အဖိုးတန်ရွှေထည်တွေကို ငွေမကုန်ပဲ ကိုယ်တိုင် အရောင်တင် နိုင်သည့် နည်းလမ်းများ

အဖိုးတန်ရွှေထည်တွေကို ငွေမကုန်ပဲ ကိုယ်တိုင် အရောင်တင် နိုင်သည့် နည်းလမ်းများ

လက်ဝတ်ရတနာဆိုတာ မိန်းကလေးတိုင်းရဲ့ တန်ဖိုးထားရတဲ့ အရာဖြစ်ပါတယ်။


ရွှေထည်၊ ငွေထည်တွေဟာ တန်ဖိုးလည်း မြင့်သလို ဝတ်လိုက်တဲ့အခါမှာလည်း အရမ်းကို ကျက်သရေရှိပါတယ်။ ဖန်စီပစ္စည်း၊ ငွေထည်များတွင်သာမက ရွှေထည်လက်ဝတ်ရတနာများတွင်လည်း အရောင်မှိုင်းသွားတာ၊ မည်းသွားတာ၊ ညစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် Gold & Jewellery ပရိတ်သတ်ကြီးရဲ့ရွှေထည်၊ ငွေထည်ပစ္စည်းလေးတွေနဲ့ ကျောက်ထည်လေးတွေကို အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ပြောင်လက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

 

(၁) အမိုးနီးယား

အမိုးနီးယားဟာ ကြွေထည်ပစ္စည်းတွေကို သန့်စင်ပေးနိုင်ရုံသာမက စိန်တွေကိုလည်း တောက်ပအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အမိုးနီးယားကို ရေနွေး ၃ဆရောလိုက်ပါ။ အဲဒီ့အရည်ထဲကို စိန်ကိုနှစ်လိုက်ကာ ၁၅ မိနစ်ခန့်စောင့်လိုက်ပါ။

ပြီးရင်တော့ ခြောက်သွေ့ပြီးသန့်ရှင်းတဲ့ အဝတ်လေးနဲ့ သုတ်လိုက်ပါ။ တောက်ပသစ်လွင်နေတဲ့ စိန်လေးကို တွေ့ရှိရမှာဖြစ်ပါတယ်။

 

(၂) ရှာလကာရည်

ရှာလကာရည်ဟာ သန့်ရှင်းရေးမှာ အရမ်းကို အသုံးဝင်တဲ့အရည်တစ်မျိုးဖြစ်တယ်ဆိုတာ အားလုံးလည်း အသိပါပဲ။ အဖြူရောင် ရှာလကာရည်ဟာ ကျောက်မျက်ရတနာတွေနဲ့ ရွှေထည်ပစ္စည်းတွေကို သန့်စင်ဖို့ အတွက် အကောင်းဆုံးပါပဲ။

ရှာလကာရည်အနည်းငယ်ထဲကို ကျောက်မျက်နဲ့ ရွှေထည်တွေကို စိမ်ပေးလိုက်ရုံပါပဲ။ ၁၅ မိနစ်အကြာမှာ သွားပွတ်တံလေးနဲ့ တိုက်ပေးလိုက်ကာ ရေပြန်ဆေးပေးလိုက်ပါ။ ခြောက်အောင်သုတ်လို့ အပြီးမှာတော့ ပြောင်လက်နေတာကို တွေ့မြင်ရမှာပါ။

 

(၃) သွားတိုက်ဆေး

ဒီတစ်ခါတော့ အိမ်မှာတင် အလွယ်တစ်ကူရရှိနိုင်တဲ့ သွားတိုက်ဆေးနဲ့ အလွယ်တစ်ကူ အရောင်တင်တဲ့နည်းပဲဖြစ်ပါတယ်။ သွားတိုက်ဆေး တစ်လက်မခန့်ကို ရေနွေး လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ရောလိုက်ပါ။

ပြီးရင်တော့ သွားတိုက်ဆေးကို ရတနာပစ္စည်းတွေအပေါ် သုတ်လိမ်းကာ အဝတ်လေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ပြောင်လက်သွားတာကို တွေ့ရမှာပါ။

 

(၄) ခဲပတ် နဲ့ မုန့်ဖုတ်ဆိုဒါ

ခဲပတ်ဟာ ငွေထည်တွေကို သန့်စင်ရာမှာအကောင်းဆုံးပါပဲ။ ပန်းကန်လုံးထဲကို ခဲပတ်ခင်းလိုက်ပါ။ ပြီးရင်တော့ ရေနွေးဆူဆူ၊ မုန့်ဖုတ်ဆိုဒါတို့ိကို ရောပြီးငွေထည်ပစ္စည်းတွေကို စိမ်လိုက်ပါ။ ၅ မိနစ်အကြာမှာတော့ အဝတ်ခြောက်လေးနဲ့သုတ်လိုက်ပါ။

 

crd: Daily Sport

Gold & Jewellery Buying Guide (Sandi)

Read times Last modified on Tuesday, 15 June 2021 10:45
Rate this item
(0 votes)