မြက်ခင်းပြင်တွင် မင်္ဂလာပွဲ ကျင်းပလိုသူများအတွက်

မြက်ခင်းပြင်တွင် မင်္ဂလာပွဲ ကျင်းပလိုသူများအတွက်

Chatrium Hotel

မင်္ဂလာညစာစားပွဲကို ရေကူးကန်ဘေးတွင် လူဦးရေ ၁၅၀ ရှိလျှင် ကျင်းပနိုင်ပါတယ်။ ရန်ကုန်ရဲ့ တစ်ခုတည်းသော ရေကူးကန်ဘေးက မင်္ဂလာညစာစားပွဲ ကျင်းပနိုင်တဲ့ နေရာပါ။

 

ညစာစားပွဲ တစ်ယောက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၅ ကျသင့်မည်ဖြစ်ပါတယ်။

 

အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

 

၀၁-၅၄၄၅၀၀၊ ၀၁-၅၄၄၄၀၀

 

မြရိပ်ညိုဟိုတယ်

 

မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၃၀၀ အောက်ဆိုလျှင် ကျပ် ၅ သိန်းကို ပေးချေရမည်ဖြစ်ပြီး ၃၀၀ အထက်ဆိုလျှင် ပေးစရာမလိုပါ။

 

မင်္ဂလာဆောင်အတွက် မင်္ဂလာပွဲမတိုင်ခင် ၁၀ ရက်အလိုတွင် အရင်စရံငွေအဖြစ် ၅ သိန်းကို အရင်ပေးချေထားရမည် ဖြစ်ပါတယ်။

 

ထောပတ်ထမင်းဆိုရင်လူတစ်ယောက်အတွက် ၁၅၀၀၀ ကျပ်

 

ဘူဖေးဆိုရင် လူတစ်ယောက်အတွက် ၃၅၀၀၀ ကျပ်

 

တရုတ်အစားအစာဆိုရင် လူတစ်ယောက်အတွက် ၂၅၀၀၀ ကျပ်

 

အမှတ် ၂၀၊ ပုလဲလမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

 

ဖုန်း - ၀၁-၅၄၈၃၁၀၊ ၀၁-၅၄၈၃၁၇

 

Inya Lake Hotel

 

ညစာစားပွဲအတွက် International Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၀ မှ ၃၅ အထိရှိပြီး Chinese Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၅ မှ ၄၀ အထိရှိပါတယ်။

 

ဟိုတယ်၏ ၀န်ဆောင်မှုများမှာ မင်္ဂလာခန်းမအပြင်အဆင်၊ နောက်ခံစာတမ်းရေးထိုးခြင်း၊ wedding cake ပြုလုပ်ပေးခြင်းနှင့် နံနက်စာဘူဖေးအပါအ၀င် တစ်ညတာတည်းခိုခွင့်ပေးခြင်းတို့ကို ဟိုတယ်မှ စီစဉ်ဆောင်ရွက် ပေးကြောင်း သိရပါတယ်။

 

အခွန်အနေနဲ့ ၀ီစကီတစ်လုံးကို ၁၀ ဒေါ်လာ၊ ၀ိုင်တစ်ပုလင်းကို ၁၂ ဒေါ်လာ

 

Soft Drink Package အနေနဲ့ ၂ နာရီအတွင်း အချိုရည် အခမဲ့ တစ်ဦးလျှင် ၃ ဒေါ်လာ

 

Soft Drink Package ကို ယူပါက ယမကာအတွက် အခွန်ပေးစရာမလိုပါ။

 

အမှတ် ၃၇၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရန်ကုန်မြို့။

 

၀၁-၉၆၆၂၈၆၆၊ ၀၁-၉၆၆၂၈၅၇

 

မှတ်ချက်။   အထက်ပါဈေးနှုန်းများသည် အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:57
Rate this item
(3 votes)