အချစ်ရေးမှာ စိတ်ချမ်းသာချင်ရင်

အချစ်ရေးမှာ စိတ်ချမ်းသာချင်ရင်

အကယ်၍ သင်က ဘဝ လက်တွဲ ဖော်အဖြစ် သင်လူတစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုပါတော့ သင့်ရဲ့ အချိန်တွေ ၊ သင့် ဘ၀ ရဲ့ အစိတ်အပိုင်းတော်တော်များများ ကို သာယာတဲ့ အချစ်ရေးလေးအတွက်သူ့ဆီအကုန် သင်ပုံအပ်ရတော့မှာပါ သင့်ကို သူပိုင်သွားပါပြီ ။

 

ဒီလို အခြေအနေမျိုးမှာ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ချစ်လို့ ပိုင်ဆိုင်ရယူ ချင်လို့ အတူတူ ရှိ ခဲ့ပြီးမှ ဘယ်သူ ကမှတော့ လက်တွဲဖော်နဲ့ ပတ်သက် စိတ်ဆင်းရဲ ဆရာ မကြုံ ချင်ကြဘူးပေါ့ ဒီတော့ သင့် အနေနဲ့ သင့်လက်တွဲဖော်နဲ့ အဆင်ပြေပြေ ဘယ်လိုနေမလဲ ဆိုတာ ရှိလာပါတယ် ...

 

ပထမ ဦးစွာ နားလည်မှု့ တည်ဆောက်ပါ ....

 

တစ်ခုခု စကားများ လို့ ရန်ဖြစ်တော့ မယ်ဆိုရင်တောင် သင့် ဘက်ကပဲ နားလည်ပေးလိုက်ပါ တကယ်သင့် လက်တွဲဖော်ကို သင့်ဖြစ်ချင်တဲ့ ပုံစံ ခွက်ထဲမထည့်မိပါစေနဲ့ စကားမလွန်ပါစေနဲ့ သူ့ရင်ထဲမှာ ငြိုးသွားပါက တဖြည်းဖြည်းနဲ့ သူ့စိတ်ထဲမှာ ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်။

 

၂ . ယုံကြည်မှု့ ထားပေးပါ

 

သင့်ဘဝ ထက်တောင် သင်သူ့ ကို တန်ဖိုးထားလို့ သူ့ကို သင့် ဘဝ ပေးလိုက်ပြီပဲ သင့်ချစ်သူကို ယုံကြည်ပေးတာက သူ့ကို လည်းပိုပြီးအားတက်စေနိုင်ပါတယ် သင့်ကိုတိုင်လည်း အရေးပေးပါ သူ့ကို အလိုလိုက်ပေးပါ သစွာရှိပေးပါ။သင့်တို့ ရှေ့ဆက်လက်တွဲဖို့က ယုံကြည်မှု့ က မပါမဖြစ်ပဲ။

 

၃ မတူညီတဲ့ စိတ်ခံစားချက်လေးတွေပေးပါ

 

သင်နဲ့ သင့်ချစ်သ ူအမြဲ အတူ ရှိနေတယ်ဆိုပါတော့ သင့်အနေနဲ့ သူသင့်ကို သတိရအောင်လုပ်ပေးပါ ဒါ့မှ သာလျှင် သူ့ဘက်က စိတ်မငြီးငွေ့မှာပါ ထိုအချိန်မှာ သင်ဘက်က မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်လှည့် ပေးလိုက်ပါ။

 

၄ အမြဲတမ်း ကိုယ့်လက်တွဲဖော်ကို ခွန်အားပေးပါ

 

အောင်မြင်တဲ့ သူတစ်ယောက်ရဲ့ နောက်မှာ သူ့ကို ချုပ်ကိုင်တဲ့ သူကောင်းကောင်း တစ်ယောက်ရှိပါတယ် ဒီတော့ သင့်လက်တွဲဖော်ရဲ့ ကိစ္စ မှန် သမျှ ကို သင့်ဘက်က အမြဲတမ်း တာဝန်ကျေ အားပေးပေးပါ။

 

၅ မိမိအားနည်းချက်တွေကို ထုတ်ဖော်ပြောပြပါ

 

သင်က ဆူပါဟီးရိုတစ်ယောက် မဟုတ်ပါဘူး သင့်မှာလဲ အားနည်းချက်တော့ ရှိမှာပါ ထိုနည်းတူစွာ သူ့မှာလည်း အားနည်းချက်ရှိပါလိမ့်မယ် ထို အားနည်းချက်တွေကို ခွင့်လွတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ပြီး ဆက်လက်လျှောက်လှမ်းပါ

 

၆ မြန်မြန် ဆန်ဆန် ခွင့်လွတ်ပေးပါ

 

သင့်အနေနဲ့ သင့်လက်တွဲဖော်ကို ဘယ်တော့မှ အပြစ်မမြင်ပါနဲ့ အရာရာကို သူ့ဘက်က စဉ်းစားပေးပါ စိတ်ဆိုးစရာ ရှိသော်ခွင့်လွတ်ပေးလိုက်ပါ ကြာရှည်စွာ စိတ်ဆိုးနေတာ မျိုးက Relationship တစ်ခုအတွက် မကောင်းပါဘူး။

 

၇ သင့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြပါ

 

သင့်အနေနဲ့ တချို့ကိစ္စ တွေမှာ ရင်ထဲမှာပဲ ရှိရင်ရတယ် စိတ်ထဲမယ်အမြဲ ရှိနေပြီးသားဆိုပြီး မြိုသိပ်မထားပါနဲ့ သင့်ရဲ့လက်တွဲဖော်ကို သင်ချစ်ကြောင်း ပြပါ အမြဲ သူ့အနား ရှိနေပေးတယ် ဆိုတဲ့ အကြောင်းပြပါ တကယ်တန်းမှာ သင့်ဘက်က ထိုသို့ ခံစားချက်တွေ ထုတ်ဖော်ပြတဲ့ အခါ သင့် လက်တွဲဖော်ဘက်ကလည်းအားရှိပါတယ်။

 

အထက်ပါ အချက်အလက်များသည် အချစ်ရေးမှာ စိတ်ချမ်းသာချင်ရင် သင့် အနေနဲ့ သိရှိထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ် ။ တကယ်ချစ်တဲ့ သူဆိုရင်တော့ ထိုအချက်တွေအတိုင်းလိုက်နာပြီး သာယာတဲ့ အချစ်ရေးကို တည်ဆောက်ဖို့ မခက်ခဲပါဘူး။

 

<<< Zawgyi >>> 

 

အခ်စ္ေရးမွာ စိတ္ခ်မ္းသာခ်င္ရင္

---------------------

 

အကယ္၍ သင္က ဘဝ လက္တြဲ ေဖာ္အျဖစ္ သင္လူတစ္ေယာက္ကို ေရြးခ်ယ္လိုက္ျပီဆိုပါေတာ့ သင့္ရဲ႕ အခ်ိန္ေတြ ၊ သင့္ ဘ၀ ရဲ႕ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ား ကို သာယာတဲ့ အခ်စ္ေရးေလးအတြက္သူ႕ဆီအကုန္ သင္ပုံအပ္ရေတာ့မွာပါ သင့္ကို သူပိုင္သြားပါျပီ ။

 

ဒီလို အေျခအေနမ်ိဳးမွာ နွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ခ်စ္လို႕ ပိုင္ဆုိင္ရယူ ခ်င္လို႕ အတူတူ ရွိ ခဲ့ျပီးမွ ဘယ္သူ ကမွေတာ့ လက္တြဲေဖာ္နဲ႕ ပတ္သက္ စိတ္ဆင္းရဲ ဆရာ မၾကံဳ ခ်င္ၾကဘူးေပါ့ ဒီေတာ့ သင့္ အေနနဲ႕ သင့္လက္တြဲေဖာ္နဲ႕ အဆင္ေျပေျပ ဘယ္လိုေနမလဲ ဆိုတာ ရွိလာပါတယ္ ...

 

ပထမ ဦးစြာ နားလည္မႈ႕ တည္ေဆာက္ပါ ....

 

တစ္ခုခု စကားမ်ား လို႕ ရန္ျဖစ္ေတာ့ မယ္ဆိုရင္ေတာင္ သင့္ ဘက္ကပဲ နားလည္ေပးလိုက္ပါ တကယ္သင့္ လက္တြဲေဖာ္ကို သင့္ျဖစ္ခ်င္တဲ့ ပုံစံ ခြက္ထဲမထည့္မိပါေစနဲ႕ စကားမလြန္ပါေစနဲ႕ သူ႕ရင္ထဲမွာ ျငိဳးသြားပါက တျဖည္းျဖည္းနဲ႕ သူ႕စိတ္ထဲမွာ ဒဏ္ရာ ျဖစ္ေစနိုင္ပါတယ္။

 

၂ . ယံုၾကည္မႈ႕ ထားေပးပါ

 

သင့္ဘဝ ထက္ေတာင္ သင္သူ႕ ကို တန္ဖိုးထားလို႕ သူ႕ကို သင့္ ဘဝ ေပးလိုက္ျပီပဲ သင့္ခ်စ္သူကို ယံုၾကည္ေပးတာက သူ႕ကို လည္းပိုျပီးအားတက္ေစနိုင္ပါတယ္ သင့္ကိုတိုင္လည္း အေရးေပးပါ သူ႕ကို အလိုလိုက္ေပးပါ သစြာရွိေပးပါ။သင့္တို႕ ေရွ႕ဆက္လက္တြဲဖို႕က ယံုၾကည္မႈ႕ က မပါမျဖစ္ပဲ။

 

၃ မတူညီတဲ့ စိတ္ခံစားခ်က္ေလးေတြေပးပါ

 

သင္နဲ႕ သင့္ခ်စ္သ ူအျမဲ အတူ ရွိေနတယ္ဆိုပါေတာ့ သင့္အေနနဲ႕ သူသင့္ကို သတိရေအာင္လုပ္ေပးပါ ဒါ့မွ သာလ်ွင္ သူ႕ဘက္က စိတ္မျငီးေငြ႕မွာပါ ထိုအခ်ိန္မွာ သင္ဘက္က မိသားစုနဲ႕ သူငယ္ခ်င္းေတြကို အခ်ိန္လွည့္ ေပးလိုက္ပါ။

 

၄ အျမဲတမ္း ကိုယ့္လက္တြဲေဖာ္ကို ခြန္အားေပးပါ

 

ေအာင္ျမင္တဲ့ သူတစ္ေယာက္ရဲ႕ ေနာက္မွာ သူ႕ကို ခ်ဳပ္ကိုင္တဲ့ သူေကာင္းေကာင္း တစ္ေယာက္ရွိပါတယ္ ဒီေတာ့ သင့္လက္တြဲေဖာ္ရဲ႕ ကိစၥ မွန္ သမ်ွ ကို သင့္ဘက္က အျမဲတမ္း တာဝန္ေက် အားေပးေပးပါ။

 

၅ မိိမိအားနည္းခ်က္ေတြကို ထုတ္ေဖာ္ေျပာျပပါ

 

သင္က ဆူပါဟီးရိုတစ္ေယာက္ မဟုတ္ပါဘူး သင့္မွာလဲ အားနည္းခ်က္ေတာ့ ရွိမွာပါ ထိုနည္းတူစြာ သူ႕မွာလည္း အားနည္းခ်က္ရွိပါလိမ့္မယ္ ထို အားနည္းခ်က္ေတြကို ခြင့္လြတ္ျပီး တစ္ေယာက္နဲ႕ တစ္ေယာက္ ေဖးမ ျပီး ဆက္လက္ေလ်ွာက္လွမ္းပါ

 

၆ ျမန္ျမန္ ဆန္ဆန္ ခြင့္လြတ္ေပးပါ

 

သင့္အေနနဲ႕ သင့္လက္တြဲေဖာ္ကို ဘယ္ေတာ့မွ အျပစ္မျမင္ပါနဲ႕ အရာရာကို သူ႕ဘက္က စဥ္းစားေပးပါ စိတ္ဆိုးစရာ ရွိေသာ္ခြင့္လြတ္ေပးလိုက္ပါ ၾကာရွည္စြာ စိတ္ဆိုးေနတာ မ်ိဳးက Relationship တစ္ခုအတြက္ မေကာင္းပါဘူး။

 

၇ သင့္ရဲ႕ ခံစားခ်က္ေတြကို ထုတ္ေဖာ္ျပပါ

 

သင့္အေနနဲ႕ တခ်ိဳ႕ကိစၥ ေတြမွာ ရင္ထဲမွာပဲ ရွိရင္ရတယ္ စိတ္ထဲမယ္အျမဲ ရွိေနျပီးသားဆိုျပီး ျမိဳသိပ္မထားပါနဲ႕ သင့္ရဲ႕လက္တြဲေဖာ္ကို သင္ခ်စ္ေၾကာင္း ျပပါ အျမဲ သူ႕အနား ရွိေနေပးတယ္ ဆိုတဲ့ အေၾကာင္းျပပါ တကယ္တန္းမွာ သင့္ဘက္က ထိုသို႕ ခံစားခ်က္ေတြ ထုတ္ေဖာ္ျပတဲ့ အခါ သင့္ လက္တြဲေဖာ္ဘက္ကလည္းအားရွိပါတယ္။

 

အထက္ပါ အခ်က္အလက္မ်ားသည္ အခ်စ္ေရးမွာ စိတ္ခ်မ္းသာခ်င္ရင္ သင့္ အေနနဲ႕ သိရွိထားသင့္တဲ့ အခ်က္ေတြပဲျဖစ္ပါတယ္ ။ တကယ္ခ်စ္တဲ့ သူဆိုရင္ေတာ့ ထိုအခ်က္ေတြအတိုင္းလိုက္နာျပီး သာယာတဲ့ အခ်စ္ေရးကို တည္ေဆာက္ဖို႔ မခက္ခဲပါဘူး။

 

Ref ; Huffpost 

 

Read times
Rate this item
(0 votes)
Tagged under