စိတ်ကောက်နေတဲ့ ကောင်မလေးကိုချော့မယ်

စိတ်ကောက်နေတဲ့ ကောင်မလေးကိုချော့မယ် google.com

စိတ်ကောက်တယ်ဆိုတာ မိန်းကလေးတွေတစ်ချိန်လုံးလုပ်နေကြအပြုအမူတစ်ခုပါ။ ဘာကိုပဲအလိုမကျမကျ

စိတ်ကောက်လိုက်ရမှ နေသာထိုင်သာရှိသွားသလိုပါပဲ။ ဒါ့ကြောင့် ဒီလိုအမြဲတမ်းစိတ်ကောက်တတ်တဲ့ကောင်မလေးမျိုးကို ချစ်သူတော်ထားတဲ့ကောင်လေးတွေအတွက် ချော့နည်းလေးတွေကို ပြောပြပေးပါမယ်။

 

သီချင်းတွေဟာ စိတ်ခံစားချက်ကို ရုတ်ချည်းပြောင်းလဲသွားစေနိုင်ပါတယ်။ ပျော်စရာကောင်းတဲ့ သီချင်းနားထောင်ရင် ၀မ်းသာရသလို ၀မ်းနည်းစရာကောင်းတဲ့သီချင်းနားထောင်ရင်လည်း စိတ်မခိုင်တဲ့သူဆို ငိုရပါတယ်။ သင့်ကောင်မလေး စိတ်ကောက်နေတယ်ဆိုရင်တော့ သူကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ပုဒ် (သို့မဟုတ်) သင်တို့နှစ်ယောက်ကြားမှာအမှတ်တရရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုပြလိုက်ပါ။ ဒါကလည်း စိတ်ကောက်နေတဲ့ ချစ်သူကောင်မလေးကိုအကောင်းဆုံးချော့လို့ရမယ့် ချော့နည်းတစ်ခုပါပဲ။

 

Read More: မိန်းကလေးတွေစိတ်ကောက်ရခြင်းအကြောင်းရင်း
                 Losing Someone You Loved 2 600x400
              

သူစိတ်ကောက်နေတဲ့အချိန်မှာသေချာတာကသင့်ကိုစကားပြန်ပြောမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူစိတ်ဝင်စားလောက်တဲ့အကြောင်းအရာ တစ်ခုလောက်ကိုအမြန်စဉ်းစားပြီးပြောပြလိုက်ပါ။ ဥပမာ သူကြိုက်နှစ်သက်တဲ့ ရုပ်ရှင်၊ မင်းသား၊ မင်းသမီးအကြောင်းဖြစ်ဖြစ်၊ သူစိတ်ဝင်စားတဲ့ အလှအပပစ္စည်းတွေအကြောင်းဖြစ်ဖြစ်ပြောပြပြီး အာရုံလွှဲလိုက်ပါ။ ဒီနည်းနဲ့သူကသင့်ကို စကားပြန်ပြောလာနိုင်ပါတယ်။

 

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အစားအစာကိုတော့ ကြိုက်နှစ်သက်ကြပါတယ်။ သူစိတ်ကောက်နေတဲ့အချိန်မှာ ချစ်သူလေးဘာစားချင်လဲ၊ မောင်ဘာဝယ်ကျွေးရမလဲ ဘာညာပြောပြီးချော့ကြည့်ပါ။ ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ သူကြိုက်တဲ့အစားအစာတစ်ခုခုကိုသူမသိအောင်ဝယ်ပြီး Surprise လုပ်လိုက်ပါ။ သူမရဲ့ကောက်နေတဲ့စိတ်တွေ ပြန်ဖြောင့်သွားပါလိမ့်မယ်။ :D

 

Source – Marry

Read times Last modified on Wednesday, 19 September 2018 11:00
Rate this item
(2 votes)
Tagged under