ကမ်းခြေမှာ ဘာကြောင့်မင်္ဂလာပွဲလေး လုပ်သင့်သလဲ?

ကမ်းခြေမှာ ဘာကြောင့်မင်္ဂလာပွဲလေး လုပ်သင့်သလဲ? google

Beach Wedding လို့ပြောလိုက်တာနဲ့ မျက်လုံးထဲမှာ  သာမာန်မင်္ဂလာပွဲနဲ့မတူပဲ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့

မင်္ဂလာပွဲလေးအဖြစ် မြင်တွေ့ခံစားမိမှာပါ။

 

မြို့တွင်းပွဲတွေလို အချိန်ကန့်သတ်ထားခြင်းမျိုးမရှိပဲ တညနေလုံး၊ တညလုံး စိတ်ကြိုက်ပျော်ရွှင်စရာ အစီအစဉ်မျိုးစုံကို ကိုယ့်စိတ်တိုင်းကျလဲ စီစဉ်နိုင်တယ်လေ။ ကမ်းခြေဖြစ်တဲ့အတွက် လိုက်လာမယ့် ဧည့်သည်တွေရော မင်္ဂလာမောင်နှံပါ ရင်ခုန်ပျော်ရွှင်ရမှာကိုတော့ မပူနဲ့နော်ကမ်းခြေမှာလုပ်တဲ့မင်္ဂလာပွဲလေး ဖြစ်တဲ့အတွက် လက်မှတ်ထိုးတာဖြစ်ဖြစ်၊ လက်စွပ်လဲတာဖြစ်ဖြစ် လုပ်လို့ရတဲ့အပြင် Party ပေးမလား၊ Dinner ကျွေးမလား၊ မီးပုံပွဲနဲ့ ကာရာအိုကေပါ လုပ်ပေးလို့ရမယ်လေ။

 

ရန်ကုန်ပွဲတွေလို ငွေအများကြီးကုန်ပြီး မွန်းကြပ် မနေပဲ တကယ်လွတ်လပ်ပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မင်္ဂလာပွဲလေး ဖြစ်မှာ အသေအချာပါပဲ။ ကမ်းခြေပွဲဖြစ်လို့ ဓါတ်ပုံလှလှလေးတွေလဲ ရိုက်လို့ရမှာ ကျိန်းသေပါတယ်။ တကယ့် လွတ်လပ်မှုသဘာဝနဲ့ တသက်တာအမှတ်တရတွေဖန်တီးဖို့ ကမ်းခြေမှာ Beach Wedding လေးလုပ်ဖို့ အကြံပေးချင်ပါတယ်။

 

Myanmar Wedding Guide 

Read times Last modified on Saturday, 11 May 2019 13:50
Rate this item
(1 Vote)