မင်္ဂလာရက်မတိုင်ခင် တစ်နေ့ လုံးမိတ်ကပ် လန်းဆန်းနေစေဖို့  နည်းလမ်း(၇) မျိုး

မင်္ဂလာရက်မတိုင်ခင် တစ်နေ့ လုံးမိတ်ကပ် လန်းဆန်းနေစေဖို့  နည်းလမ်း(၇) မျိုး google

မင်္ဂလာရက်မြတ်မှာ သင့် အသားအရေနဲ့  မိတ်ကပ်ကို ပြစ်မျိုးမဲ့ မထင် တစ်နေ့ လုံးတာရှည်ခံ

လှပနေစေချင်မှာပါ။ မိတ်ကပ်ကို အပြီးသတ်လိမ်းချယ်တာ ဒါမှမဟုတ် ထပ်တလဲလဲ လိမ်းချယ်ပေးတဲ့ အခါ သင်လိမ်းလိုက်တဲ့  မိတ်ကပ် တစ်နေ့ လုံး တာရှည်ခံသန့် ရှင်းလန်းဆန်းနေစေမယ့်  နည်လမ်း၇မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) မင်္ဂလာရက်သတ္တပတ်အတွက် သန်စင်ပါ


သင့် မိတ်ကပ်ကိုလတ်ဆတ်ပြီး ချောမွေ့ နေစေချင်တယ်ဆိုရင်တော့  မိတ်ကပ်အောက်ခံသားဖြစ်မယ့်  သင့် မျက်နှာ အသာရေးကို ဆေးကြောသန့် စင် စေဖို့ လိုအပ်ပါတယ်။ ဒီလို မျက်နှာသန့် စင်တာကို မင်္ဂလာရက်မတိုင်မှီ တစ်ပတ်ကို တစ်ကြိမ်(သို့ ) နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။

 

(၂) မျက်နှာပေါင်းတင်ပါ

 

မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုနဲ့ မင်္ဂလာပွဲနေ့ မှာ သင့် မျက်နှာကို သေချာစွာပေါင်တင်ပေးပါ။ ဒီလိုပေါင်းသင်ခြင်းအားဖြင့်  သင့် မျက်နှာအသားရေအတွက် ရေဓာတ်ဖြည်တင်းပေးမှာဖြစ်ပြီး တစ်နေ့ လုံးခံတဲ့  မိတ်ကပ်ကို လိမ်းခြယ်နိုင်မှာဖြစ်ပါတယ်။

 

(၃) ရေစိုခံမိတ်ကပ်ကိုသုံးပေးပါ


မင်္ဂလာရက်မြတ်မှာ မျက်ရည်တွေ၊ ချွေးတွေပျံနေနိုင်တာကြောင့်  ဒီလိုအရာတွေက မိတ်ကပ်ကို မပျက်စေဖို့  ရေစိုခံအလှအပပသဿည်းတွေသုံးပေးနိုင်ရင်အဆင်ပြေပါတယ်။ ဒါမှသင့် မျက်နှာနဲ့ မျက်လုံးကို လက်နဲ့ တစ်နေ့ လုံး(သို့ ) တစ်ညလုံးထိမိပေမယ့်လည်း မိတ်ကပ်ပျက်မှာ ပူစရာလိုမှာမဟုတ်တော့ ပါဘူး။

 

(၄) နည်းနည်းစီလိမ်းသွားတာပိုကောင်း ပါတယ်


မနက်ခင် မင်္ဂလာဓါတ်ပုံရိုက်ရာမှာ အဆင်သင့် လှနေစေဖို့ မိတ်ကပ်ထူထူလိမ်းပြီး ပြင်ဆင်တာထက် မိတ်ကပ်ပါးပါးလေးလိမ်းပြီး အချိန်နီးမှ လိုအပ်သလို ဖြည့် စွက်လိမ်းပေးရင်ပိုပြီး အဆင်ပြေကြည့် ကောင်းစေပါတယ်။

 

(၅) အဆီပြန်တက်တဲ့  မျက်နှာအတွက်ဆိုရင်


မျက်နှာအသားရေကို မကြာခဏ လက်နဲံထိတာ ရှောင်စေချင်ပါတယ်။ လက်အစားဆီကိုဖယ်ရှားဖို့ သုံးတဲ့ တစ်သျှူးတစ်ခုခုနဲ့  သင့် မျက်နှာပေါ်က ဆီတွေကို ညင်ညင်သာသာ ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

 

(၆) အပြီးသတ်မှာ ပေါင်ဒါဖြည့် လိမ်းပေးပါ

 

မိတ်ကပ်လိမ်းခြယ်တာကြည့် ကောင်းပြီ လှနေပြိဆိုရင် ဒီအတိုင်းပြီး မသွားစေဘဲ အပြီးသတ်အနေနဲ့ ပေါင်ဒါကိုအပေါယံဖွဖွလေး လိမ်းခြယ်ပေးနိုင်ပါတယ်။ ဒီလိုပေါင်ဒါ လိမ်းခြယ်ခြင်းက သင့် မိတ်ကပ်ကို နေရာတကျ ညီညာ လှပစေမှာဖြစ်ပါတယ်။

 

(၇) ကောင်းမွန်တဲ့  ပရိုင်မာကိုသုံးပါ


မိတ်ကပ်မလိမ်းခင် ပရိုင်မာပစ္စည်းကိုသုံးစေချင်ပါတယ်။ ဒါက သင့် အသားအရေကို ပိုမိုချောမွတ်စေမှာ ဇြစ်ပြီး နောက်ပိုင်း အသားအရေကနေထွက်ပေါ်လာမယ့်  အဆီန်ြမှုကိုလည်း ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under