Primer အကြောင်းသိကောင်းစရာ

Primer အကြောင်းသိကောင်းစရာ google

ချစ်တို့ အနေနဲ့  Primer ဆိုတာကို ကောင်းကောင်းရင်းနှီးကြမယ်လို့ ထင်ပါတယ်။

 

Primer လိမ်းတယ်ဆိုတာ ချစ်တို့ ရဲ့ မျက်နှာအရေပြားနဲ့  makeup foundation ကြားမှာ

 

အလွှာတစ်ခုခံလိုက်တဲ့သဘောပါနော်။အဲ့ဒီလို Primer ခံလိမ်းခြင်းအားဖြင့် မိတ်ကပ်ကြောင့်

 

ဓာတ်မတည့်မှုဖြစ်လာမယ်တောင် ချစ်တို့ ရဲ့ မျက်နှာအရေပြားကို တိုက်ရိုက်ထိခိုက်မှုမဖြစ်စေနိုင်တော့ပါဘူး။

 

ဒါ့အပြင် Primer လိမ်းခြင်းအားဖြင့် ချစ်တို့ ရဲ့ မိတ်ကပ်သားကို ကွက်တာ ပြန့် တာမျိုး မဖြစ်စေဘဲ

 

မိတ်ကပ်ကြာရှည်ခံနိုင်သလို နေ့ တိုင်းလိမ်းမယ်ဆိုလည်း side effect အနေနဲ့ 

 

ဘာမှဆိုးဆိုးဝါးဝါးမဖြစ်စေနိုင်ပါဘူးနော်။

 

ဒါပေမယ့် ကိုယ့် skin type ကို သေချာသိပြီး ရွေးချယ်သုံးပေးဖို့ တော့ လိုမယ်နော်။

 

Foundation Primer နဲ့ Eyeshadow Primer တွေဟာ Primerတွေရဲ့ မူလအစဖြစ်သလို

 

ဒီနေ့ အထိလည်း လူသုံးအများဆုံး ဖြစ်ပါတယ်နော်။အဲ့ဒီနောက်ပိုင်းမှာတော့

 

nail,lipစတာတွေအတွက်ပါထုတ်လုပ်လာကြပါတယ်။

 

Primer ကိုများသောအားဖြင့် Silicon based နဲ့  Water-based ဆိုပြီး၂မျိုးထုတ်လုပ်ကြပါတယ်။

 

ချစ်တို့ အနေနဲ့  Silicon based Primer တွေကို

 

ချွေးပေါက်၊အမာရွတ်နဲ့ အရေးအကြောင်းစတာတွေကို ဖြည့်ဖို့ အတွက်အဓိကသုံးနိုင်ပြီးတော့

 

water-based Primerတွေကိုတော့ မိတ်ကပ်သားပါးပါးကြည်ကြည်လေးနဲ့ အချိန်အကြာကြီး လှနေချင်ရင် သုံးနိုင်ပါတယ်နော်

 

Primer မှာထပ်ပြီး အရောင်ပါတဲ့ Primer ၊ အရောင်မပါတဲ့ Primer နဲ့ SPF ပါတဲ့ Primer ဆိုပြီးလည်းရှိပါသေးတယ်။

 

အရောင်ပါတဲ့ Primer က ချစ်တို့ ရဲ့ မျက်နှာပြင်ပေါ်က အသားအအရောင် မညီညာမှုတွေကို ညှိပေးနိုင်ပြီး

 

SPF ပါတဲ့ Primer ကိုတော့ နေပူထဲအထွက်များတဲ့ ချစ်တို့  သုံးသင့်ပါတယ်နော်။

 

အရးအကြီးတစ်ချက်အနေနဲ့ က အဆီပြန်တတ်တဲ့ ချစ်တို့ အနေနဲ့ ကတော့ Primer သုံးမယ်ဆို

 

water-based primer ကိုပဲ ရွေးချယ်သင့်ပါတယ်နော်။

 

ဘာကြောင့်လည်းဆိုတော့ Silicon based primer ၀က်ခြံဖြစ်ပေါ်မှုကို အားပေးလို့ ပါနော်။

 

ကဲ ဒီလောက်ဆို Primerတွေအကြောင်း စုံစုံလင်လင် သိလောက်ပြီမို့  ချစ်တို့ ရဲ့ အသားအရည်လေးတွေနဲ့ သင့်တော်တဲ့

 

Primerလေးတွေကို ၀ယ်ယူသုံးစွဲပြီး မိတ်ကပ်သားစွဲစွဲလေးနဲ့ လှနိုင်ကြပါစေရှင်။

 

Myanmar Wedding Guide

 

3

Read times
Rate this item
(1 Vote)
Tagged under