Chatrium Hotel သည် ရှေးဟောင်းသမိုင်းအဆောက်အဦး လိုနီခေတ်စတိုင် ဆောက်လုပ်ထားပြီး ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ကန်တော်ကြီးနှင့်နီးကပ်စွာ တည်ရှိပါသည်။ ဟိုတယ်တွင် အခန်းပေါင်း ၃၀၃ ခန်းရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ နိုင်ငံခြားဟိုတယ် တစ်ခုဖြစ်ပါသည်။
ဟိုတယ်တွင် အစည်းအဝေးပွဲများ၊ ကုမ္ပဏီမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ ညစာစားပွဲများနှင့် မင်္ဂလာပွဲများကို ကျင်းပနိုင်ပါသည်။
မင်္ဂလာပွဲကို ဟိုတယ်မှ အတွေ့အကြုံရှိသည့် ၀ါရင့်သူများမှ အခမ်းအနားအစမှအဆုံးအထိ ၀န်ဆောင်မှုများ ပေးလျှက်ရှိပါသည်။ မင်္ဂလာပွဲကို ရေကူးကန်နားတွင်လည်း ကျင်းပနိုင်ပါသည်။
ခန်းမ
Chatrium Hotel တွင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် မင်္ဂလာပွဲများ၊ တရုတ်ရိုးရာ မင်္ဂလာပွဲများနှင့် အနောက်တိုင်း မင်္ဂလာပွဲများကိုလည်း ကျင်းပလေ့ရှိကြသည်။
မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ ၁၀း၃၀ တစ်ချိန်၊ နေ့လည် ၁၂ နာရီမှ ၁း၃၀ တစ်ချိန်၊ ညနေ ၃ နာရီမှ ၄း၃၀ တစ်ချိန် မိမိ ကြိုက်နှစ်သက်ရာ အချိန်ကို ညှိ၍ ယူနိုင်ပါသည်။ မင်္ဂလာခန်းအတွင်း လူဦးရေရှိသင့်သည်ထက် ပိုနည်းနေလျှင် စနေ၊ တနင်္ဂနွေမှအပ ကြားရက်အချိန်ပဲ ရရှိနိုင်မည်ဖြစ်သည်။
မင်္ဂလာခန်းမကို သီးသန့်ပေးချေစရာမလိုပဲ package အလိုက် တစ်ယောက်ကုန်ကျစရိတ်ကို ၁၈,၀၀၀ တန် package, ၁၉,၀၀၀ တန် Package, ၂၀,၀၀၀ တန် package ဟူ၍ သတ်မှတ်ထားပါသည်။
ခန်းမတွင် လူဦးရေ ၃၂၀ ထိ ဆန့်ပြီး အပြင်ဝိုင်းပါထားမယ်ဆိုလျှင်တော့ ၃၉၀ လောက်ထိ ဆန့်ပါသည်။ မင်္ဂလာပွဲလုပ်ဖြစ်ပြီဆိုလျှင် ဟိုတယ်ကို စရံငွေ ကျပ် ၁၀ သိန်းအရင်ပေးချေရမည်ဖြစ်သည်။
ဝန်ဆောင်မှုများ
လူဦးရေ ၂၈၀ နှင့်အထက်ဆိုလျှင် ဟိုတယ်မှ ၀န်ဆောင်မှုအဖြစ် မင်္ဂလာစာတမ်းထိုးပေးခြင်း၊ မင်္ဂလာအခမ်းအနားအပြင်အဆင်ပြုလုပ်ပေးခြင်း၊ wedding cake ပြုလုပ်ပေးခြင်းနှင့် မင်္ဂလာမောင်နှံ တစ်ညတာ တည်းခိုခွင့်ပေးခြင်းတို့ကို ဟိုတယ်မှ စီစဉ်ဆောင်ရွက်ပေးပါသည်။
မင်္ဂလာညစာစားပွဲကို ရေကူးကန်ဘေးတွင် လူဦးရေ ၁၅၀ ရှိလျှင် ကျင်းပနိုင်ပါသည်။ ညစာစားပွဲ တစ်ယောက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၅ ကျသင့်မည်ဖြစ်ပါသည်။
အစားအသောက်
| စဉ် | အမျိုးအစား | တစ်ယောက်ကုန်ကျစရိတ် |
| ၁ | မုန့် ၃ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ (သို့) လက်ဖက်ရည် | ၁၈,၀၀၀ ကျပ် |
| ၂ | မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ (သို့) လက်ဖက်ရည် | ၁၉,၀၀၀ ကျပ် |
| ၃ | မုန့် ၅ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ (သို့) လက်ဖက်ရည် | ၂၀,၀၀၀ ကျပ် |
အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
၀၁-၅၄၄၅၀၀၊ ၀၁-၅၄၄၄၀၀






