CBC Ballroom

CBC Ballroom CBC Ballroom

CBC Ballroom သည် ရန်ကုန်မြို့၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊

ရန်ကုန်မြို့တွင် တည်ရှိပါတယ်။

ယင်းခန်းမတွင် မင်္ဂလာဧည့်ခံပွဲများ၊ စေ့စပ်ပွဲများ၊ မွေးနေ့ပွဲများ၊ လုပ်ငန်းအစည်းအဝေးပွဲများ၊ ပြပွဲများ အစရှိတဲ့ အခမ်းအနားများ ပြုလုပ်ကြလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

ယင်းခန်းမသည် လူဦးရေ ၃၅၀ အထိ ဆန့်တဲ့ နေရာဖြစ်ပါတယ်။ ဧည့်သည်အယောက် ၂၅၀နှင့် အထက် ဆိုလျှင် ခန်းမကြေး ပေးစရာမလိုပေ။ မင်္ဂလာအချိန်ကိုလည်း မိမိကြိုက်နှစ်သက်ရာအချိန်ကို ယူနိုင်ပါတယ်။

CBC Ballroom တွင် အကျွေးအမွေးအတွက် မုန့် ၃ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၇၅၀၀ ကျပ်၊ မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၈၅၀၀ ကျပ်နှင့် ဒံပေါက်နှင့် ရေခဲမုန့်ဆိုလျှင် ၁၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

ခန်းမ၏ ၀န်ဆောင်မှုများမှာ နောက်ခံစာတမ်းထိုးပေးခြင်း၊ ပန်းအလှပြင်ပေးခြင်း၊ လျှောက်လမ်း ကော်ဇောအနီခင်းပေးခြင်း၊ မင်္ဂလာကိတ်ပြုလုပ်ပေးခြင်း၊ သတို့သားနှင့် သတို့သားအတွက် အ၀တ်လဲခန်းနှင့် Shwe Pyi Resort (ပဲခူး)တွင် တနင်္လာနေ့မှ သောကြာနေ့အတွင်း မနက်စာပါအပြီး တစ်ညတာတည်းခိုခွင့်ကိုလည်း ၀န်ဆောင်မှုပေးမှာဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲသို့ လာရောက်သည့် ဧည့်သည်များအတွက် ကားပါကင်နေရာကျယ်ဝန်းကြောင်း သိရပါတယ်။

ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၄၀၁၄၈၀~၈၃၊ ၀၁-၄၀၁၄၈၅~၈၇၊ ၀၁-၅၄၂၈၄၇၊ ၀၁-၅၅၇၆၃၄

Read times Last modified on Tuesday, 18 September 2018 14:45
Rate this item
(3 votes)