မင်္ဂလာဆောင်မှာ လူတွေကို ဖိတ်မကျွေးပဲ ခွေးအကောင် (၅၀၀)ကို ဧည့်ခံကျွေးမွေးခဲ့တဲ့ စုံတွဲ

မင်္ဂလာဆောင်မှာ လူတွေကို ဖိတ်မကျွေးပဲ ခွေးအကောင် (၅၀၀)ကို ဧည့်ခံကျွေးမွေးခဲ့တဲ့ စုံတွဲ Richard Myo Thant

အိန္ဒိယနိုင်ငံ Odisha ပြည်နယ်က Eureka နဲ့Joanaတို့စုံတွဲလေးက လွန်ခဲ့သော ၃ နှစ်ကတည်းက ဒိတ်နေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ဟာမင်္ဂလာဆောင်ရင် တစ်ခုခုအမှတ်တရလေး ဖြစ်ချင်တယ်လို့ သိရပါတယ်။

 

 

Eureka ကတော့ ပိုင်းလော့ကနေ ရုပ်ရှင် ဒါရိုက်တာဖြစ်လာသူ တစ်ဦးဖြစ်ပြီးတော့ Joana ကတော့ သွားဆရာဝန် တစ်ဦးပဲ ဖြစ်ပါတယ်နော်။သူတို့ စုံတွဲလေးဟာ လမ်းဘေးက ခွေးတွေကို လိုက်ကျွေးတာ မျိုးမလုပ်ပါဘူး။ လူတွေကိုလည်း အန္တရာယ်မရှိစေတဲ့

တိရစ္ဆာန်တွေကိုလည်း စနစ်တ ကျ ကယ်ဆယ်ထားတဲ့ နေရာကို ရွေးချယ်ခဲ့ကြပါတယ်။စည်းကမ်းတကျနဲ့ဘဲ Animal shelter သွားပြီးတော့ ကယ်ဆယ်ထားတဲ့ ခွေးအကောင် ၅၀၀ အတွက်ကို ဆေးပစ္စည်းတွေနဲ့ ထမင်းနဲ့ဟင်းကို ပရိုတိန်းပြည့်ဝပြီး အရသာရှိ

အောင် သေချာစီစဉ်ပြီး လှူဒါန်း ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကတော့ ငွေစုပြီး အလှူလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ် ဖြစ်လိုက်တာကြောင့် လက်ထဲမှာ ငွေမကျန်သလောက် ဖြစ်သွားတာပါ။

 

 

ဒါပေမယ့်လည်း ဘဏ်ကနေချေးငွေယူပြီးတော့ သူတို့လှူဖို့ ဆုံးဖြတ်ထားတဲ့ Animal Shelter ကိုသွားပြီး လှူခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။ သူတို့ဟာ မင်္ဂလာပွဲအတွက်ကို ဘာမှအထွေအထူး မစီစဉ်ခဲ့ပဲ သတို့ သမီး Joana ကသတို့သား Eureka ရဲ့ အမေ

မင်္ဂလာဆောင်တုန်းက ဆာရီကိုပဲ ပြန်ဝတ်ခဲ့ပါတယ်။ အဲ့ဒီအတွက် သတို့သား Eureka ရဲ့ ကင်ဆာနဲ့ သေဆုံးသွားတဲ့ အမေအတွက် အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ မင်္ဂလာပွဲအတွက်Animal Shelter ကို နှစ်ရက်စောပြီးသွားလှူခဲ့ကာ စက်တင်ဘာ ၂၅ ရက်နေ့မှာ

ဟိန္ဒူ ဘုရားကျောင်းလေးမှာပဲ လက်ထပ်ခဲ့ကာ Animal Shelter ကို သွားပြီး ကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

 

Ref: Richard Myo Thant

Read times Last modified on Saturday, 17 October 2020 13:15
Rate this item
(1 Vote)