Zodiac Sign လို့ခေါ်တဲ့ ရာသီခွင်တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အတိုင်းအတာတစ်ခုထိ လွှမ်းမိုးထားတယ်လို့
တစ်ချို့တွေက ယုံကြည်ကြပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝဆိုရာမှာ ကျွန်တော်တို့ရဲ့ အချစ်ရေးလည်း အပါအဝင်ပေါ့။ ရာသီခွင်အရ အလိုက်ဖက်ဆုံးလို့ ဆိုတဲ့ ရာသီခွင်အတွဲတွေလည်း ရှိနေပါတယ်။ ဘယ်ရာသီခွင်တွေလဲ ကြည့်ကြရအောင်နော်။
Libra and Leo
Leo (သိဟ်) ရာသီဟာ မီးကို ကိုယ်စားပြုပါတယ်။ တက်ကြွရဲရင့်ပြီး ယုံကြည်မှုရှိတဲ့သူတွေပါ။ ဦးဆောင်သူတွေဖြစ်ဖို့ မွေးဖွားလာသူတွေပေါ့။ Libra (တူ) ရာသီဖွားတွေကတော့ ငြိမ်းချမ်းမှုကို မြတ်နိုးသူတွေပါ။ ပေါင်းသင်းဆက်ဆံရေးနဲ့ အများတကာနဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေကောင်းမွန်သူတွေဖြစ်ပြီး မျှတတဲ့ စိတ်ထားကို ပိုင်ဆိုင်တဲ့သူပါ။ ဒါကြောင့် Libra နဲ့ Leo ကို ပြီးပြည့်စုံတဲ့ စုံတွဲဖြစ်စေတာပေါ့။ Leo တွေက သူတို့ရဲ့အမြင်ကို ပြောဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်မနေခဲ့သူတွေဖြစ်သလို Libra တွေကတော့ Leo တွေလိုချင်တာကို ချက်ချင်းသိနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒီအချက်က နှစ်ဦးသားကြားက နားလည်မှု လယ်ဗယ် ပိုမြင့်လာစေသလို တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးနိုင်တဲ့ အများအားကျရတဲ့စုံတွဲလေးဖြစ်စေတာပေါ့။
Aquarius နဲ့ Aries
ဒီအတွဲကတော့ ဘယ်လိုခေါ်ရမလဲ။ ဒူပေဒါပေအတော်ခံတဲ့အတွဲလို့ ဆိုရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်ကြား ယုံကြည်မှုအားအလွန်ကောင်းပြီး သူများတကာ အားကျရတဲ့ အတွဲပေါ့။ မောင်တစ်ထမ်းမယ်တစ်ရွက်ဆောင်ရွက်တတ်ကြသလို Aquarius က စိတ်ကူးဥာဏ်ကွန့်မြူးတတ်သူဖြစ်ပြီး Aries က အတွေးတွေကို အကောင်အထည်ဖော်တတ်တဲ့သူဆိုတော့ ကဲ ဘာလိုဦးမှာလဲ။
Gemini and Libra
Gemini နဲ့ Libra ကတော့ တူညီစွာပဲ လေ ကို ကိုယ်စားပြုသူတွေပါ။ Libra ဟာ တည်ငြိမ်အေးချမ်းတဲ့ အချစ်ရေးကို ဖန်တီးနိုင်တဲ့သူ ဖြစ်သလို Gemini လည်း ထိုနည်းတူပါပဲ။ ဒါကြောင့် ဒီနှစ်ဦးတွဲမိပြီဆိုရင် လုံးဝအေးချမ်းသာယာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ရတာပေါ့။ တစ်ယောက်အားနည်းချက်ကို တစ်ယောက်နားလည်ပြီး တစ်ဦးနဲ့တစ်ဦးကြား ချစ်ခြင်းတွေနဲ့ ခိုင်မာတဲ့ နှောင်ကြိုးလေးတွေ ပိုင်ဆိုင်နိုင်မယ့်သူပါ။
Aries နဲ့ Cancer
ဒီအတွဲကတော့ ဆန့်ကျင်ဘက်တို့ အတွဲပါ။ Aries ရဲ့ မီးနဲ့ Cancer ရဲ့ ရေ သတ္တိရှိပြီး ရဲရင့်ထက်မြက်တဲ့ Aries နဲ့ ခံစားချက်ကို ဦးစားပေးတတ်ပြီး ဆတ်ဆတ်ထိမခံတဲ့ Cancer တစ်ယောက်က ရေရှည်ကို ကြည့်တတ်ပြီး တစ်ယောက်က ဆုံးဖြတ်ချက် လျင်မြန်တဲ့သူ၊ ဒါကြောင့် Aries တွေက Cancer တွေကို ယုံကြည်မှုတွေ ပေးနိုင်ပြီး Cancer တွေကတော့ မာန်မာနကြီးလွန်းတဲ့ Aries ရဲ့ အထီးကျန်ဆန်မှုတွေကို ချေဖျက်ပေးနိုင်တာကြောင့် ဆန့်ကျင်ဘက်တို့ပေမယ့် အချစ်တွေ ခိုင်မြဲလွန်းမယ့် အချစ်ရေးမျိုးပါ။
Aries နဲ့ Pisces
ချစ်ခြင်းနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ Aries နဲ့ Pisces ကို မီမယ့်သူရှိမှာမဟုတ်ပါဘူး။ Aries တွေက ယုံကြည်မှု တစ်ခုတည်းကို စွဲကိုင်ထားတတ်သူဖြစ်ပြီး အပြောင်းအလဲဖြစ်ခဲ့ရင်တောင် သူလက်ခံနိုင်ဖို့ အတော် ကြိုးစားရသူပါ။ Pisces တွေကတော့ လက်တွေ့အရမ်းကျတဲ့သူတွေပေါ့။ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့အချက်က ဘယ်အရာကိုမှ မစိုးရိမ်နေဘဲ လက်တွေ့ပစ္စုပ္ပန်မှာ ပျော်ရွှင်အောင် နေတတ်ကြသူတွေပါပဲ။ အဲ့ဒါကပဲ သူတို့ ချစ်ခြင်းတွေ တည်မြဲနိုင်ရတဲ့ အကြောင်းဖြစ်နိုင်ပါတယ်။
Credit : Angelic Demon