Mya Yeik Nyo Royal Hotel

Mya Yeik Nyo Royal Hotel

မြရိပ်ညိုဟိုတယ်ကို ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယင်းဟိုတယ်သည် ပုလဲလမ်းမကြီး၊ ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။

 

ဟိုတယ်တွင် မွေးနေ့မင်္ဂလာပွဲ၊ ကုမဏီညစာစားပွဲ၊ မင်္ဂလာဧည့်ခံပွဲနှင့် မင်္ဂလာညစာစားပွဲများကိုလည်း ကျင်းပနိုင်ပါသည်။ မိမိကြိုက်နှစ်သက်သည့် မင်္ဂလာအချိန်ကို Booking ယူ၍ ရနိုင်ပါသည်။

ခန်းမ

မြရိပ်ညိုဟိုတယ်တွင် မင်္ဂလာရာသီအချိန်ကျရောက်သည့် နိုဝင်ဘာလမှ မတ်လအထိ မင်္ဂလာပွဲများကို လက်ခံဆောင်ရွက်လျှက်ရှိပါသည်။

မင်္ဂလာပွဲကို လူနည်းလျှင် ဟိုတယ်ခန်းမထဲတွင် ကျင်းပလေ့ရှိကြပြီး လူများလျှင်တော့ မြက်ခင်းပေါ်တွင် ကျင်းပလေ့ရှိကြပါသည်။

ဟိုတယ်တွင် မင်္ဂလာခန်းမတစ်ခန်းသာရှိပါသည်။ ထိုမင်္ဂလာခန်းမထဲတွင် ဧည့်သည်အယောက် ၁၅၀ သာဆန့်ပါသည်။ ယင်းဟိုတယ်၏အပြင်ဘက် မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၁၀၀၀ ကျော်ဆန့်ပါသည်။

မင်္ဂလာခန်းမကို နှစ်နာရီအတွက် ခန်းမကြေး ၅ သိန်းကျပ် ပေးချေရမည်ဖြစ်ပြီး မင်္ဂလာခန်းမအပြင်အဆင်၊ နောက်ခံစာတမ်းထိုး၊ ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးရေး၊ မိတ်ကပ်ပြင်ဖို့အခန်းနှင့် ပန်းအိုးတို့ ပါဝင်မှာဖြစ်ပါသည်။

မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၃၀၀ အောက်ဆိုလျှင် ကျပ် ၅ သိန်းကို ပေးချေရမည်ဖြစ်ပြီး ၃၀၀ အထက်ဆိုလျှင် ပေးစရာမလိုပါ။

မင်္ဂလာဆောင်အတွက် မင်္ဂလာပွဲမတိုင်ခင် ၁၀ ရက်အလိုတွင် အရင်စရံငွေအဖြစ် ၅ သိန်းကို အရင်ပေးချေထားရမည် ဖြစ်သည်။

Wedding Foods Packages

No. Packages Foods Per Person Cost
1 Royal Jasmine 3 Snacks, Tea or Coffee, Ice-cream, Tea Leaf Salad 8000 Ks
2 Royal Rose 4 Snacks, Tea or Coffee, Ice-cream, Tea Leaf Salad 9000 Ks
3 Royal Orchid 5 Snacks, Tea or Coffee, Ice-cream, Tea Leaf Salad 10000 Ks
4 Lunch/ Dinner Soup, Chicken Curry, 3 Side dishes, Butter Rice, Soft Drink, Ice-cream, Tea Leaf Salad 14000 Ks
5 Lunch/ Dinner Soup, Chicken Curry, Mutton or Fish Curry, 3 Side dishes, Butter Rice, Soft Drink, Ice-cream, Tea Leaf Salad 16000 Ks
6   Chinese Set Menu 20000 to 25000 Ks
7   Buffet Menu 30000 Ks

အမှတ် ၂၀၊ ပုလဲလမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁-၅၄၈၃၁၀၊ ၀၁-၅၄၈၃၁၇

Read times Last modified on Tuesday, 18 September 2018 15:04
Rate this item
(4 votes)