ဆောင်းဦးရာသီ သတို့သမီးအရံဝတ်စုံ - ၂

ဆောင်းဦးရာသီ သတို့သမီးအရံဝတ်စုံ - ၂

သဘာဝမြေသားအရောင်ကနေ စိန်ရောင်၊ ရွှေရောင်ရင့်ရင့်တွေအဆုံး အရောင်တွေကြားမှာ ဒီဆောင်းဦးရာသီသတို့သမီးအရံ ဝတ်စုံပုံစံလေးတွေကို သင်နှစ်သက်မိမှာပါ။

လတ်ဆတ်တဲ့ ဆောင်းဦးချိန်ခါက သင့်ရဲ့မင်္ဂလာပွဲနဲ့ သတို့သမီးပွဲထုတ်တဲ့ အခမ်းအနားတွေအတွက် စိတ်ကူးစိတ်သန်းတွေ များစွာဖြစ်ပေါ်လာစေမှာပါ။ သတို့သမီးအရံ ၀တ်စုံအရောင်ရွေးချယ်တဲ့အခါ ဆောင်းဦးကာလ သစ်တော၊ သစ်ရွက်အရောင်တွေကို ထည့်စဉ်းစားပါ။  

အရောင်ညိုမှိုင်းမှိုင်းတွေကိုပဲ သင်ဝတ်မလား။ ဆန္ဒရှိရင် ဝတ်လို့ရတယ်ဆိုပေမယ့် ပိုမှားသွားနိုင်ပါတယ်။ စိန်ရောင်ရွှေရောင်တွေနဲ့ ရောစပ်တောက်ပနေတဲ့ ၀တ်စုံလောက် ချစ်စရာကောင်းတာမရှိပါဘူး။ အနက်ရောင်ဟာလည်း ဆောင်းဦးရွက်ကြွေတွေနဲ့ ဆန့်ကျင်ပနံသင့်စွာ ကြည့်ကောင်းနေမှာပါ။

အမြဲနှစ်သက်စရာကောင်းတဲ့ သတို့သမီးအရံဝတ်စုံပုံစံကို ပြောရရင်  ရင်သပ်ရှုမော်ဖွယ်ရာအရောင်အမျိုးမျိုးနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်းဝတ်စုံပဲဖြစ်ပါတယ်။

ဒါပေမယ့် ပိုပြီးပေါ့ပါးတဲ့ အဝတ်အစားတွေ ဝတ်ဖို့မစိုးရွှံ့ပါနှင့်။ အရောင်မနုမရင့်ဖြစ်တဲ့ မြေသားသဘာဝအရောင်က တောဆန်တဲ့ ဆောင်ဦးအချိန်အခါကို ပုံဖော်ပေးမှာပါ။  

ဒါ့အပြင် မိမိဝတ်ထားတဲ့ ပြက်ပြက်လက်နေတဲ့ လက်ဝတ်ရတနာအရောင်တွေနဲ့ ပေါင်းစပ်လိုက်ရင် စွဲမက်ဖွယ်အသွင်အပြင် ဖြစ်စေမှာပါ။ ဆောင်းဦးမှာ မင်္ဂလာဆောင်သူတွေအနေနဲ့ -

၆။ နှုတ်ခမ်းကို ဂန္တဝင်ဆန်တဲ့အနက်ရောင်ဆိုးဖို့ဆိုရင် ဆောင်းဦးရာသီမင်္ဂလာပွဲအချိန်လောက် အချိန်ကောင်းမရှိနိုင်ပါဘူး။

ဒီလိုနှုတ်ခမ်းအရောင်က အေးမြတဲ့အချိန်အခါသမယမှာ ပြင်းပြတဲ့ဆန္ဒအသွင်အပြင်နဲ့ လှပကြော့ရှင်းနေစေမှာဖြစ်ပါတယ်။

၇။ အရောင်မနုမရင့်ဖြစ်တဲ့ အညိုရောင်ဖက်လိုက်နေတဲ့ မီးခိုးရောင်၊ ကော်ဖီရောင် တွေကလည်း လေဟာပြင် လက်ထပ်ပွဲနဲ့ လိုက်ဖက်တဲ့ အရောင်တွေဖြစ်ပါတယ်။

၈။ ဆန်းပြားတဲ့အရောင်နဲ့ လက်ဖက်ရည်ခွက်အရွယ်ရှိတဲ့ ပန်းပွင့်ပုံတွေ စီချယ်ထားတဲ့ ဝတ်စုံကလည်း ဆောင်ဦးမင်္ဂလာပွဲနဲ့အတူ လိုက်ဖက်ခမ်းနားစေတဲ့ ပုံစံပါ။

၉။ ခရမ်းရောင်နဲ့ ခရမ်းပြာနုနု ဝတ်စုံကလည်း ဆောင်းဦးမင်္ဂလာပွဲမှာ အံ့အားသင့်စဖွယ်ပုံစံလေးနဲ့ ရွှင်မြူးတဲ့ အသွင်အပြင်လေးဖြစ်စေမှာဖြစ်ပါတယ်။

၁၀။ မနုမရင့်အရောင်လေးတွေ မသိမသာကွဲလွဲနေတဲ့ သတို့သမီးအရံဝတ်စုံလေးတွေကလည်း ကြည့်ကောင်းပြီး မင်္ဂလာပွဲကို နှစ်သက်စရာဖြစ်စေမှာပါ။

Read times Last modified on Wednesday, 19 September 2018 17:51
Rate this item
(0 votes)