ရေမလာတဲ့ကောင်လေးတွေကို မြောင်းပေးကြမယ်

ရေမလာတဲ့ကောင်လေးတွေကို မြောင်းပေးကြမယ် google.com

အခုခေတ်မှာ ခပ်ချောချော ခပ်လန်းလန်းကောင်မလေးတွေရဲ့အချစ်ကိုရဖို့ ကောင်လေးတွေက နည်းမျိုးစုံနဲ့ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့်

အချို့ကောင်လေးတွေကတော့ ကိုယ်ကြိတ် Crush နေတဲ့ကောင်မလေးရှိပေမယ့် အရှက်အကြောက်ကြီးလွန်းတဲ့ အတွက်ဖွင့်မပြောရဲကြတာမျိုးတွေရှိပါတယ်။ ဒီလိုကောင်လေးမျိုးတွေနဲ့တွေ့တဲ့အခါကျရင် ကိုယ်ကလည်းသူ့ကိုစိတ်ဝင်စားတယ်ဆိုရင် သူ့ဘက်ကရေလာအောင် ကိုယ်ကမြောင်းပေးရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

 

(၁) ခင်မင်စရာကောင်းအောင်နေပါ

ပထမဆုံးလုပ်ရမှာကတော့ သင်ကြိုက်နေတဲ့ကောင်လေး၊ သင့်ကိုကြိုက်နေတဲ့ကောင်လေး စတဲ့လူတွေရှေ့ရောက်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ချဉ်းကပ်ရလွယ်တဲ့လူတစ်ယောက်အဖြစ်နေပါ။ ဒါမှသူတို့ရဲ့စိတ်ထဲမှာ သင်ကခင်မင်စရာကောင်းတယ်လို့မြင်မှာဖြစ်ပြီး တကယ်လို့သင်ကခပ်တည်တည်ကြီးနဲ့ ဘာကိုမှအလိုမကျတဲ့မျက်နှာမျိုးနဲ့နေမယ်ဆိုရင်တော့ သူတို့ကသင့်ကိုချဉ်းကပ်ရဲကြမှာမဟုတ်ပါဘူး။

 

shy

 

(၂) သင့်ကိုသတိထားမိစေမယ့်အမူအရာမျိုးတွေကို အလွန်အကြူးမလုပ်ပါနဲ့

သင့်ကိုသတိထားမိအောင်နေတာကတော့ကောင်းပေမယ့် စပ်စလူးထတာမျိုးတွေ၊ အာပေါင်အာရင်းနဲ့ အော်ဟစ်ပြီးစကားပြောဆိုတာတွေ၊ တဖတ်ဖတ်နဲ့ယောင်္ကျားလေးတွေကိုရိုက်တတ်တာတွေ၊ အရမ်းကိုစွာတေးလန်တဲ့ပုံစံလုပ်ပြတာတွေ စတဲ့အမူအရာမျိုးတွေကို အလွန်အကြူးမလုပ်မိပါစေနဲ့။ သူတို့ရဲ့စိတ်ထဲမှာ သင့်ကိုအထင်သေးသွားစေနိုင်ပါတယ်။

 

Read More: သင့်ချစ်သူဟာသင့်ဘ၀တစ်လျှောက်အတွက်အဖော်မွန်ကောင်းလားဆိုတာသိနိုင်မယ့်အချက်များ

 

(၃) အစွဲတွေကိုဖျောက်ပါ

မိန်းကလေးတွေရဲ့စိတ်ထဲမှာစွဲနေတာက ယောင်္ကျားလေးဘက်ကပဲ အမြဲတမ်းစရမယ်၊ ကိုယ့်ဘက်ကစပြီး ရင်းနှီးအောင်လုပ်စရာမလိုဘူးဆိုတာမျိုးပါ။ တကယ်တော့ ကိုယ့်ဘက်ကလည်းစသင့်ရင်စရပါမယ်။ အချို့ယောင်္ကျားလေးတွေက သင့်ကိုတစ်ဖက်သက်ကြိုက်နှစ်သက်နေပေမယ့် သူတို့ဘက်ကစပြီး စကားပြောရမှာ ရှက်ကြောက်တတ်ကြပါတယ်။ ဒါ့ကြောင့်ကိုယ့်ဘက်က အိနြေ္ဒမပျက်ရွင်းရင် ရပါပြီ။ မြောင်းသာဖောက်ပေးထားလိုက်ပါ အချိန်တန်ရင်ရေစီးလာပါလိမ့်မယ်။

 

(၄) သူများကိုအားမကိုးပါနဲ

ကိုယ်ချစ်တဲ့သူကို ကိုယ်နဲ့နီးစပ်စေချင်တယ်ဆိုရင် တကယ်အားကိုးရမှာ ကိုယ့်ကိုကိုယ်ပါပဲ။ ကြားလူခံပြီး စကားအသွားအလာလုပ်တာမျိုးတွေက ကိုယ်ဖြစ်စေချင်သလောက်တော့ဖြစ်လာမှာမဟုတ်ပါဘူး။ နောက်တစ်ခုက ကိုယ့်ဘက်ကစရမှာရှက်နေတာနဲ့ပဲ ကိုယ်ချစ်တဲ့သူကိုလက်လွှတ်လိုက်ရမှာလားဆိုတာ စဉ်းစားဆင်ခြင်ပါ။ ဒါ့ကြောင့် ကိုယ်ချစ်တဲ့ကောင်လေးကို ကိုယ့်အနားချဉ်းကပ်ရလွယ်ကူစေဖို့အတွက် ရင်းနှီးစွာနေထိုင်ရင်း ကြာရှည်ခိုင်မြဲတဲ့အချစ်ရေး ကိုဖန်တီးနိုင်ပါစေလို့။

 

Source – Aunty May

Read times Last modified on Wednesday, 19 September 2018 11:01
Rate this item
(3 votes)