မင်္ဂလာပွဲအတွက် အလှပဆုံးဖြစ်မယ့် သတို့သမီးဝတ်စုံကို ရွေးချယ်ကြမယ်

မင်္ဂလာပွဲအတွက် အလှပဆုံးဖြစ်မယ့် သတို့သမီးဝတ်စုံကို ရွေးချယ်ကြမယ် google.com

မင်္ဂလာဧည့်ခံပွဲတစ်ခုမှာ မင်္ဂလာဧည့်ပရိတ်သတ်ရဲ့အာရုံစိုက်ခံရမှုအများဆုံးထဲမှာ သတို့သမီး မင်္ဂလာဝတ်စုံက တစ်ခုအပါအ၀င်ပါပဲ။

 

ဒါ့ကြောင့် လှပသေသပ်တဲ့ သတို့သမီးဝတ်စုံကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲဆိုတဲ့ အကြံပြုချက်တစ်ချို့ကို တင်ပြလိုက်ပါတယ်။

 

မင်္ဂလာခန်းမကုန်ကျစရိတ်ပြီးရင် သတို့သမီးဝတ်စုံဟာ မင်္ဂလာဧည့်ခံပွဲတစ်ခုရဲ့ အကုန်ကျဆုံး အဆင်အယင်ဆိုရင် မှားမယ်မထင်ပါဘူး။

 Wedding Dress

အကုန်အကျများသလောက်လည်းစိတ်ကျေနပ်မှုအပြည့်အ၀ ရရှိဖို့ လိုပါတယ်။ ဒါမှသာ သတို့သမီးဟာ ကိုယ်နဲ့လိုက်ဖက်ပြီး စိတ်တိုင်းကျတဲ့ ၀တ်စုံနဲ့အတူ မင်္ဂလာပွဲမှာပေါ်လွင်နေမှာဖြစ်ပါတယ်။

 

ယခုခေတ်မှာတော့ မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံနဲ့ မင်္ဂလာဆောင်တဲ့ သတို့သမီးတွေရှိသလို အနောက်တိုင်းဝတ်စုံဝတ်ဆင်ပြီး မင်္ဂလာဧည့်ခံပွဲပြုလုပ်တဲ့ သတို့သမီးတွေလည်း ရှိနေပါတယ်။ သို့ပေမယ့် မြန်မာ့ရိုးရာ ထိုင်မသိမ်း ၀တ်စုံကိုသာ မင်္ဂလာဆောင်အများစုမှာ ၀တ်ဆင်လေ့ရှိပြီး သတို့သမီးဝတ်စုံကို ရွေးချယ်ဝတ်ဆင်ရာမှာ နည်းလမ်းနှစ်မျိုးရှိပါတယ်။

 

ပထမတစ်မျိုးက ဖက်ရှင်ဒီဇိုင်နာများဆီမှာ ရှိပြီးသား သတို့သမီးဝတ်စုံများထဲက ကိုယ်နှစ်သက်တဲ့ ၀တ်စုံကို ငှားရမ်းဝတ်ဆင်ခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ ဒီဇိုင်နာများက ကိုယ်ရဲ့ခန္ဓာကိုယ်ကို တိုင်းတာပြီး ကိုယ်တစ်ဦးတည်းအတွက်သီးသန့် သတို့သမီးဝတ်စုံကို ချုပ်လုပ်ပေးခြင်းဖြစ်ပါတယ်။

 

ကုန်ကျစရိတ်အနေနဲ့ ကတော့ ၀တ်စုံငှားရမ်းဝတ်ဆင်ခြင်းက အကုန်အကျနည်းမှာဖြစ်ပြီး ၀တ်စုံချုပ်လုပ်ဝတ်ဆင်ခြင်းကတော့ အတော်အတန်ကုန်ကျမှာဖြစ်ပါတယ်။

 

သို့ ပေမယ့် ငွေကြေးတတ်နိုင်ပြီး ကိုယ်ပိုင်ဒီဇိုင်းနဲ့ စိတ်ကျေနပ်မှုအပြည့်ရချင်တဲ့ သတို့သမီးတို့ အတွက်ကတော့ ဒီဇိုင်နာကိုအပ်ပြီး ကိုယ်ပိုင်ဒီဇိုင်း ချုပ်လုပ်ဝတ်ဆင်သင့်ပါတယ်။

 

ဒီဇိုင်နာတစ်ဦးဆီမှာ ကိုယ်ပိုင်ဒီဇိုင်းအပ်ပြီး ချုပ်လုပ်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အဆိုပါဝတ်စုံဒီဇိုင်းဟာ မြန်မာနိုင်ငံအတွင်းမှာ အခြားပုံစံတူမရှိတော့တဲ့ သင့်ကိုယ်ပိုင်ဝတ်စုံ ဒီဇိုင်းဖြစ်သွားပါပြီ။

 

ယခုဆိုရင် မြန်မာနိုင်ငံမှာလည်း ဒီဇိုင်နာအများအပြားရှိနေပြီ ဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့ ၀တ်စုံဒီဇိုင်းကို စိတ်ကြိုက်ရွေးချယ် ၀တ်ဆင်နိုင်ဖို့ အတွက် မခဲယဉ်းတော့ပါဘူး။

 

သတို့သမီး မင်္ဂလာဝတ်စုံငှားရမ်းခကတော့ အနည်းဆုံး ၂ သိန်းကျပ်ခန့်ကနေ စတင်ရွေးချယ်နိုင်ပြီး ကိုယ်လိုချင်တဲ့ပုံစံဒီဇိုင်းအလိုက် ဈေးအမျိုးမျိုးရှိပါတယ်။ ဒီဇိုင်နာကိုသတို့ သမီးဝတ်စုံ ကိုယ်ပိုင်ဒီဇိုင်းအပ်ပြီး အပိုင်ဝယ်ယူမယ်ဆိုရင်တော့ အနည်းဆုံး ၄ သိန်းကျပ်ခန့် ကနေ စတင်ကုန်ကျမှာဖြစ်ပြီး မင်္ဂလာဝတ်စုံတွင် စိန်၊ ရွှေ၊ ငွေ အစရှိသော ကျောက်မျက်ရတနာများစီခြယ်မည်ဆိုပါက ပိုမိုကုန်ကျမှာဖြစ်ပါတယ်။

 

ကိုယ်လိုချင်တဲ့ သတို့သမီးဝတ်စုံကို ငှားသည်ဖြစ်စေ၊ ကိုယ်ပိုင်ဒီဇိုင်းချုပ်ပြီး ၀ယ်သည်ဖြစ်စေ ကိုယ်သုံးချင်တဲ့ ထိုင်မသိမ်းအမျိုးအစား၊ ကျောက်မျက်ရတနာအမျိုးအစား၊ ပုဝါအမျိုးအစား နှင့် အခြားတွဲဖက်ပစ္စည်းများအပေါ်မူတည်ပြီး တန်ဖိုးများ ကွဲပြားသွားမှာဖြစ်ပါတယ်။

 

သတို့သမီးဝတ်စုံကို ချုပ်ဝတ်မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ကိုယ်ချုပ်မယ့် ဒီဇိုင်နာနဲ့ ကိုယ်လိုချင်တဲ့ ပုံစံဒီဇိုင်းကိုအသေးစိတ်ဆွေနွေးတိုင်ပင်ပြီး မင်္ဂလာဧည့်ခံပွဲမတိုင်ခင် အနည်းဆုံး ၃ လခန့် ကြိုတင်အပ်ထားသင့်ပါတယ်။

 

သို့မှသာ ၀တ်စုံရလာတဲ့အခါ အဆင်မပြေတာရှိခဲ့လျှင် ပြန်လည်ပြင်ဆင်ဖို့ အချိန်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ဒီဇိုင်နာအချို့ကိုဆက်သွယ်လို့ ရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်များကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

ဒီဇိုင်နာ ပြည်စိုးအောင်
အမှတ် (၂၃၈)၊ ၃၅ လမ်းအပေါ်ဘလောက်၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၀၁-၃၈၃၇၈၉ ၊ ၀၁-၃၈၈၅၈၉

 

ဒီဇိုင်နာမပုံ့ 
အမှတ် (၅၄၇)၊ ဓမ္မာရုံလမ်း၊ ၆မိုင်ခွဲ၊ လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၀၉-၅၀၂၃၃၂၃ ၊ ၀၁-၅၂၅၃၄၂

 

ဒီဇိုင်နာမျိုးမင်းစိုး
အမှတ် (၃၀)၊ လမ်း ၄၀-၈၀၊၈၁ ကြား၊ မန္တလေးမြို့ ။
ဖုန်း - ၀၉-၉၁၀၀၂၃၄၁ ၊ ၀၉-၉၁၀၄၈၃၄၁

 

Sweet & Smart Fashion Collection (ဒီဇိုင်နာမင်းသက်စံ)
အမှတ် (၂၅၆)၊ ၁၂ လမ်း၊ ၃ ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၀၉-၅၀၄၀၉၀၂ ၊ ၀၉-၄၂၀၀၆၅၆၀၅ ၊ ၀၁-၅၇၈၁၆၂



Read times Last modified on Wednesday, 19 September 2018 14:39
Rate this item
(1 Vote)