ဆောင်းတွင်းမှာခေါင်းလျှော်တဲ့အခါရေအေးသုံးသင့်လား ဒါမှမဟုတ် ရေနွေးသုံးသင့်လား...။

ဆောင်းတွင်းမှာခေါင်းလျှော်တဲ့အခါရေအေးသုံးသင့်လား ဒါမှမဟုတ် ရေနွေးသုံးသင့်လား...။ google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် အခုလိုဆောင်းတွင်းမှာခေါင်းလျှော်တဲ့အခါ

 

 

ရေအေးသုံးသင့်လား ဒါမှမဟုတ်ရေနွေးသုံးသင့်လားဆိုတာကိုသေချာလေးပြောပြပေးချင်ပါတယ်နော်။

 

 

ရေနွေးဖြင့် ခေါင်းလျှော်ခြင်းဟာ ဦးရေပြားမှာရှိတဲ့ ချေျွးပေါက်တွေကို ပွင့်သွားစေပြီး အညစ်အကြေးနဲ့အဆီတွေကို အနက်ရှိုင်းဆုံးထိသန့်စင်ပေးနိုင်သလို

 

 

ဆံသားမှလိုအပ်တဲ့ အဆီဓာတ်တွေနဲ့ အစိုဓာတ်တွေကို ဖယ်ရှားပစ်နိုင်တာကြောင့် ဦးရေပြားကို ခြောက်သွေ့စေပြီး ဆံသားကျွတ်ဆပ်စေခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်နော်။

 

 

ရေအေးဖြင့်ခေါင်းလျှော်မယ်ဆိုရင်တော့ ဆံကေသာရဲ့အစိုဓာတ်ကိုထိန်းသိမ်းပေးထားနိုင်ရုံတင်သာမက ဦးရေပြားအတွက်ရေဓာတ်ကို ပြည့်ဝစေပါတယ်။

 

 

ချွေးပေါက်တွေကိုလည်း လိုအပ်တာထက်ပိုပြီး မပွင့်စေတာကြောင့် အညစ်အကြေးနဲ့ အဆီတွေကို ဦးရေပြားထဲဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။

 

 

ဒါ့အပြင် ခြောက်သွေ့မှုကင်းစင်ပြီး တောက်ပကျန်းမာတဲ့ဆံသားကို အချိန်တော်တော်ကြာ ထိန်းပေးထားနိုင်ပြီး ဦးရေပြားကိုလည်း ဗောက်မထအောင် ကာကွယ်ပေးနိုင်တာဖြစ်လို့

 

 

ဆောင်းတွင်းမှာရေချိုးတာပဲဖြစ်ဖြစ်၊ခေါင်းလျှော်တာပဲဖြစ်ဖြစ် ရေအေးကိုအသုံးပြုတာကအကောင်းဆုံးပါပဲနော်။

 

 

Crd-Hninn Yu San

 

 

Reference- swirlster.ndtv.com

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 

ရအေးသုံးသင့်လား ဒါမှမဟုတ်ရေနွေးသုံးသင့်လားဆိုတာကိုသေချာလေးပြောပြပေးချင်ပါတယ်နော်။

 

wah1

 

ရနွေးဖြင့် ခေါင်းလျှော်ခြင်းဟာ ဦးရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်သွားစေပြီး အညစ်အကြေးနဲ့အဆီတွေကို အနက်ရှိုင်းဆုံးထိသန့်စင်ပေးနိုင်သလို

 


 

wah2

 


 


 


 


 

Crd-Hninn Yu San

 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 10 February 2020 15:28
Rate this item
(0 votes)
Tagged under