နေလောင်ထားသောအသားအရေများအတွက် နည်းလမ်းကောင်း(၁၀)မျိုး

နေလောင်ထားသောအသားအရေများအတွက် နည်းလမ်းကောင်း(၁၀)မျိုး Google

Wedding Guide ရဲ့ ပရိတ်သတ်တွေအတွက် အခုလို Covid ကာလ အိမ်ထဲမှာနေနေရတဲ့ အချိန်မှာ ကိုယ့်အသားအရည်ကို ကောင်းမွန်လာအောင်လုပ်ဖို့အကောင်းဆုံး အချိန်ဖြစ်တဲ့အတွက် မီးဖိုချောင်သုံးပစ္စည်းတွေကို သုံးပြီး ကိုယ့်ရဲ့ နေလောင်ထားတဲ့ အသားအရည်ကို ပျောက်ကင်းအောင်ကင်း ကုသနည်းကို မျှဝေလိုက်ပါတယ်။

 

၁။ ရေခဲ (သို့မဟုတ်) အအေးဓာတ်ရှိသော ခရင်မ် ကိုနေလောင်ခံထားရသော အရည်ပြားပေါ်မှာ ကပ်ပေးပါ။

 

၂။ ရေခဲရေဖြင့် သန့်စင်ပေးပါ (သို့မဟုတ်) ရေချိုးပေးပါ။

 

၃။ အချဉ်ဓာတ်ရှိသော ဗင်နီဂါကို ရေဖြင့်အညီအမျှရောစပ်ပြီး နေလောင်ခံထားရသော နေရာများပေါ်တွင် လိမ်းပေးပါ။

 

၄။ ရှားစောင်းလက်ပတ်ပါဝင်သော Lotion,cream များကိုပုံမှန် သုံးစွဲပေးပါ။

 

၅။ အအေးခံထားသော နို့ ထဲတွင် အဝတ်သန့် စိမ်ထားပါ ပြီးနောက် ထိုအဝတ်ကို နေလောင်ခံထားရသောနေရာပေါ်တွင် အချိန်ကြာကြာနှင့် မကြာခဏ အုပ်ထားပေးပါ။

 

၆။ Vitamin E ပါဝင်သော Lotion,cream များကို လိမ်းပေးပါ။

 

၇။ ရေနွေးကြမ်းထဲမှ လက်ဖက်ခြောက်ဖက်များကို အအေးခံထားပြီး နေလောင်ခံထားရသောနေရာများပေါ်တွင် အုပ်ထားပါ။

 

၈။ သခွားသီးကို အရည်ညှစ်ပြီးတော့ရလာသောအရည်များကို လိမ်းပေးပါ (သို့မဟုတ်) သခွားသီးကို ပါးပါးလေး အကွင်းလိုက်လှီပြီး နေလောင်ခံထားရသော နေရာအပေါ်တွင်ကပ်ပေးပါ။

 

၉။ အာလူးကို အရည်ညှစ်ပြီးတော့ရလာသောအရည်များကို ဂွမ်းလေးနဲ့တို့ပြီး လိမ်းပေးပါ။ (သို့မဟုတ်) ပါးပါးလေး အကွင်းလိုက်လှီပြီး နေလောင်ခံထားရသော နေရာအပေါ်တွင်ကပ်ပေးပါ။

 

၁၀။ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ခြင်းဘဲဖြစ်ပါတယ်။ SPF 15 နှင့် အထက်ပါဝင်သော နေလောင်ဒဏ်ခံနိုင်သော Sun Cream များကို နေ့စဉ်အသုံးပြုပေးပါ။

 

 

By Myanmar Wedding Guide

Read times Last modified on Saturday, 26 September 2020 17:24
Rate this item
(0 votes)
Tagged under