အနည္းငယ္ျပန္လည္က်ဆငး္လာသည့္ ေရႊေစ်းႏႈန္း

အနည္းငယ္ျပန္လည္က်ဆငး္လာသည့္ ေရႊေစ်းႏႈန္း google

ဒီေန႔ဒီဇင္ဘာလ၁၃ရက္ေန႔အတြက္ကမၻာ့ေရႊေစ်းႏႈန္းနဲ႔ျပည္တြင္းေရႊေစ်းႏႈန္းအေျခအေနေတြကိုေဖာ္ျပေပးလုိက္ပါတယ္။

 

ကမၻာ့ေရႊေစ်းႏႈန္းရဲ႕ဒီေန႔အေျခအေနေတြကေတာ့အနည္းငယ္ျပန္လည္က်ဆင္းလာပါတယ္။

 

လက္ရွိေပါက္ေစ်းကေတာ့ တစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1468.28ေဒၚလာမွာေပါက္ေစ်းရွိပါတယ္။

 

မေန႔ကေစ်းႏႈန္းနဲ႔ႏိႈင္းယွဥ္ရင္ေတာ့ 1.52 ေဒၚလာက်ဆင္းသြားတာျဖစ္ပါတယ္။

 

ကမၻာ့ေရႊေစ်းႏႈန္းရဲ႕တစ္ပတ္တာကာလအေျခအေနေတြကိုျပန္ၾကည့္မယ္ဆိုရင္

 

မေန႔ကအျမင့္ဆံုးေစ်းႏႈန္းအျဖစ္1486.21 ကေနၿပီးေတာ့ 1465.76 အထိက်ဆင္းခဲ့ပါတယ္။

 

လက္ရွိအခ်ိန္မွာေတာ့ ကမၻာ့ေရႊေစ်းႏႈန္းကအက်ဖက္မွာျပန္လည္ေရာက္ရွိေနပါတယ္။

 

ဒီအေျခအေနကေတာ့အေမရိကန္နဲ႔တရုတ္တို႔ကၾကားျဖတ္ကုန္သြယ္ေရးသေဘာတူညီမႈရရွိၿပီလို႔ေျပာၾကားလိုက္ၿပီးေနာက္မွ

 

ဒီေရႊေစ်းႏႈန္းကျပန္လည္က်ဆင္းခဲ့တာျဖစ္ပါတယ္။

 

ဒီလိုသေဘာတူညီမႈရရွိခဲ့တဲ့အတြက္အေမရိကန္ရဲ႕သြင္းကုန္ခြန္ေကာက္ခံတာကိုေရွာင္လႊဲနိုင္လာၾကမွာျဖစ္တဲ့အတြက္ေၾကာင့္

 

ရင္းႏွီးျမဳပ္နွံသူေတြကပိုၿပီးေတာ့စြန့္စားရတဲ့လုပ္ငန္းေတြအေပၚမွာ ရင္းနွီးျမဳပ္ႏွံလာၾကတာျဖစ္တဲ့အတြက္ေရႊဖက္မွာရင္းႏွီးျမဳပ္ႏွံမႈေလ်ာ့က်သြားတာေၾကာင့္ျဖစ္ပါတယ္။

 

ျပည္တြင္းေရႊေစ်းႏႈန္းအေျခအေနကေတာ့ ဒီေန႔မွာ အေခါက္ေရႊတစ္က်ပ္သားကို 1187000 က်ပ္မွာေပါက္ေစ်းရွိပါတယ္။

 

မေန႔ကေစ်းႏႈန္းနဲ႔ႏိႈင္းယွဥ္ရင္ေတာ့ 1500 က်ပ္က်ဆင္းသြားခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ 0.13%က်ဆင္းသြားတာျဖစ္ပါတယ္။

 

<<<Unicode>>>

 

ဒီနေ့ဒီဇင်ဘာလ၁၃ရက်နေ့အတွက်ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းရွှေဈေးနှုန်းအခြေအနေတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းရဲ့ဒီနေ့အခြေအနေတွေကတော့အနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။

လက်ရှိပေါက်ဈေးကတော့ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1468.28ဒေါ်လာမှာပေါက်ဈေးရှိပါတယ်။

မနေ့ကဈေးနှုန်းနဲ့နှိုင်းယှဉ်ရင်တော့ 1.52 ဒေါ်လာကျဆင်းသွားတာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းရဲ့တစ်ပတ်တာကာလအခြေအနေတွေကိုပြန်ကြည့်မယ်ဆိုရင်

မနေ့ကအမြင့်ဆုံးဈေးနှုန်းအဖြစ်1486.21 ကနေပြီးတော့ 1465.76 အထိကျဆင်းခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းကအကျဖက်မှာပြန်လည်ရောက်ရှိနေပါတယ်။

ဒီအခြေအနေကတော့အမေရိကန်နဲ့တရုတ်တို့ကကြားဖြတ်ကုန်သွယ်ရေးသဘောတူညီမှုရရှိပြီလို့ပြောကြားလိုက်ပြီးနောက်မှာ

ဒီရွှေဈေးနှုန်းကပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဒီလိုသဘောတူညီမှုရရှိခဲ့တဲ့အတွက်အမေရိကန်ရဲ့သွင်းကုန်ခွန်ကောက်ခံတာကိုရှောင်လွှဲနိုင်လာကြမှာဖြစ်တဲ့အတွက်ကြောင့်

ရင်းနှီးမြုပ်နှံသူတွေကပိုပြီးတော့စွန့်စားရတဲ့လုပ်ငန်းတွေအပေါ်မှာ ရင်းနှီးမြုပ်နှံလာကြတာဖြစ်တဲ့အတွက်ရွှေဖက်မှာရင်းနှီးမြုပ်နှံမှုလျော့ကျသွားတာကြောင့်ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းအခြေအနေကတော့ ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို 1187000 ကျပ်မှာပေါက်ဈေးရှိပါတယ်။

မနေ့ကဈေးနှုန်းနဲ့နှိုင်းယှဉ်ရင်တော့ 1500 ကျပ်ကျဆင်းသွားခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် 0.13%ကျဆင်းသွားတာဖြစ်ပါတယ်။

 

Read times
Rate this item
(0 votes)
Tagged under