အလှအပရေးရာအတွက်သိထားသင့်တဲ့မျက်ရစ်အမျိုးအစားများ

အလှအပရေးရာအတွက်သိထားသင့်တဲ့မျက်ရစ်အမျိုးအစားများ

မိန်းကလေးတွေက သူများ လှရင် ကိုယ်လဲ လှအောင်နေချင်တဲ့ အမျိုးပါ '' ဟင်း သူ့လို ငါမျက်လုံးချယ်တာပဲ မလှဘူး သူ့လို ဘာမှားနေလို့ပါလိမ့်" အဲ့ လို ပြသနာတွေ ဖြစ်နေရင်တော့
ကိုယ့်မျက်ရစ်အမျိုးအစား ကိုသိဖို့လို ပါပြီ။

မျက်လုံး ကတော့ ပုံစံ အမျိုးမျိုးရှိပေမဲ့ မျက်ရစ်ကိုတော့ ယေဘုယျအားဖြင့် ပုံစံသုံးမျိုးသာရှိပါတယ်။Monolid , Hooded Eyelid, Double lid တို့ပါ။

 

MonoLid or Asian Eyes ( မရှိသော မျက်ရစ် )

ဒါက တရုတ်မလေးတွေ ဂျပန်ကိုရီးယား မလေးတွေမျက်လုံးမျိုးပါ မျက်ရစ်လုံးဝ မရှိ ပါဘူး ပိတ်ပိတ်လေးတွေပေါ့။သူတို့တွေ အတွက် Eye liner က အသက်ပါပဲ။

ထိုမျက်ရစ်နဲ့ Daily ပြင်မယ်ဆို Korean look လိမ်းပါ ပွဲဆို classic smokey ခြယ်ပါ။လုံးဝ မလုပ်က မှာက အောက်မျက်လုံး တွေပါအမဲ ဆိုးတာ က ပိုသေးစေပါတယ် မျက်တောင်တု အကြီးကြီးလဲလှပါတယ် မျက်ရစ်တိပ်သုံးပေးပါ။

 

Hooded Eyelid ( ခပ်ဖုံးဖုံးမျက်ရစ် )

ဒါကကျ ကျွန်မ တို့ မြန်မာ လူမျိုးတွေအများဆုံးရှိတဲ့မျက်လုံးပါ မျက်ရစ်ပါတယ် ဒါမဲ့ မျက်ရစ်အပေါ်သားက အောက်တွဲ ပြီး မျက်ရစ်ကိုဖုံးလုလုပဲ အသက်ကြီး လာလေ အဲ့လိုဖြစ်လေပါ

Eye cream လိမ်းပေးပါ အပြောင် eye shadowတွေမသုံးသင့်ပါဘူး လိုက်မဲ့ ဟာလေးတွေ ပြထားပါတယ်နော်။မျက်လုံးအပြည့်liner ဆိုးရင်အရမ်းလှပါတယ်။Taylor swift, Blake Lively, J law ,Selena Gomez,တို့လည်း Hooded ပါပဲ။

 

Double eyelid ( ထင်ရှားတဲ့ မျက်ရစ် )

ကံအကောင်းဆုံး လူပါ Indian လူမျိုးတွေ အများဆုံးရှိကြတယ် အနောက်တိုင်းမှာလဲ ပေါပါတယ်။Kim Kardashians ညီအစ်မတွေ Elle Fanning တို့ မှာရှိပါတယ်။ဘယ်လို ချယ်ချယ် လှနေ ကြတာပါ အရမ်းမဲ တဲ့ Smokey တွေကတော့ လှတဲ့ မျက်လုံးလေးမှိုင်းစေလို့မလိုက်ပါဘူး။

 

ဒါ့ထက် အခု လက်ရှိမှာ မျက်ရစ် တိပ် တွေ အလှပြင် တိုင်း လူတွေ အတော်လေးအသုံးပြု လာကြပါတယ်။ဘယ်လို Looks မျိုးရှိနေပါစေမှု ကိုယ့် ပင်ကို အလှ ကိုယ်ဂုဏ်ယူပါ အမြဲယုံကြည်ချက် ရှိပါလို့ တိုက်တွင်းပါရစေ။

 

Blepharoplasty: Monolid Surgery on Asian Women

 

<<< Zawgyi >>> 

 

အလွအပေရးရာအတြက္သိထားသင့္တဲ့မ်က္ရစ္အမ်ိဳးအစားမ်ား

------------------------------

 


 


 




 




 



 


 

Ref ; Teen Vogue 

Read times
Rate this item
(0 votes)
Tagged under