ခန္ဓာကိုယ်အချိုးအစားအလိုက်ရွေးချယ်ဝတ်ဆင်သင့်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံများ…

ခန္ဓာကိုယ်အချိုးအစားအလိုက်ရွေးချယ်ဝတ်ဆင်သင့်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံများ… google

အားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာဆောင်နှင်းကြမယ့်သတို့သမီးလေးတွေအနေနဲ့မြန်မာ့ရိုးရာထိုင်မသိမ်းနဲ့ပွဲထွက်မယ်ဆိုရင် လိုက်ဖက်မှုရှိတတ်ကြပေမယ့်

 

 

အနောက်တိုင်းမင်္ဂလာဝတ်စုံတွေဆင်မြန်းမယ်ဆိုရင်တော့ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် မင်္ဂလာဝတ်စုံကိုရွေးချယ်တတ်ဖို့တော့လိုပါမယ်နော်။

 

 

ကိုယ့်ခန္ဓာကိုယ်ရဲ့ဆွဲဆောင်မှုအရှိဆုံးနေရာကိုအသားပေးပြီးဖန်တီးပေးထားတဲ့မင်္ဂလာဝတ်စုံလေးကိုဝတ်ဆင်မှသာ မင်္ဂလာပွဲလေးမှာ မင်းသမီးလေးတစ်ပါးလိုလှပကြော့ရှင်းနေမှာပဲဖြစ်ပါတယ်။

 

 

ဒါကြောင့် ခန္ဓာကိုယ်အချိုးအစားအလိုက်ရွေးချယ်ဝတ်ဆင်သင့်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံတွေအကြောင်းကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

 

 

အခြေခံအားဖြင့် အနောက်တိုင်းမင်္ဂလာဝတ်စုံပုံစံ(၆)မျိုးရှိပါတယ်။

 

 

(1) Empire Line Gown

 

 

အနည်းငယ်ပြည့်တဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတဲ့သတို့သမီးလောင်းလေးတွေအနေနဲ့ Empire Line Gown ကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

 

 

အင်ပါယာမင်္ဂလာဝတ်စုံဟာ ရင်ဖတ်အလှကိုပေါ်လွင်ထင်ရှားစေပြီး ခါးအထက်ပိုင်းတွင်ထည့်သွင်းထားသောခါးစည်းအောက်မှတဖားဖားကျနေသော ဂါဝန်စလေးတွေက ဆူဖြိုးနေသောဝမ်းဗိုက်အဆီတွေကိုဖုံးကွယ်ပေးထားနိုင်ပါတယ်။

 

 

အင်ပါယာဂါဝန်သည်ကိုယ်ဝန်ဆောင်သတို့သမီးလေးတွေအတွက်လည်းသင့်တော်ပါတယ်။

 

 

(2) A-Line Gown

 

 

အပေါ်ရင်ပြတ်ပုံစံလေးနဲ့အောက်ကိုနည်းနည်းချင်းကားသွားစေတဲ့ ဂါဝန်လေးကိုတော့ အင်္ဂလိပ်အက္ခရာ A နဲ့တူလို့ အေလိုင်းဂါဝန်ရယ်လို့လူသိများလှပါတယ်။

 

 

အေလိုင်းဂါဝန်ရဲ့အားသာချက်ကတော့ ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေကိုပေါ်လွင်သယောင်ဖြစ်စေတာပဲဖြစ်ပါတယ်။ရင်ဖတ်နဲ့လက်မောင်းပြေပြစ်လှပတဲ့သတို့သမီးလေးတွေအနေနဲ့အေလိုင်းဂါဝန်လေးကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

 

 

(3) The Ballgown - ဒီဂါဝန်စတိုင်လ်ဟာ ခန္ဓာကိုယ်အချိုးအစားမျိုးစုံနဲ့လိုက်ဖက်သော်လည်း ခန္ဓာကိုယ်သေးတော့ပြီးအရပ်ရှည်တဲ့သတို့သမီးလေးတွေအတွက်အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

 

 

အားသာချက်အနေနဲ့စကပ်ပွပွဖောင်းထောင်းလေးဟာ သတို့သမီးလေးရဲ့ခါးကိုမြှင့်တင်ပေးပြီး ခန္ဓာကိုယ်အောက်ပိုင်းလေးကိုလည်းပြည့်သယောင်ဖြစ်စေတာပဲဖြစ်ပါတယ်။

 

 

(4) The Trumpet

 

 

ရင်ဖတ်မှပေါင်လယ်လောက်ထိခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်အောင်ချုပ်လုပ်ထားပြီးအောက်ပိုင်းကိုကားကားလေးဖြစ်သွားသယောင်ဖန်တီးချုပ်လုပ်ထားတဲ့ the trumpet ဂါဝန်ဟာဆိုရင် ကောက်ကြောင်းလှတဲ့သတို့သမီးလေးတွေနဲ့လိုက်ဖက်မှုအရှိဆုံးဖြစ်ပါတယ်။

 

 

(5) The Sheath Gown

 

 

ခြေမျက်စိထိသာအရှည်ရှိတဲ့ The Sheath Gown ကို The column dress လို့လည်းလူသိများလှပါတယ်။

 

 

ချပ်ရပ်တဲ့ပုံစံလေးနဲ့ဂါဝန်လေးဟာ အရပ်ရှည်တဲ့သတို့သမီးလေးဖြစ်ဖြစ်၊အရပ်ပုတဲ့သတို့သမီးလေးဖြစ်ဖြစ်ဝတ်ဆင်မယ်ဆိုရင် လိုက်ဖက်မှုရှိနေမှာပါ။

 

 

(6) The Mermaid

 

 

ရင်ညွှန့်မှဒူးအထိချပ်ရပ်စွာချုပ်လုပ်ထားပြီးဒူးအောက်ပိုင်းကနေ ကားကားရှည်ရှည်လေးဖြစ်အောင်ဖန်တီးချုပ်လုပ်ထားတဲ့ The Mermaid Dress လေးဟာဆိုရင် The TrumpetDress နဲ့ဆင်သယောင်ရှိပေမယ့်မတူပါဘူနော်။

 

 

The Mermaid Dress ဟာ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုအတိအကျပုံဖော်ပေးနိုင်တာကြောင့်ကမ္ဘာ့တစ်ဝှမ်းကသတို့သမီးလေးတွေရွေးချယ်ဝတ်ဆင်မှုများလှပါတယ်။

 

 

ဘယ်လိုဝတ်စုံဒီဇိုင်းကိုပဲရွေးချယ်ဝတ်ဆင်ပါစေ။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှသာ မင်္ဂလာပွဲနေ့လေးမှာ 100%လှပနိုင်မှာလည်းဖြစ်ပါတယ်။

 

 

ဒါကြောင့်Myanmar Wedding Guide ရဲ့သတို့သမီးလေးတွေလည်း ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် မင်္ဂလာဝတ်စုံဒီဇိုင်းလေးတွေကိုရွေးချယ်ဝတ်ဆင်ပြီးယုံကြည်မှုရှိရှိလှပနိုင်ကြပါစေရှင်။

 

 

Reference: timelessbridalwear.com

 

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

အားလံုးပဲမဂၤလာပါရွင္။မဂၤလာေဆာင္ႏွင္းၾကမယ့္သတို႔သမီးေလးေတြအေနနဲ႔ျမန္မာ့ရိုးရာထိုင္မသိမ္းနဲ႔ပြဲထြက္မယ္ဆိုရင္ လိုက္ဖက္မႈရွိတတ္ၾကေပမယ့္

 

အေနာက္တိုင္းမဂၤလာဝတ္စံုေတြဆင္ျမန္းမယ္ဆိုရင္ေတာ့ကိုယ္နဲ့အလိုက္ဖက္ဆံုးျဖစ္မယ့္ မဂၤလာဝတ္စံုကိုေရြးခ်ယ္တတ္ဖို႔ေတာ့လိုပါမယ္ေနာ္။

 

ကိုယ့္ခႏၶာကိုယ္ရဲ႕ဆြဲေဆာင္မႈအရွိဆံုးေနရာကိုအသားေပးၿပီးဖန္တီးေပးထားတဲ့မဂၤလာဝတ္စံုေလးကိုဝတ္ဆင္မွသာ မဂၤလာပြဲေလးမွာ မင္းသမီးေလးတစ္ပါးလိုလွပေၾကာ့ရွင္းေနမွာပဲျဖစ္ပါတယ္။

 

ဒါေၾကာင့္ ခႏၶာကိုယ္အခ်ိဳးအစားအလိုက္ေရြးခ်ယ္ဝတ္ဆင္သင့္တဲ့ အေနာက္တိုင္းမဂၤလာဝတ္စံုေတြအေၾကာင္းကို Myanmar Wedding Guide ပရိတ္သတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

 

အေျခခံအားျဖင့္ အေနာက္တိုင္းမဂၤလာဝတ္စံုပံုစံ(၆)မ်ိဳးရွိပါတယ္။

 

dr

 

(1) Empire Line Gown

 

အနည္းငယ္ျပည့္တဲ့ခႏၶာကိုယ္အခ်ိဳးအစားကိုပိုင္ဆိုင္ထားတဲ့သတို႔သမီးေလာင္းေလးေတြအေနနဲ႔ Empire Line Gown ကိုေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။

 

အင္ပါယာမဂၤလာဝတ္စံုဟာ ရင္ဖတ္အလွကိုေပၚလြင္ထင္ရွားေစၿပီး ခါးအထက္ပိုင္းတြင္ထည့္သြင္းထားေသာခါးစည္းေအာက္မွတဖားဖားက်ေနေသာ ဂါဝန္စေလးေတြက ဆူျဖိဳးေနေသာဝမ္းဗိုက္အဆီေတြကိုဖံုးကြယ္ေပးထားႏိုင္ပါတယ္။

 

အင္ပါယာဂါဝန္သည္ကိုယ္၀န္ေဆာင္သတို႔သမီးေလးေတြအတြက္လည္းသင့္ေတာ္ပါတယ္။

 

dr33

 

(2) A-Line Gown

 

အေပၚရင္ျပတ္ပံုစံေလးနဲ႔ေအာက္ကိုနည္းနည္းခ်င္းကားသြားေစတဲ့ ဂါဝန္ေလးကိုေတာ့ အဂၤလိပ္အကၡရာ A နဲ႔တူလို႔ ေအလိုင္းဂါဝန္ရယ္လို႔လူသိမ်ားလွပါတယ္။

 

ေအလိုင္းဂါဝန္ရဲ႕အားသာခ်က္ကေတာ့ ခႏၶာကိုယ္ေကာက္ေၾကာင္းေလးေတြကိုေပၚလြင္သေယာင္ျဖစ္ေစတာပဲျဖစ္ပါတယ္။ရင္ဖတ္နဲ႔လက္ေမာင္းေျပျပစ္လွပတဲ့သတို႔သမီးေလးေတြအေနနဲ႕ေအလိုင္းဂါဝန္ေလးကိုေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။

 

dr5

 

(3) The Ballgown - ဒီဂါဝန္စတိုင္လ္ဟာ ခႏၶာကိုယ္အခ်ိဳးအစားမ်ိဳးစံုနဲ႕လိုက္ဖက္ေသာ္လည္း ခႏၶာကိုယ္ေသးေတာ့ၿပီးအရပ္ရွည္တဲ့သတို႔သမီးေလးေတြအတြက္အလိုက္ဖက္ဆံုးျဖစ္ပါတယ္။

 

အားသာခ်က္အေနနဲ႕စကပ္ပြပြေဖာင္းေထာင္းေလးဟာ သတို႕သမီးေလးရဲ႕ခါးကိုျမႇင့္တင္ေပးၿပီး ခႏၶာကိုယ္ေအာက္ပိုင္းေလးကိုလည္းျပည့္သေယာင္ျဖစ္ေစတာပဲျဖစ္ပါတယ္။

 

dr44

 

(4) The Trumpet

 

ရင္ဖတ္မွေပါင္လယ္ေလာက္ထိခႏၶာကိုယ္ေကာက္ေၾကာင္းေပၚလြင္ေအာင္ခ်ဳပ္လုပ္ထားၿပီးေအာက္ပိုင္းကိုကားကားေလးျဖစ္သြားသေယာင္ဖန္တီးခ်ဳပ္လုပ္ထားတဲ့ the trumpet ဂါဝန္ဟာဆိုရင္ ေကာက္ေၾကာင္းလွတဲ့သတို႔သမီးေလးေတြနဲ႔လိုက္ဖက္မႈအရွိဆံုးျဖစ္ပါတယ္။

 

dr2

 

(5) The Sheath Gown

 

ေျခမ်က္စိထိသာအရွည္ရွိတဲ့ The Sheath Gown ကို The column dress လို႔လည္းလူသိမ်ားလွပါတယ္။

 

ခ်ပ္ရပ္တဲ့ပံုစံေလးနဲ႔ဂါဝန္ေလးဟာ အရပ္ရွည္တဲ့သတို႕သမီးေလးျဖစ္ျဖစ္၊အရပ္ပုတဲ့သတို႔သမီးေလးျဖစ္ျဖစ္ဝတ္ဆင္မယ္ဆိုရင္ လိုက္ဖက္မႈရွိေနမွာပါ

 

dr1

 

(6) The Mermaid

 

ရင္ညႊန္႔မွဒူးအထိခ်ပ္ရပ္စြာခ်ဳပ္လုပ္ထားၿပီးဒူးေအာက္ပိုင္းကေန ကားကားရွည္ရွည္ေလးျဖစ္ေအာင္ဖန္တီးခ်ဳပ္လုပ္ထားတဲ့ The Mermaid Dress ေလးဟာဆိုရင္ The TrumpetDress နဲ႔ဆင္သေယာင္ရွိေပမယ့္မတူပါဘူေနာ္။

 

The Mermaid Dress ဟာ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွကိုအတိအက်ပံုေဖာ္ေပးႏိုင္တာေၾကာင့္ကမၻာ့တစ္ဝွမ္းကသတို႔သမီးေလးေတြေရြးခ်ယ္ဝတ္ဆင္မႈမ်ားလွပါတယ္။

 

ဘယ္လိုဝတ္စံုဒီဇိုင္းကိုပဲေရြးခ်ယ္ဝတ္ဆင္ပါေစ။ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိမွသာ မဂၤလာပြဲေန႔ေလးမွာ 100%လွပႏိုင္မွာလည္းျဖစ္ပါတယ္။

 

ဒါေၾကာင့္Myanmar Wedding Guide ရဲ႕သတို႕သမီးေလးေတြလည္း ကိုယ္နဲ႕အလိုက္ဖက္ဆံုးျဖစ္မယ့္ မဂၤလာဝတ္စံုဒီဇိုင္းေလးေတြကိုေရြးခ်ယ္ဝတ္ဆင္ၿပီးယံုၾကည္မႈရွိရွိလွပႏိုင္ၾကပါေစရွင္။

 

Reference: timelessbridalwear.com

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 04 February 2020 16:07
Rate this item
(0 votes)
Tagged under