မင်္ဂလာအခမ်းအနားအပြင်အဆင်-၂

မင်္ဂလာအခမ်းအနားအပြင်အဆင်-၂

မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မည်ဆိုလျှင် မင်္ဂလာမောင်နှံနှစ်ဦး တိုင်ပင်ရမည်မှာ

မင်္ဂလာအခမ်းအနားတွင် မည်သည့်အရောင်ဝတ်ဆင်မည်ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံအပြင် အခြားသော ဆင်မြန်းမည့်ပန်း၊ အခမ်းအနားတွင် ပြင်ဆင်ထားမည့်ပန်းများ၊ ဖိတ်စာများနှင့် အခြားသောပစ္စည်းများနှင့်ပါ လိုက်လျောညီထွေမှုရှိရန် အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းများကို အောက်တွင် ဖော်ပြပေးထားပါတယ်။

ကြိုက်နှစ်သက်သောအရောင်ကိုရွေးချယ်ခြင်း

မင်္ဂလာမောင်နှံတို့ သဘောကျနှစ်သက်သည့် အရောင်များနှင့် တွဲဖက်အရောင်များကို ရွေးချယ်၍ ၀တ်ဆင်ရန် လိုအပ်ပါတယ်။

လူတိုင်း မိမိတို့သဘောကျ ကြိုက်နှစ်သက်သည့် အရောင်ကို ရွေးချယ်ခြင်းသည် မှန်ကန်သော ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။

မိမိတို့နှစ်သက်သည့်အရောင်ကို မင်္ဂလာအရောင်အဖြစ် သုံးစွဲခြင်းဖြင့် စိတ်ထဲတွင် သာယာကြည်နူးမှု၊ ယုံကြည်မှု၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုများကို တိုးပွားဖြစ်ပေါ်လာစေနိုင်ပါတယ်။

ရာသီအလိုက် အရောင်ရွေးချယ်ခြင်း

မင်္ဂလာမောင်နှံနှစ်ဦး အရောင်ရွေးချယ်ရာတွင် မိမိတို့ကျင်းပမည့် မင်္ဂလာပွဲ မည့်သည်ရာသီဥတုနှင့် မဆို လိုက်ဖက်ညီအောင် ရွေးချယ်မှုကို ပြုလုပ်နိုင်ပါတယ်။ နွေရာသီတွင် အရောင်အဖျော့များကို ရွေးချယ်ခြင်းဖြင့် စိတ်နှလုံးနဲ့ အမြင်ကို အေးချမ်းစေပါတယ်။

အေးသောရာသီနှင့် မိုးရာသီတွင် အရောင်ရင့်များကို ရွေးချယ်၍ ၀တ်လျှင် သင့်တော်ပါတယ်။ ဥပမာ- ပယင်းရောင်၊ အနီရောင်၊ အညိုရောင်၊ ကြက်သွေးရောင်၊ နီညိုရောင်၊ ရွှေရောင်နှင့် လိမ္မော်ရောင်များက အထူးသင့်တော်သည့် အရောင်များဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(1 Vote)