ထိုင်ဝမ်နှင့် တောင်ကိုရီးယား ဘဏ်ခွဲ သုံးခုအား ထပ်မံဖွင့်လှစ်ခွင့်ပြု

ထိုင်ဝမ်နှင့် တောင်ကိုရီးယား ဘဏ်ခွဲ သုံးခုအား ထပ်မံဖွင့်လှစ်ခွင့်ပြု Google

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး

 

ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေးလုပ်ငန်းစဉ်အရ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုကို ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။


ဆက်လက်၍ တတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေးအစီအစဉ်အရ-

တရုတ်နိုင်ငံ(ထိုင်ဝမ်)မှ Mega International Commercial Bank Co., Ltd. အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် လည်းကောင်း၊

ကိုရီးယားသမ္မတနိုင်ငံမှ The Korea Development Bank နှင့်

တရုတ်နိုင်ငံ (ထိုင်ဝမ်)မှ Cathay United Bank Co., Ltd. တို့အား ဇန်နဝါရီ ၆ ရက်တွင် လည်းကောင်း နိုင်ငံခြားဘဏ် ဘဏ်ခွဲလိုင်စင်များကို ထုတ်ပေးခဲ့သည်။

 

Mega International Commercial Bank Toul Kork Sub-Branch VacanciesKDB mulls acquiring Doosan Capital - Pulse by Maeil Business News KoreaCathay United Bank-EN - Geber

 

နိုင်ငံခြားဘဏ် ဘဏ်ခွဲများအနေဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း၏ လက်ကား ဘဏ်လုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ (Corporates) သို့ မည်သည့်ချေးငွေပံ့ပိုးမှု (Any Financing) ကိုမဆို ဖြည့်ဆည်းပေး နိုင်မည့်အပြင် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ(Other Banking Services)ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။


ယခုအခါ ပြည်တွင်းတွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၆ ခု ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ရာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် လည်း ချေးငွေအရင်းအမြစ်များကို ရရှိလာမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းများကိုလည်း ငွေကြေးအရင်းအမြစ်များ ပံ့ပိုးပေးနိုင်မည် ဖြစ်သောကြောင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Gold & Jewellery Buying Guide (By Sandi)

Read times Last modified on Saturday, 09 January 2021 17:16
Rate this item
(0 votes)