ကျန်းမာတဲ့ အိမ်ထောင်ရေးတစ်ခု ဘယ်လိုတည်ဆောက်မလဲ

ကျန်းမာတဲ့ အိမ်ထောင်ရေးတစ်ခု ဘယ်လိုတည်ဆောက်မလဲ

သင့်ရဲ့ လက်တွဲ ဖော်ဖောက်ပြန်တာဟာ သင့်အနေနဲ့ များသောအားဖြင့် လိုအပ်ချက်မရှိပေမဲ့ ဂရုစိုက်မူ့အားနည်းလို့ပါ။တချို့ကျ ဖောက်ပြန်တဲ့ စိတ်ရင်းရှိနေလို့သာ အဆိုပါကိစ္စတွေအဖြစ်များတာပါ။

 

နောက်တစ်ခုက ထက်မြတ်တဲ့ လူတွေရဲ့အိမ်ထောင်ရေးတွေမှာကျ မာန်မာန ပြိုင်ကြလို့ပါ။အမျိုးသမီးတွေရဲ့ ပင်ကိုယ်စိတ်ကိုကစိတ်ပျော့တယ် , အားကိုးချင်ကြရှာတာကိုး။

 

ဖောက်ပြန်တဲ့ အမျိုးသမီးတွေဟာသူတို့ လင်ယောက်ျားကို မချစ်လို့ မဟုတ်ခဲ့ပါဘူး။အလုပ်မအားလပ်ပဲ အချိန်မပေးနိုင်တဲ့ ယောက်ျားနေရာမှာ အခြားအချိန်ပေးနိုင်တဲ့ အမျိုးသားကို အစားထိုးခဲ့ချင်ယုံမျှသာ ...

 

အဲ့လိုအစပိုင်းကနေမှ အခြား အမျိုးသားနဲ့ သံယောဇဉ်ဆိုတာဖြစ်လာပြီး အရာရာ လွန်သွားတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတာပါ။

 

တကယ်တန်းက အမျိုးသမီးတွေက မျိုသိပ်တတ်သူတွေဖြစ်တာကြောင့် သင်တို့တွေကိုသူမတို့ရဲ့ခံစားချက်တွေ အမြဲထုတ်ဖော်ပြောမနေနိုင်ကြပါဘူး။

 

သင်တို့ ဘက်ကတော့ အလုပ်ရှုပ်ပြီး ခဏတာဆိုပြီးပြစ်ထားမိပေမဲ့ အမျိုးသမီးတွေခမျာ အတော်လေး စိတ်မသက်မသာ ဖြစ်ကြရရှာပါတယ်။

 

ဒီအချင်းအရာကို သည်းခံပေးနိုင်တဲ့ အမျိုးသမီးကတော့ ယောက်ျားဆန်တဲ့ စိတ်နဲ့ စိတ်ဓာတ်မာကြောတဲ့အမျိုးသမီးများသာသည်းခံပေးနိုင်မှာပါ။

 

တကယ်တန်းတော့ ဘယ်သူမှ မဖောက်ပြန်ချင်ကြပါဘူး , သင်တို့ဘက်ကသာ သူမတို့ပေးသလောက်အပေးရှိခဲ့ရင် အရာရာက တည်မြဲနေမှာပါ။

 

ဖောက်ပြန်တယ်ဆိုတာ တကယ်တော့ လုပ်သင့်တဲ့ လုပ်ရပ်မဟုတ်သလို လူ့ကျင့်ဝတ်မှာ အတော်လေး မကောင်းတဲ့ လုပ်ရက်မျိုးပါ ဒါကို သိထားခဲ့ရင်တော့ယနေ့ခေတ်မြင်နေတွေ့နေရသလိုတွေ ဖြစ်လာစရာအကြောင်းမရှိဘူးပေါ့။

 

အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အတော်လေး စိတ်ဒဏ်ရာ ရကြပါတယ်။သားသမီးအတွက်လဲ မိဘရဲ့ အိမ်ထောင်ရေးဖောက်ပြန်မူ့ကြီးက အိပ်မက်ဆိုးကြီးပါ။

 

အိမ်ထောင်ရေးမှာသာမက ချစ်သူရည်းစားဘဝမှာတောင် ဖောက်ပြန်တယ်ဆိုတဲ့ လုပ်ရက်က မကောင်းပါဘူး မလုပ်အပ်တဲ့ လုပ်ရက်မျိုးပါ။

 

အကယ်၍ သင်ကသာ ဖောက်ပြန်ချင်စိတ်ဖြစ်နေပြီဆို သင့်လက်တွဲဖော်ရဲ့ ကောင်းကွက်လေးတွေ ပြန်စဉ်းစားပါ။အချိန်မပေးနိုင်တဲ့ ကိုယ့်လက်တွဲဖော်ကို ကိုယ်က ညှိယူဖို့ တောင်းဆိုကြည့်သင့်ပါတယ်။

 

တကယ်တန်းက အချစ်မှာ ကိုယ့်လက်တွဲဖော်ရဲ့ ဖြစ်တည်မူ့တိုင်းကို လက်ခံတတ်ရမှာပါပဲ။သူ့မှာရှိတဲ့ အရာတိုင်းဟာ သင့်ပိုင်ဆိုင်တာပါပဲ မာန်မာန ပြိုင်ဖို့ မသင့်ပါဘူး။

 

ယောက်ျားဆိုတာတိုင်းက ဒါပါပဲ အရေးကြီးတာ သင့်အပေါ်တကယ်ချစ်တဲ့သူနဲ့ သင်ကတကယ်ချစ်တဲ့သူကို မဆုံးရှုံးရဖို့ပါပဲ။အမျိုးသားတွေ အနေနဲ့လည်း ဒီနေ့ပြန်မလာတော့ဘူးလို့ ပြောခံနီးကျ သေချာလေး တွေးတောစေချင်ပါတယ်။

 

အနောက်နိုင်ငံတွေမှာ ဘာကြောင့်အတွဲတွေ ပြတ်စဲကြလဲဆို ဂရုစိုက်မူ့ အားနည်းတာရယ် မာန်မာန ပြိုင်တာရယ်ကြောင့်ပါ။သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းလေး ပိုင်ဆိုင်ကြပါစေ။

 

<<< Zawgyi >>>

 


-----------------------

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Source From Variety

 

1we

 

 

Myanmar Wedding Guide

 

Read times
Rate this item
(0 votes)
Tagged under