ဝက်ခြံကိုအမြစ်ပြတ်ချေမှုန်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ....

ဝက်ခြံကိုအမြစ်ပြတ်ချေမှုန်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ.... google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ ဝက်ခြံကြောင့်စိတ်အနှောက်အယှက်ဖြစ်နေကြရတဲ့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဝက်ခြံကိုအမြစ်ပြတ်ချေမှုန်းပေးနိုင်တဲ့ သဘာဝပစ္စည်းတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

 

ပျားရည်နဲ့သစ်ကြမ်းပိုးခေါက်

 

သစ်ကြမ်းပိုးခေါက်နဲ့ပျားရည်ကို ဆတူရောစပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပါ။နောက်နေ့မှာတော့ အဲ့ဒီအနှစ်ကို မျက်နှာပေါ်မှာ မိနစ်အနည်းငယ်ခန့် လိမ်းထားပြီး

 

ရေနွေးနွေးလေးနဲ့ အသာအယာဆေးချရပါမယ်။တစ်ပတ်တစ်ခါပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုဝက်ခြံတွေသိသိသာသာပါးလာတာကိုတွေ့ရမှဖြစ်ပါတယ်။

 

ဒိန်ချဉ်


ဒိန်ချဉ်သန့်သန့်ကို မျက်နှာမှာလိမ်းကျံပေးခြင်းအားဖြင့် ကြည်လင်လန်းဆန်းစေပြီး နီမြန်းရောင်ရမ်းမှုတွေ လျော့ကျစေပါတယ်။ မျက်နှာပေါ်မှာ မိနစ်၂၀လောက်ထားပြီး ရေနဲ့ဆေးချပေးရပါမယ်။

 

သံလွင်ဆီနဲ့သကြား

 

သံလွင်ဆီအနည်းငယ်ကို သကြားနဲ့ရောစပ်ကာ scrub ပြုလုပ်ပြီး မျက်နှာကိုဆေးကြော သန့်စင်နိုင်ပါတယ်။မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်တိုက်ပြီး Scrub လုပ်ခြင်းကိုတော့ရှောင်ပေးပါနော်။

 

မုန့်ဖုတ်ဆော်ဒါ

 

မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေနွေးအနည်းငယ်ရောစပ်ပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅မိနစ် ၊ မိနစ်၂၀ခန့် ထားပြီးတဲ့အခါမှာတော့ ရေနွေးနွေးလေးနဲ့ဆေးချပြီး မျက်နှာကို ခြောက်သွေ့အောင် သုတ်ပေးပါနော်။

 

Reference:Healthline.com

 

Zawgyi ဖြင့်ဖတ်ရန်...

 


ttt




ttt1

ဒိန်ချဉ်

 


ttt2

သံလွင်ဆီနဲ့သကြား


ttt3

မုန့်ဖုတ်ဆော်ဒါ



 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 04 February 2020 13:32
Rate this item
(1 Vote)
Tagged under