ရည်းစားထားပြီး ဘာလုပ်ရမှန်းမသိသူများအတွက်

ရည်းစားထားပြီး ဘာလုပ်ရမှန်းမသိသူများအတွက်

ချစ်သူရည်းစားသဘာဝမှာ တစ်ယောက်နဲ့ တစ်ယောက်လွမ်းပြီး နေ့စဉ်နေတိုင်း တွေ့ဖြစ်လာတဲ့ အခါမှာ ဒီနေ့တော့တွေ့ရင် ဘာစား မယ် ဘာလုပ်မယ်ဆိုတာကို တွေးရင်းနဲ့ ေ၀ဝါးနေတတ်ပါတယ်။ဒီတစ်ခါမှတော့ The wedding guide မှ အကြံပေးချင်တာကတော့ ကိုယ့်တစ်ယောက်သောသူနဲ့ တွေ့ရင်သူ့ကို ဘယ်လိုပျော်အောင်ထားမယ်ကိုယ်လည်းဘယ်လိုပျော်အောင်နေမယ်ဆိုတာကို တွေးထားသင့်ပါတယ်။

 

ဘယ်သူမဆို ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင် အကောင်းဆုံး တွေချည်းပဲပေးချင်တာ သဘာဝပါ သို့ပေမယ့် ကိုယ်နိုင်သလောက်လေးနဲ့ သူကိုလည်းစိတ်ချမ်းသာအောင်ထားပေးနိုင်ရင် အကောင်းဆုံးပေါ့ ...

 

ချစ်သူကို ကိုဗစ်ပြီးပါက ရှိုးပွဲတွေ ဘာတွေခေါ်သွားလို့ရပါတယ် ၊ နေရာ လှလှ လေးတွေရှာပြီး ဓာတ်ပုံလိုက်ရိုက်ပေးပါ ၊ ရေကူးကန်အတူတူသွားပါ ရေဆော့ရင်းဖက်ထားတာ ဘာညာ လုပ်လို့ရပါသေးတယ်။ရေခဲမုန့်အတူတူစားပါ ၊ ပန်းခြံထဲမှာ ချစ်သူလက်လေးဆွဲလမ်းလျှောက်ပါ ။ စိုက်ပျိုးရေးခြံတွေသွား သစ်သီး ဘာညာဝယ်ပါ ၊ တောင်တူတူတက်ပါ။

 

ကော်ဖီဆိုင်လေးတူတူထိုင်ပါ လေ့လာချက်တွေအရ ကော်ဖီ အပူကိုင်ထားရင်း စကားပြောရင်ပိုပြီး အပေါက်အလမ်းတည့်ပါတယ်တဲ့။စက်ဘီးတူတူစီးပါ။ရုပ်ရှင်တူတူကြည့်ပြီး ဇာတ်ကား အကြောင်းငြင်းခုန်ကြပါ။မနက်စာ တစ်ပတ်မှာ အနည်းဆုံးတစ်ရက်တူတူစားပေးပါ။မနက်ခင်းတစ်ခုရဲ့ အစမှာမနက်စာစားပြီး သူနဲ့ ဘ၀ ရှေ့ဆက်မဲ့ အကြောင်း တွေပြောရင် သင့်ချစ်သူဆီက မျှော်လင့်ချက်လေးတစ်ခုဖြစ်တည်စေမှာပါ။

 

ကစားကွင်းတူတူသွားပါ သရဲအိမ်တွေဘာတွေဝင်ပါ။စားသောက်ဆိုင်အသစ်တွေအတူတူ စားကြည့်ပါ။တိရစ္ဆာန်ရုံ သွားပါ ၊ ခရီးတိုလေးတွေထွက်ပါ ၊ လှေလှော်ပါ။ခွေးလေးတွေမွေးထားပါက ခွေးလေးနဲ့ အတူတူ ကစားပါ။ပင်လယ်ကိုသွားပါ။မီးပုံဘေးထိုင်ပါ။အတူတူ ချက်ပြုတ်စားသောက်ပါ။Lego အတူတူကစားပါ။

 

တစ်လတစ်ခါဖြစ်ဖြစ် ဆိုင်ကြီးတွေမှာ ဝတ်စုံပြည့်ဝတ်ကာ ကောင်လေးမှ ကောင်မလေး သဘောကျ ပန်းစည်းလေးပေးကာ လှလှပပ ညစာစားပါ။ကိုယ့်ချစ်သူနဲ့ မွေးနေ့ကို မေ့မနေပါနှင့်ဈေးကြီးကြီး လက်ဆောင်တစ်ခု အမှတ်ရဖွယ်ဝယ်ပေးသင့်ပါတယ် သူဘာကို လိုချင်လဲ ဘာသဘောကျလဲဆိုတာကို သေချာအောင် ရှေ့ရက်များထဲက စကားပြောရင်းလေ့လာထားပါ။

 

သင့်ချစ်သူကို သူ့သူငယ်ချင်းတွေနဲ့ သွားရင်သင်ပါ လိုက်သွားနိုင်သလို ဆက်ဆံရေးကို ကောင်းနိုင်သမျှကောင်းပေးပါ။သူ့မိသားစုနဲ့လည်း တည့်အောင် ပေါင်းသင်းတတ်ပါစေ အပြင်သွားရင်ပေးသွားလိုက်ပါ ချုပ်ချယ်တာ မကောင်းပါဘူး အမြဲတမ်း သူ့အတွက် အသင့်ရှိနေဖို့သင့်ကိုသင်ပြင်ဆင်ထားပါ။စိတ်ကူးမတူ အနေအထား မတူတဲ့ လူနှစ်ယောက်ပေါင်းရတာလွယ်ကူတာမဟုတ်ပါဘူး သင့်အနေနဲ့ စွန့်လွတ်အနစ်နာခံခြင်းတွေနဲ့ ချစ်နိုင်ပြီး သင်တို့ အချစ်ရေးတည်မြဲပါစေ။

 

<<< Zawgyi >>>

 

ရည္းစားထားျပီး ဘာလုပ္ရမွန္းမသိသူမ်ားအတြက္

------------------------------------------------------------

 

ခ်စ္သူရည္းစားသဘာ၀မွာ တစ္ေယာက္နဲ႕ တစ္ေယာက္လြမ္းျပီး ေန႕စဥ္ေနတိုင္း ေတြ႕ျဖစ္လာတဲ့ အခါမွာ ဒီေန႕ေတာ့ေတြ႕ရင္ ဘာစား မယ္ ဘာလုပ္မယ္ဆိုတာကို ေတြးရင္းနဲ႕ ေ၀၀ါးေနတတ္ပါတယ္။ဒီတစ္ခါမွေတာ့ The wedding guide မွ အၾကံေပးခ်င္တာကေတာ့ ကုိယ့္တစ္ေယာက္ေသာသူနဲ႕ ေတြ႕ရင္သူ႕ကို ဘယ္လိုေပ်ာ္ေအာင္ထားမယ္ကိုယ္လည္းဘယ္လိုေပ်ာ္ေအာင္ေနမယ္ဆိုတာကို ေတြးထားသင့္ပါတယ္။

 

ဘယ္သူမဆို ကိုယ့္ခ်စ္သူကို စိတ္ခ်မ္းသာေအာင္ အေကာင္းဆုံး ေတြခ်ည္းပဲေပးခ်င္တာ သဘာ၀ပါ သို႕ေပမယ့္ ကိုယ္နိုင္သေလာက္ေလးနဲ႕ သူကိုလည္းစိတ္ခ်မ္းသာေအာင္ထားေပးနုိင္ရင္ အေကာင္းဆုံးေပါ့ ...

 

ခ်စ္သူကို ကိုဗစ္ျပီးပါက ရွုိးပြဲေတြ ဘာေတြေခၚသြားလို႕ရပါတယ္ ၊ ေနရာ လွလွ ေလးေတြရွာျပီး ဓာတ္ပုံလိုက္ရိုက္ေပးပါ ၊ ေရကူးကန္အတူတူသြားပါ ေရေဆာ့ရင္းဖက္ထားတာ ဘာညာ လုပ္လို႕ရပါေသးတယ္။ေရခဲမုန္႕အတူတူစားပါ ၊ ပန္းျခံထဲမွာ ခ်စ္သူလက္ေလးဆြဲလမ္းေလ်ွာက္ပါ ။ စိုက္ပ်ိဳးေရးျခံေတြသြား သစ္သီး ဘာညာ၀ယ္ပါ ၊ ေတာင္တူတူတက္ပါ။

 

ေကာ္ဖီဆိုင္ေလးတူတူထိုင္ပါ ေလ့လာခ်က္ေတြအရ ေကာ္ဖီ အပူကိုင္ထားရင္း စကားေျပာရင္ပိုျပီး အေပါက္အလမ္းတည့္ပါတယ္တဲ့။စက္ဘီးတူတူစီးပါ။ရုပ္ရွင္တူတူၾကည့္ျပီး ဇာတ္ကား အေၾကာင္းျငင္းခုန္ၾကပါ။မနက္စာ တစ္ပတ္မွာ အနည္းဆုံးတစ္ရက္တူတူစားေပးပါ။မနက္ခင္းတစ္ခုရဲ႕ အစမွာမနက္စာစားျပီး သူနဲ႕ ဘ၀ ေရွ႕ဆက္မဲ့ အေၾကာင္း ေတြေျပာရင္ သင့္ခ်စ္သူဆီက ေမ်ွာ္လင့္ခ်က္ေလးတစ္ခုျဖစ္တည္ေစမွာပါ။

 

ကစားကြင္းတူတူသြားပါ သရဲအိမ္ေတြဘာေတြ၀င္ပါ။စားေသာက္ဆိုင္အသစ္ေတြအတူတူ စားၾကည့္ပါ။တိရစၦာန္ရုံ သြားပါ ၊ ခရီးတိုေလးေတြထြက္ပါ ၊ ေလွေလွာ္ပါ။ေခြးေလးေတြေမြးထားပါက ေခြးေလးနဲ႕ အတူတူ ကစားပါ။ပင္လယ္ကိုသြားပါ။မီးပုံေဘးထိုင္ပါ။အတူတူ ခ်က္ျပဳတ္စားေသာက္ပါ။Lego အတူတူကစားပါ။

 

တစ္လတစ္ခါျဖစ္ျဖစ္ ဆိုင္ၾကီးေတြမွာ ၀တ္စံုျပည့့္၀တ္ကာ ေကာင္ေလးမွ ေကာင္မေလး သေဘာက် ပန္းစည္းေလးေပးကာ လွလွပပ ညစာစားပါ။ကိုယ့္ခ်စ္သူနဲ႕ ေမြးေန႕ကို ေမ့မေနပါနွင့္ေစ်းၾကီးၾကီး လက္ေဆာင္တစ္ခု အမွတ္ရဖြယ္၀ယ္ေပးသင့္ပါတယ္ သူဘာကို လိုခ်င္လဲ ဘာသေဘာက်လဲဆိုတာကို ေသခ်ာေအာင္ ေရွ႕ရက္မ်ားထဲက စကားေျပာရင္းေလ့လာထားပါ။

 

သင့္ခ်စ္သူကို သူ႕သူငယ္ခ်င္းေတြနဲ႕ သြားရင္သင္ပါ လိုက္သြားနိုင္သလို ဆက္ဆံေရးကို ေကာင္းနိုင္သမ်ွေကာင္းေပးပါ။သူ႕မိသားစုနဲ႕လည္း တည့္ေအာင္ ေပါင္းသင္းတတ္ပါေစ အျပင္သြားရင္ေပးသြားလိုက္ပါ ခ်ဳပ္ခ်ယ္တာ မေကာင္းပါဘူး အျမဲတမ္း သူ႕အတြက္ အသင့္ရွိေနဖို႕သင့္ကိုသင္ျပင္ဆင္ထားပါ။စိတ္ကူးမတူ အေနအထား မတူတဲ့ လူနွစ္ေယာက္ေပါင္းရတာလြယ္ကူတာမဟုတ္ပါဘူး သင့္အေနနဲ႕ စြန္႕လြတ္အနစ္နာခံျခင္းေတြနဲ႕ ခ်စ္နိုင္ျပီး သင္တို႕ အခ်စ္ေရးတည္ျမဲပါေစ။

 

Ref : Dating Ideas

Read times
Rate this item
(0 votes)
Tagged under