ဝတ်စုံဝယ်ယူသည့်အခါ မှားနိုင်သောအချက်များ

ဝတ်စုံဝယ်ယူသည့်အခါ မှားနိုင်သောအချက်များ

ယနေ့တင်ပြမည့်အကြောင်းကတော့ မင်္ဂလာမောင်များ ၀တ်စုံဝယ်ယူသည့်အခါ

မမှားရလေအောင် အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်။

အခြွေအရံ​ ရွေးချယ်ခြင်း

သင့်အတွက် အရေးကြီးဆုံး အ၀တ်အစားဖြစ်လို့ အကောင်းဆုံးကို ဝတ်ချင်နေမယ်ဆိုတာ သေချာပါတယ်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးအကြံပြုချက် ၁၀ခုလောက်ရှိတာက သင့်ကို အဆင်ပြေစေမယ့် အစား သင်အမှန်တကယ် ဝတ်ချင်တဲ့အရာနဲ့ ပိုဝေးနေစေမှာပါ။ ဒါကြောင့် အကြံပေးဖို့ လူနှစ်ယောက် လောက်ရှိရင် လုံလောက်ပါပြီ။

သတို့သမီးအများစုက တို့ မိခင်နဲ့ ညီအစ်မ (သို့) အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ယောက်နဲ့ အကောင်းဆုံးပြင်ဆင်တတ်ကြပါတယ်။ များသောအားဖြင့် သူတို့က သတို့သမီး အနှစ်သက်ဆုံးအ၀တ်အစားကို သိကြပါတယ်။

မင်္ဂလာဆောင်အတွက် ဈေးအ၀ယ်စောလွန်းခြင်း

ယနေ့ခေတ်မှာ မင်္ဂလာမောင်နှံများစွာက စေ့စပ်ပွဲလုပ်တာကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ ၁၂ လ ထက်ကြိုစောပြီး မင်္ဂလာပွဲအတွက် ဈေးဝယ်မထွက်မိပါစေနဲ့။

သင်ဝယ်ရမယ့်အရာ မသေချာပဲ သတို့သမီး အလှပြင်ဆိုင်ကို မသွားပါနဲ့။ ဘာကြောင့်လည်းဆိုရင်၊ အချက် အလက်များစွာက သင့်ရဲ့သတို့သမီးဝတ်စုံပုံစံကို ထိခိုက်စေနိုင်လို့ သတို့သမီးဝတ်စုံကို မ၀ယ်ခင် အခြား မင်္ဂလာခန်းဝင် ပစည်းတွေကို အရင် စနစ်တကျ သိထားဖို့အရေးကြီးပါတယ်။

အဆင်တန်ဆာအများအပြားနဲ့ သတို့သမီးဝတ်စုံဟာ ကပွဲခန်းမ ballroom နဲ့ လိုက်ဖက်ပေမယ့် အခမ်းအနားငယ်လေး တစ်ခုနဲ့တော့ လုံးဝမလိုက်ဖက်ပါဘူး။

အခမ်းအနားအပြင်အဆင်အတွက် သင်ရွေးတဲ့ အရောင်ကလည်းသင့်ရဲ့ သတို့သမီးဝတ်စုံ အရောင်နဲ့ လိုက်ဖက်ဖို့ လိုပါတယ်။

ဒါပေမဲ့ တစ်ဆက်တည်း သင့်အရွယ်အစားအတွက် အလှပြင်ဆိုင်ကလည်း အော်ဒါမှာဖို့ လိုအပ်မှာမို့လို့ အချိန်မဆွဲမိပါစေနဲ့။

ဝတ်စုံ အစမ်းဝတ်တာ များလွန်းခြင်း

သတို့သမီးအများစုက ၀တ်စုံလေးစုံမှ ခုနှစ်စုံကြား အစမ်းဝတ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ သင့်ကို စိတ်ရှုပ်စေနိုင်တာမို့ ၁၀စုံထက်တော့ မပိုသင့်ပါဘူး။

မကြာခဏဆိုသလိုပဲ သတို့သမီးတစ်ဦး ဒီလိုဝတ်စုံ တစ်စုံပြီးတစ်စုံ စမ်းဝတ်နေတာဟာ ဈေးဝယ်တာမရပ်ချင်လို့ (သို့) တကယ်ဆုံးဖြတ်ချက်မချနိုင်သေးလို့ ဖြစ်တတ်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားကဘာလဲဆိုရင် မိမိလိုချင်တဲ့ဝတ်စုံကို မ၀ယ်မိလိုက်တာပါ။ သတို့သမီးတိုင်းကတော့ ဒီအမှားမျိုးမကြုံကြပါဘူး၊ မိမိလိုချင်တဲ့ အရာကို လုံးဝတွေ့ပြီလို့ သိလိုက်တဲ့အချိန်မှာ ပီတိမျက်ရည်တွေ လိမ့်ဆင်းလာတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:46
Rate this item
(0 votes)