ဘဝမှာ မဖြစ်မနေကြုံတွေ့ရမယ့် လူ (၇) မျိုး

ဘဝမှာ မဖြစ်မနေကြုံတွေ့ရမယ့် လူ (၇) မျိုး google.com

ဘဝမှာကြုံရတဲ့ လူတွေကအရမ်းများပေမယ့် တကယ်တမ်းဘယ်သူတွေကဘယ်လိုအဓိပ္ပာယ်မျိုးနဲ့

ဘဝထဲရောက်လာလဲဆိုတာကိုတော့ ခွဲခြားရလွယ်ပါတယ်။ သင့်ဘဝထဲဝင်လာသူတိုင်းက အကြောင်းမဲ့ဝင်လာတာမဟုတ်ဘဲ သင့်ကို ဘဝအဓိပ္ပာယ် တစ်ခုမဟုတ် တစ်ခု ပေးဖို့ သင်ပိုရင့်ကျက်နားလည်လာစေဖို့ ရောက်လာကြတာသာဖြစ်ပါတယ်။ ဘယ်သူမဆို ဒီလိုလူမျိုး ၇ မျိုးနဲ့ ဘဝမှာကြုံတွေ့ရမှာဖြစ်ပါတယ်။

 

အပြေးသမားလိုလူတွေ

ဒီလိုလူတွေဟာ သင့်ဘဝထဲ ခဏရောက်လာပြီး လျင်မြန်တဲ့ပြောင်းလဲမှုတွေကိုဖန်တီးပေးသွားမှာပါ။ ပြောင်းလဲမှုတွေကကောင်းတာလည်းဖြစ်နိုင်သလို ဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က သင့်ဘဝထဲမှာ ကြာကြာမနေပါဘူး။ သင်လည်း အဲဒီလိုလူတွေကို လက်လွှတ်တတ်အောင်စိတ်ကို ပြင်ဆင်ထားနိုင်ရပါမယ်။

 

သတိပေးသူတွေ

သူတို့တွေကတော့ သင့်ကို တစ်ခုခုတွေးမိသွားစေဖို့ ဘဝထဲကို ရောက်လာတတ်ကြတဲ့သူတွေပါ။ သူတို့လည်း အချိန်အတိုင်းအတာတစ်ခုအထိ သင်နဲ့အတူရှိပါလိမ့်မယ်။ သူတို့ထွက်မသွားခင် သင်မေ့နေတာတစ်ခုခု ဒါမှမဟုတ် သင့်ဘဝအတွက်သိဖို့လိုတာတစ်ခုခုကိုတွေးမိသွားစေအောင်လုပ်ပေးခဲ့မယ့်သူတွေ ဖြစ်ပါတယ်။

 

ဆရာလိုလူတွေ

သူတို့တွေကတော့ သင့်အတွက်အကျိုးရှိတဲ့လမ်းကြောင်းတစ်ခုခု ဖြစ်ပေါ်လာအောင် ဘဝသင်ခန်းစာတွေပြောပြဖို့ ရောက်လာကြသူတွေဖြစ်ပါတယ်။ သင်လိုချင်ချင် မလိုချင်ချင် သူတို့မှာ သင့်ကိုပေးဖို့ သင်ခန်းစာတစ်ခုခု ရှိပြီးသားပါ။ သင့်ဘဝကို ရှေ့ဆက်သွားနိုင်အောင်တွန်းပေးမယ့်သူတွေပါ။ အဲ့လိုလူတွေဟာ ကျွန်တော်တို့ ဘဝတွေအတွက်ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

 

သင်ယူသူတွေ

သူတို့တွေကတော့ သင့်ဆီကနေ တစ်ခုခုအသိပညာရသွားဖို့ ဘဝထဲရောက်လာကြသူတွေပါ။ ဒီလိုအချိန်တွေမှာ ကိုယ်က သူတို့ကို တကူးတက တစ်ခုခုမပြောပြ မသင်ပေးရင်တောင် သူတို့က ကိုယ့်အဖြစ်၊ ကိုယ့်လုပ်ရပ်တွေကိုကြည့်ပြီး သင်ခန်းစာယူကာ ပိုကောင်းတဲ့သူတွေဖြစ်အောင် ကြိုးစားနိုင်သွားကြသူတွေပါ။

 

စွမ်းအားပေးသူတွေ

ဒီလိုလူတွေကတော့ သင့်ဘဝထဲကို အချိန်ကိုက်ရောက်လာပြီး သင့်ကိုအအောင်မြင်ဆုံးဖြစ်အောင်တွန်းပို့ပေးနိုင်သူတွေပါ။ သူတို့ရှိလို့ သင်ဟာဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အင်အားတွေရလာမယ့်အပြင် သင်လုပ်နိုင်မယ်လို့ သူတို့က အဆုံးထိ ယုံကြည်ပြီး သင့်ကိုပံ့ပိုးပေးသူတွေ ဖြစ်ပါတယ်။

 

အသည်းခွဲသူများ

ဒီလိုလူတွေကတော့ သင့်ကိုကမ္ဘာကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးကိုရောက်သလို ခံစားချက်မျိုးပေးပြီးမှ အောက်ဆုံးအထိ ပစ်ချလိုက်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဘဝထဲကို အကြောင်းမဲ့ရောက်လာတာတော့မဟုတ်ပါဘူး။ သင့်စိတ်ထဲ အဲ့လိုလူနဲ့ မတွေ့ခဲ့ရမှာဆိုတဲ့ နောင်တမျိုး ဖြစ်လာတဲ့အထိ ခါးသီးတဲ့ခံစားချက်တွေကို ဖြစ်စေရင်တောင် သူတို့ဟာ သင့်ကို အမှားထဲကနေ သင်ယူစေပြီး ပိုရင့်ကျက်လာအောင် အဖိုးတန်ဆုံး သင်ခန်းစာပေးသူတွေဖြစ်ပါတယ်။

 

ထာဝရရိုးမြေကျလူများ

သူတို့တွေကတော့ သင့်ဘဝထဲမှာ အစတည်းကရှိပြီးသားသူတွေဖြစ်စေ၊ နောက်မှာ ရောက်လာသူတွေဖြစ်စေ၊ အဆုံးတိုင် သင့်ဘဝထဲမှာ နေသွားတဲ့သူတွေဖြစ်ပါတယ်။ သင်လိုအပ်ချိန်တိုင်း ဘေးမှာ ရှိပေးပြီး သင့်ဘဝကို နှစ်သိမ့်ပေးဖို့ ရှိနေကြသူတွေပါ။ သင့်ကို အရှိတိုင်းလက်ခံပေးပြီး ကောင်းချိန်ဆိုးချိန်မရွေး အတူရှိပေးကြသူတွေပါ။ ဘယ်လိုအကြောင်းတရားမျိုးကမှ သူတို့ကို သင့်ဘဝထဲက ထွက်မသွားစေပါဘူး။ ဒီလိုလူတွေကတော့ ရှိပေမယ့် အရေအတွက်တော့ အတော်ကို နည်းပါတယ်။

 

Ref: Awareness Act

Myanmar Wedding Guide

Read times Last modified on Monday, 25 March 2019 14:18
Rate this item
(1 Vote)