MEMORY! ၏ ၅ ကြိမ်မြောက် Myanmar Script Fund (MSF) 2020 ဆုပေးပွဲအခမ်းအနား

MEMORY! ၏ ၅ ကြိမ်မြောက် Myanmar Script Fund (MSF) 2020 ဆုပေးပွဲအခမ်းအနား (MSF)

MEMORY! ၏ ၅ ကြိမ်မြောက် Myanmar Script Fund (MSF) 2020 ဆုပေးပွဲအခမ်းအနားတွင်ဆု (၃) ဆု နှင့် Special Mention ဆု (၁) ဆုကို ထုတ်ပြန်ကြေညာ

 

MSF Short-to-Feature ဆုကို ဒါရိုက်တာ Nay Wunn Ni နှင့် ထုတ်လုပ်သူ Myo Thar Khin တို့၏ CITY BIRDS ဇာတ်ကားမှ ရရှိခဲ့သည်။

MSF Script Development ဆုကို ဒါရိုက်တာ Kaung Myat Thu Kyaw နှင့် ထုတ်လုပ်သူ Aye Nilar Kyaw တို့၏ MEL MO ဇာတ်ကားမှ ရရှိခဲ့သည်

MSF Open Doors ဆုကို ဒါရိုက်တာ Zaw Win Htwe နှင့် ထုတ်လုပ်သူ Lin Sun Oo တို့၏ THE MIST OF MAYA ဇာတ်ကား ဇာတ်ကားမှ ရရှိခဲ့သည်။

MSF Special Mention ဆုကို ဒါရိုက်တာ Mann Pye Pyo Aung နှင့် ဒါရိုက်တာနှင့် ထုတ်လုပ်သူ Hnin Ei Hlaing တို့၏ CURVE ဇာတ်ကားမှ ရရှိခဲ့သည်။

 

MEMORY ရုပ်ရှင်ပွဲတော်သည် Myanmar Script Fund (MSF) 2020 အစီအစဉ်ကို ၅ ကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပြီး ယနေ့တွင် ဆုပေးပွဲ အခမ်းအနားနှင့် အတူ ပိတ်ပွဲအခမ်းအနားကိုပါ ပြုလုပ်ကျင်းပခဲ့သည်။ Myanmar Script Fund (MSF) 2020 အစီအစဉ်သည် ဇာတ်လမ်းရှည်တွေ ရိုက်ကူး နိုင်ရန်အတွက် တက်သစ်စ မြန်မာရုပ်ရှင်ဖန်တီးသူတွေကို ပံ့ပိုးပေးတဲ့ အစီအစဉ်ဖြစ်ပြီး ယခုနှစ်တွင် အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ကျင်းပခဲ့သည်။

 

ယခုနှစ် MSF 2020 အစီအစဉ်တွင် MSF Original အတွက် ဆန်ကာတင် Project အသစ် ဇာတ်ကား စုစုပေါင်း (၆) ခု ရွေးချယ်ခံခဲ့ရပြီး အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့သည့် နှစ်ပတ်တာကာလအတွင်း ဆန်ကာတင် ရွေးချယ်ခံရသော ဇာတ်ကားများမှ ဒါရိုက်တာများနှင့် ထုတ်လုပ်သူများသည် နိုင်ငံတကာရုပ်ရှင်နယ်ပယ်မှ ပရော်ဖက်ရှင်နယ်များ၏ သင်ကြားမှုများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးသင်ကြားပြသမှုများ ပြုလုပ်ပြီးသည့်နောက် Myanmar Script Fund (MSF) 2020 အစီအစဉ်တွင် ဆန်ခါတင်ရွေးချယ်ခံရသည့် MSF Original များသည် သူတို့၏ Project များကို MSF အကဲဖြတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဒါရိုက်တာ Ms Dechen Roder ဦးဆောင်သည့် အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ ရှေ့မှောက်တွင် တင်ပြဆွေးနွေးခဲ့ကြသည်။ အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့သည့် နှစ်ပတ်တာကာလအတွင်း အကဲဖြတ်ဒိုင်များ၏ ဆွေးနွေးရွေးချယ်မှုအပြီး ဆန်ကာတင် ရွေးချယ်ခံခဲ့ရသည့် Project အသစ်ထဲမှ ဆု (၃) ဆုနှင့် Special Mention ဆု (၁) ဆု တို့ကို ရွေးချယ်ခဲ့ပြီး ဆုများကို ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် MSF ဆုပေးပွဲနှင့် ပိတ်ပွဲ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

 

Myanmar Script Fund (MSF) 2020 အစီအစဉ်တွင် ပေးအပ်သွားမည့် ဆုအမျိုးအစားများ၊ ဆုကြေးငွေများနှင့် အကျိုး ခံစားခွင့်များနှင့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

MSF Short-to-Feature ဆုကို ဒါရိုက်တာ Nay Wunn Ni နှင့် ထုတ်လုပ်သူ Myo Thar Khin တို့၏ CITY BIRDS ဇာတ်ကားမှ ရရှိခဲ့သည်။ MSF Short-to-Long ဆုသည် ဇာတ်လမ်းရှည် မရိုက်ကူးခင်မှာ ဇာတ်လမ်းပိုင်းဆိုင်ရာ ပိုအားကောင်းအောင်လုပ်နိုင်ဖို့အတွက် ဇာတ်လမ်းတို ရိုက်ကူးနိုင်ရေး ကူညီပံ့ပိုးပေးတဲ့ ဆုအမျိုးအစားဖြစ်သည်။ ဇာတ်လမ်းတို ရိုက်ကူးမည့် ဒါရိုက်တာသည် MSF တွင် ပြိုင်ပွဲဝင်ထားသည့် Project ၏ ဒါရိုက်တာသာ ဖြစ်ရမည် ဖြစ်ပြီး အကြောင်းအရာနှင့် ဇာတ်လမ်းတိုကြာချိန်ကို ကန့်သတ်ထားခြင်း မရှိပါ။ အဆိုပါ ဇာတ်လမ်းတိုသည် Fiction ဖြစ်ရမည်ဖြစ်ပြီး ယင်းဇာတ်လမ်းတို ရိုက်ကူးထုတ်လုပ်နိုင်ရေးအတွက် ဆုကြေးငွေအဖြစ် ယူရိုငွေ (၂ဝဝဝ) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

 

No description available.

MSF Script Development ဆုကို ဒါရိုက်တာ Kaung Myat Thu Kyaw နှင့် ထုတ်လုပ်သူ Aye Nilar Kyaw တို့၏ MEL MO ဇာတ်ကားမှ ရရှိခဲ့သည်။ MSF Script Development ဆုသည် အကောင်းဆုံးဇာတ်ညွှန်းကို ဆက်လက် ရေးသားဖို့ အလားအလာအရှိဆုံး Project ကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဒါရိုက်တာနှင့် အတူ ဇာတ်ညွှန်း ရေးသားမည့် အပိုင်းတွင် ပံ့ပိုးကူညီမည့် တိုင်ပင်ဆွေးနွေးမည့်သူ (Consultant) တစ်ယောက်လည်း ပါရှိမည် ဖြစ်သည်။ အဆိုပါ ဆုအတွက် ဆုကြေးငွေအဖြစ် ယူရိုငွေ (၂၀၀၀) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ယင်း ဆုကြေးငွေများကို ဇာတ်ညွှန်းရေးသားမှုနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမည့်သူ (Consultant) နှင့် ဆုရရှိသူ အဖွဲ့မှ ညီတူညီမျှ ခွဲဝေသုံးစွဲကြရမည်ဖြစ်သည်။

 

 MSF Open Doors ဆုကို ဒါရိုက်တာ Zaw Win Htwe နှင့် ထုတ်လုပ်သူ Lin Sun Oo တို့၏ THE MIST OF MAYA ဇာတ်ကားမှ ရရှိခဲ့သည်။ အဆိုပါ ဆုကို ရရှိခဲ့သည့် ဇာတ်ကားထုတ်လုပ်ဖန်တီးသူသည် ၂ဝ၂၁ ခုနှစ် သြဂုတ်လတွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၁ ခုနှစ် လိုကာနိုရုပ်ရှင်ပွဲတော် (Locarno Festival) ၏ Open Doors Lab တွင် တက်ရောက်ပါဝင်ခွင့်ရမည်ဖြစ်သည်။

 

 

No description available.

Myanmar Script Fund (MSF) အစီအစဉ် ပူးတွဲတည်ထောင်သူ Séverine Wemaere က "အခု MSF အစီအစဉ်မှာ ပါဝင်ရွေးချယ်ခံရသူတွေဟာ တစ်နည်းအားဖြင့်တော့ ဆုရရှိပြီးသူများဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ တင်ပြခဲ့တဲ့ Project (၆) ခုလုံးကိုလည်း အခုဆိုရင် ကိန်းရုပ်ရှင်ပွဲတော်၊ လိုကာနိုရုပ်ရှင်ပွဲတော်၊ ဘူဆန်ရုပ်ရှင်ပွဲတော်နှင့် အခြားသော A အဆင့် ရုပ်ရှင်ပွဲတော်များမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက သိသွားပြီဖြစ်တဲ့အတွက် သူတို့တွေ ဇာတ်လမ်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ့် အစီအစဉ်တွေကိုလည်း စိတ်အားထက်သန်စွာ စောင့်ကြည့်သွားမှာပါ” ဟု ပြောကြားခဲ့သည်။


Covid – 19 ရောဂါဖြစ်ပွားသည့်အခြေအနေကြောင့်Myanmar Script Fund (MSF) အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ပြီး အွန်လိုင်း အစည်းအဝေးပေါင်း (၁၄ဝ) ကျော်၊ ဇာတ်လမ်း Project ပေါင်း (၁၂) ခု၊ ဆန်ခါတင် (၂၅) ယောက်နှင့် အတူ ထိပ်သီးနိုင်ငံတကာရုပ်ရှင်ပွဲတော်များနှင့် Script Funds များမှ ဝါရင့်ပရော်ဖက်ရှင်နယ် (၁၄) ယောက်တို့က ပါဝင်ခဲ့ကြသည်။

 

 

ယခုနှစ် MSF အစီအစဉ်ကို MSF Original နှင့် MSF Advanced ဟူ၍ ကဏ္ဍ (၂) ခုဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ MSF Original ကဏ္ဍတွင် ဆန်ကာတင် Project အသစ် ဇာတ်ကား စုစုပေါင်း (၆) ခု ပါဝင်ပြီး အကဲဖြတ်ဒိုင်အဖွဲ့ရှေ့မှောက်တွင် တင်ပြ ဆွေးနွေး ယှဉ်ပြိုင်ရခြင်းဖြစ်ကာ အဆိုပါ ဆန်ကာတင် Project အသစ်များထဲမှ ဆု (၃) ဆု ရွေးချယ်ချီးမြှင့်ခဲ့သည်။ MSF Advanced ကဏ္ဍတွင် ယခင် MSF အစီအစဉ်များတွင် ပါဝင်ခဲ့ဖူးသူများအနေဖြင့် နိုင်ငံတကာရုပ်ရှင်နယ်ပယ်ထဲမှ ဆုံးဖြတ် ရွေးချယ်နိုင်သည့် ထိပ်သီးပုဂ္ဂိုလ်များထံသို့ ၎င်းတို့၏ ပရောဂျတ် (၆) ခုကို တင်ပြခွင့်ရရှိခဲ့ပြီး နိုင်ငံတကာ ရုပ်ရှင် ပွဲတော်များ၊ Script funds များနှင့် ပူးတွဲထုတ်လုပ်သူများ ရှာဖွေနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။

 

 

MSF အစီအစဉ်သည် တစ်နှစ်ပတ်လုံး ကျင်းပပြုလုပ်ပြီး နှစ်ကုန်ခါနီးတွင် အထူးအစီအစဉ်များဖြင့် ကျင်းပသည့် အစီအစဉ် တစ်ခုဖြစ်သည်။ MSF အနေဖြင့် မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ရပ်တည်နေသော ရုပ်ရှင်လုပ်ငန်းများအတွက် အရည်အချင်း ရှိသူများကို ရှာဖွေပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂ဝ၁၆ ခုနှစ်မှစ၍ ရုပ်ရှင် Project ၃ဝ နီးပါးတွင် ကိုယ်စားပြု ပါဝင်ခဲ့သော စွမ်းဆောင်ရည်ရှိသူပေါင်း ၇ဝ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ပြိုင်ပွဲအပြင် ဆန်ခါတင်စာရင်း ပါဝင်သူများအားလုံးသည် မိမိတို့၏ ရုပ်ရှင် Project များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် အထူးစီစဉ် ပေးထားသည့် Follow-up အစီအစဉ်များ၊ အခြားနိုင်ငံတကာပွဲများကို တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာ ပြင်ဆင်မှုများ စသည့် ပံ့ပိုးမှုများလည်း ရရှိနိုင်မည်ဖြစ်သည်။

 

MSF အစီအစဉ်ကို မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြင်သစ်သံရုံး၊ (the Institut français)၊ ဆွစ်ဇာလန်သံရုံးနှင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းရေးအဖွဲ့ (SDC)၊ ဥရောပသမဂ္ဂ (European Union Delegation in Myanmar)၊ CNC (Center National du Cinéma et de l'image animée)၊ Arte၊ အမေရိကန်သံရုံး၊ Locarno Festival-Open Doors နှင့် Forever Group တို့မှ ကူညီပံ့ပိုးပေးထားသည်။

 

 

ယခုနှစ် ကျင်းပပြုလုပ်သည့် MSF 2020 အစီအစဉ်၏ နိုင်ငံတကာအကဲဖြတ်ဒိုင်အဖွဲ့ကို ဘူတန်နိုင်ငံမှ ဒါရိုက်တာနှင့် ထုတ်လုပ်သူ Mrs Dechen Roder က ဦးဆောင်ခဲ့ပြီး ကျန်ရှိသည့် အကဲဖြတ်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။


· Mrs. Sophie Bourdon, Open Doors / Locarno Festival, (Switzerland)

· Mrs. Rachel Mathews, Script Professor, (UK, Germany)

· Mrs. Marianne Dumoulin, Producer, JBA Production, (France)

· Mrs. Isabelle Glachant, Chinese Shadows, (France-China)

· Mrs. Marietta Hausswolff von Baumgarten, Torino Film Lab, (Sweden)

· Mr. Vit Janecek, Professor at FAMU International, (Czech Republic)

MSF 2020 တွင် ဆန်ကာတင် ရွေးချယ်ခံရသော Myanmar Script Fund Original (MSFO) project ၆ ခု

· ဒါရိုက်တာ Nay Wunn Ni နှင့် ထုတ်လုပ်သူ Myo Thar Khin တို့၏ CITY BIRDS

· ဒါရိုက်တာ Mann Pye Pyo Aung နှင့် ထုတ်လုပ်သူ Hnin Ei Hlaing တို့၏ CURVE

· ဒါရိုက်တာ Sic Hmuu Naing နှင့် ထုတ်လုပ်သူ Jose Dennis C. Teodosio တို့၏ INFINITE PAIN

· ဒါရိုက်တာ Kaung Myat Thu Kyaw နှင့် ထုတ်လုပ်သူ Aye Nilar Kyaw တို့၏ MEL MO

· ဒါရိုက်တာ Zaw Win Htwe နှင့် ထုတ်လုပ်သူ Lin Sun Oo တို့၏ THE MIST OF MAYA

· ဒါရိုက်တာနှင့် ထုတ်လုပ်သူ Min Min Hein ၏ THE YELLOW FIELD

 

MEMORY Cinema ၏ Myanmar Script Fund အကြောင်း

Myanmar Script Fund ကို MEMORY Cinema အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ထားခြင်းဖြစ်သည်။ MSF အနေဖြင့် မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ရပ်တည်နေသော ရုပ်ရှင်လုပ်ငန်းများအတွက် အရည်အချင်း ရှိသူများကို ရှာဖွေ ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂ဝ၁၆ ခုနှစ်မှစ၍ ရုပ်ရှင် Project ၃ဝ နီးပါးတွင် ကိုယ်စားပြုပါဝင်ခဲ့သော စွမ်းဆောင်ရည်ရှိသူပေါင်း ၇ဝ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ MSF 2020 ယှဉ်ပြိုင်မှုအပြီးတွင် ရွေးချယ် ခံရသူများသည် နောက်ဆက်တွဲအနေဖြင့် ရုပ်ရှင် စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် နိုင်ငံတကာ ပလက်ဖောင်းများတွင် လျှောက်လွှာတင်ခြင်းကဲ့သို့သော အစီအစဉ်များကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိလာမည်ဖြစ်သည်။

 

 

Myanmar Wedding Guide

Read times Last modified on Thursday, 10 December 2020 14:27
Rate this item
(0 votes)