ခန့်ညားတဲ့သတို့သားလေး ဖြစ်စေအောင်ဘာတွေသိထားရမလဲ

ခန့်ညားတဲ့သတို့သားလေး ဖြစ်စေအောင်ဘာတွေသိထားရမလဲ google.com

သတို့သမီးလေးတို့ကတော့ မင်္ဂလာပွဲမှာအလှဆုံး ဖြစ်နေမှာကျိန်းသေပါတယ်။

 

ဒီတော့သတို့သားလောင်းတို့အနေနဲ့လည်း အလှဆုံးသတို့သမီးလေးနဲ့ ရှေ့သွားနောက်လိုက်ညီနေဖို့ အရေးကြီးလှတာကြောင့် သတို့သမီးလေးနဲ့ လိုက်ဖက်ညီနေအောင် သတို့သားတို့အတွက် ဘာတွေလိုအပ်သလဲ ဆိုတာပြောပြပေးချင်ပါတယ်။

 

မှန်ကန်တဲ့အရောင်အတွဲအစပ်

အရောင်အတွဲအစပ်တွေ ဆိုတာဖက်ရှင်ကျဖို့ အတွက် အရေးပါလှတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ခန့်ညားတဲ့သတို့သားတစ်ယောက် ဖြစ်ဖို့အတွက် အရောင်အတွဲအစပ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အသားအရောင်၊ ဆံပင်အရောင်တို့နဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကိုရွေးချယ်ဖို့လိုသလို၊ တွဲဖက်ဝတ်ဆင်တဲ့အဝတ်အစားတွေရဲ့ အရောင်အတွဲအစပ်တွေလည်းလိုက်ဖက်ညီနေရမှာပါ။

 

ဆံပင်ပုံစံ

သတို့သားတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်အတွက် ဆံပင်ပုံစံကလည်းအရေးပါလှတာကြောင့် ကိုယ်နဲ့လိုက်ဖက်ပြီး လတ်တလောမှာခေတ်စားနေတဲ့ဆံပင်ပုံစံမျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

 

တစ်ကိုယ်ရည်သန့်ရှင်းမှု

ယောက်ျားလေးတစ်ယောက်အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးပါလှပါတယ်။ သတို့သားတစ်ယောက်အနေနဲ့တော့ မင်္ဂလာနေ့မှာဖွေးသန့်နေဖို့လိုအပ်သလို ဆံပင်နဲ့ဦးရေမှာ ဗောက်ဖတ်တွေရှိမနေဖို့နဲ့ လက်သည်းတွေ သန့်ရှင်းနေဖို့အထူးသတိပြုရပါမယ်။ ချွေးထွက်များတဲ့သတို့သားတွေအနေနဲ့လည်း ချွေးနံ့ဆိုးတွေမထွက်ဖို့ သတိပြုကာကွယ်ရပါမယ်နော်။

 

ရင်ကပ်ပန်းကိုလည်းသတိပြုပါ

သတို့သားတစ်ယောက်အတွက်တော့ ရင်ကပ်ပန်းကမပါမဖြစ်တပ်ဆင်ရမယ့် အဆင်တန်ဆာဖြစ်ပါတယ်။ မိန်းကလေးတွေအတွက်ကတော့ ပန်းဆိုတာဘယ်လိုနေရာမှာပဲပန်ဆင်ပါစေ၊ တင့်တယ်နေမှာဖြစ်ပေမယ့် အမျိုးသား တစ်ယောက်ရဲ့အင်္ကျီမှာ ပန်းတပ်ဆင်မယ်ဆိုရင်တော့ သတိပြုရမှာတွေရှိပါတယ်။ အထူးသဖြင့်တော့ ယောက်ျားဆန်တဲ့အသွင်အပြင်နဲ့ဖက်ရှင်ကို မလျော့ပါးစေဖို့ပါပဲ။ ဒါကြောင့် ရင်ကပ်ပန်းကို ကိုယ်ရွေးချယ်ထားတဲ့ဖက်ရှင်နဲ့ လိုက်ဖက်ညီမှုရှိတာကိုပဲ ရွေးချယ်သင့်ပါတယ်။

 

ဖြည့်စွက်အဆင်တန်ဆာလေးတွေ

ယောကျာ်းလေးတစ်ယောက်အတွက်လိုအပ်တဲ့ အဆင်တန်ဆာတွေကအများကြီးတော့မရှိပါဘူး။ ကြယ်သီးတို့၊ နာရီတို့လောက်ပဲရှိတယ်ဆိုပေမယ့် အဲ့ဒီအဆင်တန်ဆာလေးတွေက ဖက်ရှင်နဲ့အသွင်အပြင်ကို ပိုပြီး ကြည့်ကောင်းသွားအောင်အထောက်အပံ့ပေးနိုင်တာမို့ ကိုယ့်အတွက်သင့်တော်တဲ့ Accessories ကို ရွေးချယ်ဆင်မြန်းနိုင်ပါစေ။

 

 

Myanmar Wedding Guide

Credit : Shwe Mon

 

Read times Last modified on Friday, 30 October 2020 11:37
Rate this item
(0 votes)