဲ့ မျက်နှာကပ်ခွာ Mask ပြုလုပ်နည်း

ဆားဝက်ခြံတွေကိုလျော့ပါးသက်သာစေတဲ့ မျက်နှာကပ်ခွာ Mask ပြုလုပ်နည်း google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဆားဝက်ခြံတွေကိုလျော့ပါးသက်သာစေတဲ့

 

မျက်နှာကပ်ခွာ Mask ပြုလုပ်တဲ့နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

 

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ငှက်ပျောသီးအမှည့်တစ်လုံး၊အုတ်ဂျုံနဲ့ပျားရည်တို့ပဲဖြစ်ပါတယ်။

 

oak2

 

ပြုလုပ်ရမယ့်နည်းလမ်းကတော့ ပန်းကန်လုံအလွတ်တစ်ခုထဲမှာငှက်ပျောသီးမှည့်ကို ကျေညက်အောင်ကျိတ်ချေပါ။အုတ်ဂျုံနဲ့ပျားရည်တို့ကိုထပ်မံပေါင်းထည့်ပြီး သမအောင်မွှေပါ။

 

ရရှိလာတဲ့ အနှစ်ကို မျက်နှာပြင်အနှံ့စက်ဝိုင်းပုံစံအတိုင်း ၅မိနစ်ကနေ၇မိနစ်လောက်ထိ

 

ပွတ်လိမ်းနှိပ်နယ်ပေးပါ။ပြီးရင်တော့ ရေဆေးချပေးပြီး အစိုဓာတ်ဖြည့်ခရင်မ်တစ်မျိုးလိမ်းပေးလိုက်ရင်ရပါပြီ။

 

oak4

 

အုတ်ဂျုံဟာ ဆဲလ်သေတွေကိုလျှော့ပါးစေပြီး အသားအရေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ပျားရည်မှာတော့ ဘတ်တီးရီယားတွေကိုထိန်းချုပ်နိုင်စွမ်းရှိတာဖြစ်လို့

 

oak

 

ဝက်ခြံဖြစ်ပွားမှုတွေကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ငှက်ပျောသီးမှာတော့ အစိုဓာတ်ကို အဓိက ပေးစွမ်းနိုင်တာဖြစ်လို့ အခုဖော်ပြပေးခဲ့တဲ့

 

Mask ကို တစ်ပတ်တစ်ကြိမ်လောက်ပုံမှန်ပြုလုပ်ပေးမယ်ဆို ဆားဝက်ခြံတွေလျော့ပါးလာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

 

Reference: food ndtv.com

 

ဓာတ်ပုံဆရာ(၈၁)ဦးကိုသိရှိလိုပါက နှိပ်ပါ။

 

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 


 


 


 


 


 


 


 


 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under