ဒီအချက်တွေ တွေးပြီးမှ စေ့စပ်ပွဲလေးလုပ်ပါ

ဒီအချက်တွေ တွေးပြီးမှ စေ့စပ်ပွဲလေးလုပ်ပါ google

စေ့စပ်ပွဲလေး လုပ်တယ်ဆိုတာ လက်ထပ်ပွဲလေး လုပ်ဖို့ (၅၀%) သေချာတဲ့သဘောပါပဲ။ ချစ်သူနှစ်ဦး ဘယ်လောက်ချစ်ချစ် လက်ထပ်ကြပြီဆိုရင်တော့ သဘောထား ကွဲလွဲမှုတွေ ရှိကောင်း ရှိနေနိုင်ပါတယ်။

 

ဒီတော့ စေ့စပ်ပွဲလေး လုပ်ဖို့ မစီစဉ်ခင်မှာ တစ်ယောက်နဲ့ တစ်ယောက် သိထားရမယ့် အချက်တွေနဲ့ စဉ်းစားရမှာတွေ ရှိပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

 

() မိသားစုအကြောင်း သိအောင်လုပ်ပါ

 

သူ့မိသားစု ၊ ကိုယ့်မိသားစုအကြောင်းတွေ သိအောင် လုပ်ပါ။ စေ့စပ်ပြီး လက်ထပ်တယ်ဆိုတာ ချစ်သူနှစ်ဦးပေါင်းစပ်တာထက် ပိုပါတယ်။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း ပေါင်းစပ်ကြခြင်း ဖြစ်လို့ မိသားစုဆိုတာလည်း လိုအပ်တဲ့အရာပါ။ လက်ထပ်ပြီးမှ ဆွေမျိုးတွေကြောင့် အဆင်မပြေဖြစ်ရတယ်ဆိုရင် နှစ်ယောက်စလုံးအတွက် အဆင်မပြေပါဘူးနော်။

 

 

() တစ်ယောက်အကြောင်း တစ်ယောက်သိတာ သေချာပြီလား

 

ချစ်သူနှစ်ယောက် တစ်ယောက်ရဲ့ စိတ်အခြေအနေကို တစ်ယောက်က သေချာသိဖို့ လိုပါတယ်။ အပေါ်ယံသိတာမျိုး မဟုတ်ဘဲ တကယ့်ကို အတွင်းကျကျ သိဖို့လိုပါတယ်။ ဒါမှသာ သည်းခံနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ရေရှည်တည်မြဲဖို့ အဖုအထစ်တွေ ဖြစ်လာနိုင်တာကြောင့်ပါ။

 

 

() ကိုယ့်အတွက် တကယ့်ကို အားကိုးရပြီး လိုအပ်တဲ့သူလား

 

စေ့စပ်တယ်ဆိုတာ လက်ထပ်ဖို့ တဝက်သေချာတာ ဖြစ်တဲ့အတွက် ဒီလူဟာ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအားကိုးရတဲ့သူလားဆိုတာ သေချာသိဖို့ လိုသလို ကိုယ့်ဘဝတစ်လျှောက်လုံးမှာ ကိုယ့်အတွက် လိုအပ်တဲ့သူလားဆိုတာ သေချာသိဖို့ လိုပါတယ်။ ဘဝလက်တွဲဖော်ဆိုတာ ဆိုးတူကောင်းဖက် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိရမယ့် သူပါ။ အဲဒီလိုလူဖြစ်မှသာ နှစ်ယောက်စလုံးအတွက် လက်တွဲဖော်ကောင်း ပိုင်ဆိုင်ရမှာပါ။

 

 

() လက်ထပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား

 

လက်ထပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာက လက်ထပ်ပြီးနောက် နှစ်ယောက် အတူတူနေထိုင်ဖို့အတွက် အစစအရာရာ အဆင်သင့်ဖြစ်ပြီလားဆိုတာ သေချာသိဖို့ လိုပါတယ်။ ကလေးယူဖို့၊ ပိုက်ဆံစုဖို့ အစရှိတာတွေအတွက်ရော စဉ်းစား တိုင်ပင်ပြီးပြီလား။ ဒီအချက်တွေ သေချာမှ စေ့စပ်ပါ။

စေ့စပ်ပွဲလေး လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ကိုယ်ကိုယ်တိုင် သေချာအောင် ပြန်မေးပြီးမှ စေ့စပ်ပွဲလေး စီစဉ်ပါ။

 

 

Credit;Marry

Read times
Rate this item
(1 Vote)