ပုံမှန်ထက်ထူးခြားလှပသော လက်ကိုင်အိတ်ဒီဇိုင်းများ

ပုံမှန်ထက်ထူးခြားလှပသော လက်ကိုင်အိတ်ဒီဇိုင်းများ google

အိတ်များသည် ဖက်ရှင်နှင့်ဆက်စပ်မှုရှိသော လူအသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။ အိတ်တွေဆိုတာဟာ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ဖို့မလိုပါဘူး။

 

ဖက်ရှင်ကျကျအိတ်တွေကို ကိုင်တတ်ဖို့ဘဲလိုပါတယ်။ ထို့ကြောင့် အိတ်တွေကို ဖက်ရှင်နှင့်အနုပညာလက်ရာများပေါင်းစပ်၍ တီထွင်ဆန်းသစ်မှုများ ပြုလုပ်လာကြပါသည်။ brandအတော်များများသည် Tracey Emin နှင့် Marc Quinn တို့လို အနုပညာရှင်များနှင့် ပူးပေါင်း၍ ထူးခြားဆန်းပြားသော အိတ်ဒီဇိုင်းများဖန်တီးပြီး  V&A ရဲ့ ပြခန်းအသစ်တွင် ပြသထားပါသည်။ Hermès, Chanel နှင့် Dior စသည့် အိတ်အမှတ်တံဆိပ်များသည် ဂန္ထဝင်မြောက်သော ဖန်တီးမှုများအပေါ် ပိုမိုအလေးပေးလုပ်ဆောင်လာကြပါသည်။

 "ကျွန်တော်တို့ဟာ အိတ်တွေကို ဝတ်ဆင်လို့မရပါဘူး။ သူတို့ကို သယ်ဆောင်သွားလို့ဘဲရပါတယ်။ ဒါကြောင့် သူတို့ကို ထူးခြားပြီးပုံမှန်မဟုတ်တဲ့ ပုံစံတွေနဲ့ ဒီဇိုင်းဆွဲနိုင်ပါတယ်။ အိတ်မျက်နှာပြင်ပေါ်မှာ အနုပညာလက်ရာများဖြင့် အလှဆင်နိုင်၊ အရောင်ခြယ်သနိုင်ပါသည်။ ဥပမာ- အိတ်ဒီဇိုင်းတစ်ခုကို ခွေး၊ ဖား စသည့် အကောင်ပုံစံတွေအဖြစ်လည်း ဖန်တီးနိုင်ပါတယ်" ဟု V & A ၏ ပြတိုက်မှူး Lucia Savi က BBC Culture ကိုပြောကြားခဲ့ပါသည်။ ဒီနေ့တော့ ပုံမှန်ဒီဇိုင်းတွေထက် ထူးခြားပြီးလှပသော အိတ်နှစ်အိတ်အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

The Frog Purse

The frog purse from the 1600s is on display at the V&A's Bags: Inside Out exhibition (Credit: Ashmolean Museum, University of Oxford)

၁၇ရာစုတွင် ပိုက်ဆံအိတ်ငယ်များကို ဖားကဲ့သို့ ထူးခြားသော အကောင်ပုံစံဒီဇိုင်းတို့ဖြင့် ဖန်တီးချုပ်လုပ်ခဲ့ကြပါသည်။ မင်းမျိုးမင်းနွယ်တို့အချင်းချင်း လက်ဆောင်အပြန်အလှန်ပေးရာတွင် တင့်တယ်ရန်အတွက် ထိုအိတ်ငယ်များကို ရွှေချည်ငွေချည်တို့ဖြင့် တန်ဆာဆင်ချုပ်လုပ်ထားပါသည်။ ထိုဖားပုံစံအိတ်ငယ်များသည် ၁၉ ရာစုတွင် ခေတ်စားလာပြီး ခေတ်ရှေ့ပြေးလက်ကိုင်အိတ်အဖြစ် မှတ်ယူခြင်းခံခဲ့ရပါသည်။ 

 

Flower Basket Handbag

The 1996 Florist's Basket handbag by Lulu Guinness echoes styles from past centuries (Credit: Victoria and Albert Museum, London)

၁၉ရာစုမှစ၍ ထူးခြားဆန်းပြားပြီး လှပသော ပုံစံဒီဇိုင်းတို့ဖြင့် အိတ်ဖန်တီးချုပ်လုပ်မှုများ ပိုမိုတွင်ကျယ်လာခဲ့ပါသည်။ ၁၉၃၀ပြည့်နှစ်တွင် အိတ်တွေကို ပန်းပွင့်ခြင်းပုံစံ၊ နာနတ်သီးပုံစံ၊ ခုံးခွံပုံစံ စသည့်ဖြင့် အိတ်များကို အနုညာလက်ရာမြောက်အောင် ဖန်တီးခဲ့ကြပါသည်။ Paris ဒီဇိုင်နာ Anne-Marie သည် တယ်လီဖုန်း၊ ရှမ်ပိန်ခွက် နှင့် ရေဒီယို စသည့် လူ့အသုံးအဆောင်ပစ္စည်းများပုံစံ အိတ်များကို ဖန်တီးခဲ့ပါသည်။ US ဒီဇိုင်နာ Judith Leiber သည်  အိတ်များကို ပန်းကညွတ်ပုံစံ၊ နှုတ်ခမ်းနီတောင့်ပုံစံတို့ဖြင့် ဒီဇိုင်းအသစ် ဖန်တီးပြုလုပ်ခဲ့ပါသည်။ ထို့အပြင် UK ဒီဇိုင်နာ Lulu Guinness ကလည်း ပန်းပွင့်ခြင်းတောင်းပုံစံ အိတ်ဒီဇိုင်းများကို ဖန်တီးပြုလုပ်ခဲ့သည်။ ထို့ကြောင့် ၁၉၃၀ခုနှစ်တွင် ပန်းပုံစံရှိသော အိတ်ဒီဇိုင်းများကို ထိုဒီဇိုင်နာသုံးယောက်ရဲ့ ရှု့ထောင့်သုံးမျိုးမှ တွေ့မြင်ခံစားနိုင်ပါသည်။

 

Ref : the-extraordinary-handbags

Read times Last modified on Monday, 25 January 2021 17:58
Rate this item
(0 votes)
Tagged under