ချစ်သူအပေါ်တန်ဖိုးထားတဲ့ချစ်ခြင်းမျိုးဖြစ်ပါစေ

ချစ်သူအပေါ်တန်ဖိုးထားတဲ့ချစ်ခြင်းမျိုးဖြစ်ပါစေ google.com

ချစ်သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ချစ်သူစုံတွဲအများစုမှာ သတိမထားမိတဲ့အချက်က တစ်ဦးအပေါ်မှာတစ်ဦးပြုလုပ်ပေးတဲ့ အရာလေးတွေကို

တန်ဖိုးထားပေးဖို့ပါ။ ကိုယ့်ချစ်သူက ကိုယ့်ကိုပြုလုပ်ပေးတဲ့ အသေးအမွှားကိစ္စလေးတွေက အစတန်ဖိုးထားတတ်မယ်ဆိုရင် ပိုပြီးပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးကိုရရှိနိုင်မှာပါ။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့
ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့ဝန်မလေးပါနဲ့။
1024 couple making heart shape with hands 600x400

 

ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာစိတ်ကောင်းစေတနာထားပြီး ပြုလုပ်ပေးတဲ့အရာတိုင်းအပေါ်မှာ အကောင်းမြင်တတ်ပေးပါ။ တန်ဖိုးထားပေးပါ။ ဒီလိုတွေလုပ်ပေးတဲ့အတွက် သင့်အချစ်တွေကလည်းသူ့အပေါ်မှာဘယ်တော့မှလျော့သွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်း မြင်သာအောင်ပြုလုပ်ပေးပါ။ ကျေးဇူးတင်စကားပြောပေးပါ။ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးကြားမှာ ကျေးဇူးတင်စကားပြောဖို့မလိုအပ်ဘူးလို့ အချို့ကတွေးထင်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်သူလုပ်ပေးတဲ့အရာတိုင်းကို ကိုယ့်ဘက်ကအသိအမှတ်ပြုတယ်ဆိုတဲ့အနေနဲ့သူ့ကို ကျေးဇူးတင်စကားပြောပေးပါ။

 

သူမလုပ်ပေးနိုင်တဲ့အရာများအပေါ်မှာလည်း သူ့ဘက်ကအခက်အခဲကိုနားလည်ပေးပါ။ “လူမစွမ်းနတ်မ” ဆိုသလိုပဲ ပုထုဇဉ်လူသားဖြစ်နေတဲ့အတွက် အရာအားလုံးကိုတော့တတ်စွမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့်သူ့ဘက်ကဘယ်လိုမှ မတတ်နိုင်လို့မလုပ်ပေးနိုင်တဲ့ ကိစ္စတွေကို ကိုယ့်အပေါ်မှာတန်ဖိုးမထားဘူးလို့တွေးထင်ပြီး စိတ်မဆိုးလိုက်ပါနဲ့။ ဒီအစား သူကတော့ငါ့ကို ဘယ်တုန်းကဘယ်လောက်တောင် ကူညီခဲ့တာ၊ ဖြည့်ဆည်းပေးခဲ့တာ ဆိုတာတွေကိုတွေးပြီး အကောင်းမြင်တတ်ပါ။ ချစ်သူအပေါ်အကောင်းမြင်ခြင်းနဲ့အတူ တန်ဖိုးရှိတဲ့ချစ်ခြင်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။

 

Source – Marry

Read times Last modified on Wednesday, 19 September 2018 11:00
Rate this item
(1 Vote)