တကယ်ကံကောင်းတဲ့မိန်းကလေးဆိုတာ

တကယ်ကံကောင်းတဲ့မိန်းကလေးဆိုတာ google

လူတိုင်းကတော့ ဘ၀မှာ အကောင်းဆုံးအပြည့်စုံဆုံးဆိုတဲ့အရာတွေလိုချင်တတ်ကြတာကြီးပါပဲ။

 

ဒါပင်မဲ့သူ့ကံနဲ့သူဆိုတာရှိပါသေးတယ်။ လူတိုင်းကကိုယ်ပိုင်ဆိုင်ထားတဲ့ ကံတရားနဲ့ဘ၀ကို တင်းတိမ်ရောင်ရဲနိုင်ရင် စိတ်ဆင်းရဲ့စရာတွေဆိုတာမရှိသလောက်ရှားသွားမှားပါ။

 

အခုပြောပြချင်တာက မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ပေးကံကောင်းမှုမကောင်းမှုဆိုတာ သူနဲ့ပတ်သတ်တဲ့ အမျိုးသားအပေါ်မှာလည်းအများကြီးမူတည်ပါတယ်။

 

ချမ်းသာတဲ့အမျိုးသားကို ပိုင်ဆိုင်ထားရတဲ့အမျိုးသမီးဟာ လူချမ်းသာမယ် ၊ ဒါနဲ့ပြည့်စုံသွားပြီထင်လား...သိပ်ကိုသဘောကောင်းတဲ့အမျိုးသားကို ပိုင်ဆိုင်ထားရတဲ့အမျိုးသမီးဟာ အပေါင်းသင်းတွေကြား မျက်နှာပွင့်မယ် ဒါနဲ့တင်သူမကံကောင်းပြီလား...

 

ဒါတွေကမလိုအပ်ဘူးလို့မပြောပါဘူး ငွေကြေးလည်းလိုအပ်သလိုသဘောမနောကောင်းရင်လည်းသိပ်ပြည့်စုံတာပေါ့။

 

ဒါပင်မဲ့ တကယ်တမ်းကံကောင်းတယ်ဆိုတာ သိပ်ထက်မြတ်တဲ့မိန်းမကို ပိုင်ဆိုင်ထားရတဲ့ အမျိုးသားနဲ့ သိပ်ရိုးသားဖြောင့်မတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားရတဲ့ မိန်းကလေးတွေပါ။

 

ယောကျာ်းတစ်ယောက်အတွက် ထက်မြတ်ပြီး ဘ၀တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့မိန်းကလေးမျိုးရထားရင်ကံကောင်းသလို မိန်းကလေးတစ်ယောက်ရဲ့ဘ၀အတွက်လည်း နုံအတာမျိုးမဟုတ်ပဲ ဖြောင့်မတ်ရိုးသားတဲ့ ယောက်ျားနဲ့ချစ်ခွင့်ရတာပါပဲ။

 

 

Credit;Trend

Read times Last modified on Friday, 11 January 2019 11:28
Rate this item
(2 votes)