ပျိုမေတို့အသားအရည် ကြည်လင်လှပစေဖို့ စကွင်းကဲကြစို့

ပျိုမေတို့အသားအရည် ကြည်လင်လှပစေဖို့ စကွင်းကဲကြစို့ Google

ယနေ့ခေတ် မိန်းကလေးအများစုဟာ မျက်နှာ၊ အသားအရေနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်စိုက်လာကြပါတယ်။

 

မိန်းကလေးတော်တော်များများက အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်နဲ့ တွဲပြီးလုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။ အလုပ်နှစ်ခု၊ သုံးခုကို တွဲပြီးလုပ်တဲ့အတွက် စိတ်ဖိစီးမှုက အနည်းနဲ့အများရှိလာပါတယ်။

 

ပင်ပန်းနေတဲ့ အသားအရည်၊ အလုပ်ကြောင့် စိတ်ဖိစီးမှုများနေတဲ့ အသားအရည် တွေဟာ ကြာလာတော့ မျက်နှာမှာ သွေးလည်ပတ်မှု မကောင်းတော့ဘဲ အသားအရည် ကြည်လင်မှုမရှိဘဲ ညစ်လာမယ် ၊ အမည်းကွက်တွေ ထွက်လာမယ်၊ တဖြည်းဖြည်းနဲ့ ဆဲလ်သစ်မွေးဖွားနှုန်းတွေ ကျလာပါမယ် ။ အဲလိုအချိန်မှာ အသားအရည်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ Esthetic ကို သွားဖို့ လိုအပ်လာပါပြီ။ သွားတဲ့အခါမှာလည်း တကယ်ကို massage ကျွမ်းကျင်တဲ့သူက သေချာလေးနှိပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုအား ပြန်ကောင်းလာမှာဖြစ်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီးတော့ ဆဲလ်သစ်ဖြစ်ပေါ်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ညစ်နွမ်းနေတဲ့ အသားအရေ ပြန်လည်ကြည်လင်လာပြီး ကျန်းမာတဲ့အသားရေကို ရရှိစေပါလိမ့်မယ်။

 

၎င်းအပြင် တစ်နာရီလောက် Facial Treatment ခံယူတာကလည်း stress တွေဖြေပျောက်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်လကို တစ်ခါ၊ နှစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေလည်းကြည်လင်လာပြီး ကိုယ်လိမ်းလိုက်တဲ့ Skin Care တွေကလဲ အလွယ်တကူ အသားအရည်ထဲ စိမ့်ဝင်ပြီး အာနိသင်ပိုထိရောက်ပါတယ်။

 

တကယ်လို့ သင်ဟာ ဆိုင်သွားဖို့ အချိန်မပေးနိုင်တဲ့ ရက်တွေမှာဆိုရင်လဲ တစ်ပတ်တစ်ခါ (သို့) နှစ်ခါ လောက် ပုံမှန် အိမ်မှာ Weekly skin care routine လုပ်ပေးသင့်ပါတယ်။ Weekly skin care routine နဲ့ Daily skin care routine မှာ Weekly က အဆင့်ပိုများပါတယ်။

 

Weekly skin care routine step တွေကတော့

1.Facial Foam

2.Exfoliate (Scrub)

3.Clay mask

4.Sheet Mask အဆင့်ဆင့်ပြုလုပ်ပြီး

5. Toner

6. Serum

7. Essence

8. Moisturizer

9. Eye Cream များကို အသားအရည်ထဲစိမ့်ဝင်အောင် သေချာလေး လိမ်းပေးပါ။


စာရေးသူလို အပြင်ထွက်ရင် ထီးဆောင်းဖို့မေ့တာတို့၊ Sun Cream လိမ်းဖို့ပျင်းတဲ့ ချိမတို့ အတွက် Facial Treatment (ဒါမှမဟုတ်) Weekly skincare တွေကို ညဘက်ပဲပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ နောက်တစ်နေ့ အပြင်သွားရင်လဲ နေရောင်ကာ Sun Cream ကို သေချာလေးလိမ်းဖို့ မမေ့ပါနဲ့နော်။

 

 


By SD (Myanmar Wedding Guide)



 

Read times Last modified on Friday, 11 September 2020 16:06
Rate this item
(0 votes)