မင်္ဂလာပွဲအတွက်နေရာရွေးချယ်တဲ့အခါဘာတွေသတိထားရမလဲ

မင်္ဂလာပွဲအတွက်နေရာရွေးချယ်တဲ့အခါဘာတွေသတိထားရမလဲ google

မင်္ဂလာပွဲကျင်းပဖို့အတွက် နေရာရွေးချယ်ရာတွင် ကိုယ့်ဘက်ကလည်းအဆင်ပြေလာတဲ့ဧည့်သည်များလည်း အဆင်ပြေပြီး သင့်လျော်အောင် ခမ်းနားတဲ့နေရာမျိုးဖြစ်ရပါမယ်။

 

 

 

မင်္ဂလာရက်က သေချာရင် ရာသီဥတုကိုလည်း ထည့်သွင်းစဉ်းစားပြီး ကိုယ့် ဘတ်ဂျက်ပေါ်လည်း မူတည်တဲ့ အတွက်ကြောင့် ဟိုတယ်လား၊ ခန်းမလား၊ ဘုန်းကြီးကျောင်းလား၊ ရေကူးကန်ဘေးလား၊ ပန်းခြံလား ဆိုတာ ကို ရွေးချယ်ဖို့ လိုလာပါပြီ။

 

နှစ်ဦးနှစ်ဘက်သဘောကျကျေနပ်စွာ ရွေးချယ်ပြီးလို့ စရံချေတော့မယ်ဆိုရင်တော့ အောက်ပါမေးခွန်းများကို ပြန်စစ်ဆေးကြည့်စေချင်ပါတယ်။

 

 

- လိုချင်တဲ့နေရာ ရနိုင်မလား။

 

- ဒီနှစ်ထဲမှာ စရိတ်သက်သာစေမယ့် ရက်နဲ့အချိန်တွေ ကျန်သေးလား။

 

- ခန်းမအကျယ်က ဘယ်လောက်လဲ။

 

- ခန်းမရဲ့အခြေအနေကကော ဘယ်လိုရှိသလဲ။

 

- လက်ထပ်တာက တစ်နေရာဖြစ်နေရင် ဧည့်ခံတဲ့နေရာကို လာဖို့ ဘယ်လောက်ဝေးသေးလဲ။

 

- ဧည့်ခံခန်းမအပိုနဲ့ ဘေးနေရာတွေအတွက် ထပ်ပေးရမယ့်စရိတ်ရှိသေးလား။

 

- ခန်းမထဲမှာ အများဆုံး ဘယ်လောက်ဆန့်သလဲ။

 

- အနည်းဆုံး ဧည့်သည်အရေအတွက်ကို အာမခံပေးထားရမလား။

 

- လာမည့်ဧည့်သည်က ဘီးတပ်ကုလားထိုင်နဲ့ သွားနိုင်၊ တက်ဆင်းနိုင်လို့ အဆင်ပြေလား။

 

- လက်ထပ်ပွဲလုပ်နိုင်တဲ့ ခန်းမအပိုတွေရှိဦးမလား။

 

- ရှုမျှော်ခင်းတွေမြင်နိုင်တဲ့နေရာလား။

 

- ဒီနေ့ရဲ့ ဘယ်အချိန်တွေမှာ ဒီခန်းမမှာပဲ တခြားဘာပွဲတွေ ရှိနေသေးသလဲ ဆိုတာကို ပြန်စစ်ဆေး ကြည့်သင့်ပါတယ်။

 

 

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under